Local News

ေ႐ႊျပည္သာ ၂၆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံ

ေ႐ႊျပည္သာ ၂၆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ေတာင္ဒဂုံရွိ စစ္တပ္ ေထာက္တိုင္ အေဖ်ာ္ယမကာ စတိုးဆိုင္တို႔ ေဖာက္ခြဲ တိုက္ခိုက္ခံရ

ရန္ကုန္၊ ေအာက္တိုဘာ ၅

ရန္ကုန္ ေ႐ႊျပည္သာၿမိဳ႕နယ္ ၂၆ ရပ္ကြက္ ေက်ာင္းကုန္း အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ယေန႔ ေအာက္တိုဘာလ ၅ ရက္ေန႔တြင္ ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕မ်ားက ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ေက်ာင္းကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ယေန႔ ေအာက္တိုဘာလ ၅ ရက္ေန႔ ညေန ၃ နာရီခန္႔တြင္ Yangon UG Association (YUA)၏ အဖြဲ႕ဝင္ ျဖစ္ေသာ Generation Z Defence Force (GZDF) ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕မွ အေဝးထိန္းဗုံး ၂ လုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီ ေဒါက္တိုင္ ႐ုံးစာေရး တစ္ဦးႏွင့္ ဧည့္စာရင္းလာတိုင္သူ တခ်ိဳ႕ ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္ ေတာင္ဒဂုံၿမိဳ႕နယ္ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ၉၂ ရပ္ကြက္ ကံေကာ္လမ္းေပၚရွိ စစ္တပ္ ေထာက္တိုင္ ေ႐ႊျမင့္မိုရ္ အေဖ်ာ္ယမကာ စတိုးကို ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕မ်ားက သတိေပးေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယင္းအေဖ်ာ္ယမကာ စတိုးသည္ ၉၂ ရပ္ကြက္ ရာအိမ္မႉး ေအာင္ေက်ာ္ေစာ ပိုင္ဆိုင္ၿပီး ေလာင္စာဆီ ေမွာင္ခိုလုပ္ငန္းျဖင့္ စစ္တပ္ ေထာက္တိုင္အျဖစ္ ရပ္တည္ေနေသာေၾကာင့္

ဒဂုံေတာင္ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ (SDGF)ႏွင့္ ဒို႔႐ိုးရာညီေနာင္မ်ား ေျပာက္က်ား တပ္ဖြဲ႕တို႔က ေအာက္တိုဘာလ ၅ ရက္ေန႔ ည ၇ နာရီ ၅၂ မိနစ္တြင္ သတိေပး ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေဖာက္ခြဲ တိုက္ခိုက္မႈေၾကာင့္ အခင္းျဖစ္ပြားရာေနရာရွိ ရာအိမ္မႉး ေအာင္ေက်ာ္ေစာ ပိုင္ဆိုင္သည့္ ေမာ္ေတာ္ယာဥ္ ၁ စီး ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ရွှေပြည်သာ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တောင်ဒဂုံရှိ စစ်တပ် ထောက်တိုင် အဖျော်ယမကာ စတိုးဆိုင်တို့ ဖောက်ခွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန် ရွှေပြည်သာမြို့နယ် ၂၆ ရပ်ကွက် ကျောင်းကုန်း အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် Yangon UG Association (YUA)၏ အဖွဲ့ဝင် ဖြစ်သော Generation Z Defence Force (GZDF) မြို့ပြပြောက်ကျား တပ်ဖွဲ့မှ အဝေးထိန်းဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဒေါက်တိုင် ရုံးစာရေး တစ်ဦးနှင့် ဧည့်စာရင်းလာတိုင်သူ တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် ယုဇနဥယျာဉ်မြို့တော် ၉၂ ရပ်ကွက် ကံကော်လမ်းပေါ်ရှိ စစ်တပ် ထောက်တိုင် ရွှေမြင့်မိုရ် အဖျော်ယမကာ စတိုးကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအဖျော်ယမကာ စတိုးသည် ၉၂ ရပ်ကွက် ရာအိမ်မှူး အောင်ကျော်စော ပိုင်ဆိုင်ပြီး လောင်စာဆီ မှောင်ခိုလုပ်ငန်းဖြင့် စစ်တပ် ထောက်တိုင်အဖြစ် ရပ်တည်နေသောကြောင့်

ဒဂုံတောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ (SDGF)နှင့် ဒို့ရိုးရာညီနောင်များ ပြောက်ကျား တပ်ဖွဲ့တို့က အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီ ၅၂ မိနစ်တွင် သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာရှိ ရာအိမ်မှူး အောင်ကျော်စော ပိုင်ဆိုင်သည့် မော်တော်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။