Local News

စစ္ေကာင္စီ X- ray ဂိတ္မွာ ကားရာနဲ႔ခ်ီပိတ္ေနၿပီး ေက်ာ္တက္သူေတြ ဒဏ္ေငြ ငါးေသာင္း ေပးေဆာင္ရ

စစ္ေကာင္စီ X- ray ဂိတ္မွာ ကားရာနဲ႔ခ်ီပိတ္ေနၿပီး ေက်ာ္တက္သူေတြ ဒဏ္ေငြ ငါးေသာင္း ေပးေဆာင္ရ

ေဝါ၊ ‌ေအာက္တိုဘာ ၈၊ ၂၀၂၂

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ စစ္ေကာင္စီရဲ႕ X-ray စက္ျဖင့္ စစ္ေဆးေရးဂိတ္မွာ ေအာက္တို ဘာ ၈ ရက္ ဒီေန႔မနက္ပိုင္းကတည္းက ကားေတြပိတ္ေနၿပီး ကားေက်ာ္တက္သူေတြကို လိုင္စင္လည္းသိမ္းတဲ့အျပင္ဒဏ္ေငြ ၅၀၀၀၀ ေတာင္းယူမႈေတြ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ကားအစီးရာနဲ႔ခ်ီပိတ္ေနလို႔ တန္းစီေစာင့္ဆိုင္းရတာကို စိတ္မရွည္တဲ့ ကားသမားေတြက ယာဥ္ေတြကို ေက်ာ္တက္ေမာင္းႏွင္မႈေတြျဖစ္ေနၿပီး ေက်ာ္တက္လာသူေတြကို စစ္တပ္၊ ရဲ၊ ယာဥ္ထိန္းေတြက လိုင္စင္ေတာင္းယူၿပီး ဒဏ္ေငြ က်ပ္ ၅၀၀၀၀ ေတာင္းယူေနတယ္လို႔ ခရီးသြားယာဥ္ေမာင္းတစ္ဦးကေျပာပါတယ္။

“မနက္ကတည္းက ကားေတြပိတ္ေနတာ။ ယာဥ္ေၾကာက ႏွစ္ထပ္ျဖစ္ေနၿပီ။ ဒါကို ေစာင့္ရတာ စိတ္မရွည္တဲ့ကားသမားေတြက ေရွ႕က ေစာင့္ေနတဲ့ ကားေတြကို ေက်ာ္တက္တာ ယာဥ္တန္းက သုံးထပ္ျဖစ္သြားတယ္။ သူတို႔ဘ​က္က ႏွစ္ထပ္ထိ လက္ခံတယ္။ ယာဥ္ ၃ ထပ္ရပ္တဲ့ကားေတြကို စကစေတြနဲ႔ လက္ေအာက္ခံအဖြဲ႕ေတြက လိုင္စင္သိမ္းၿပီးဒဏ္႐ိုက္တယ္ဆိုၿပီး ေငြေတာင္းတာ။ ကြၽန္ေတာ္တို႔လဲ စစ္ေဆးေရးဂိတ္ကို ေက်ာ္ရဖို႔ ၃ နာရီေလာက္ေစာင့္လိုက္ရတယ္”လို႔ ေျပာပါတယ္။

မြန္ျပည္နယ္ စစ္ေတာင္းတံတားကို ျဖတ္ၿပီး ပဲခူးတိုင္းအတြင္း ဝင္ေနတဲ့ ကားေတြျဖစ္ၿပီး လိုင္စင္သိမ္း ဒဏ္ေငြ႐ိုက္ခံလိုက္ရတဲ့ ကားအစီးေရ ၅၀ နီးပါးခန္႔ ရွိတယ္လို႔လည္း သိရပါတယ္။

စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း PDFအဖြဲ႕ေတြရဲ႕ လက္နက္သယ္ေဆာင္မႈ၊ မူးယစ္ေဆးဝါးေရာင္းခ်သူေတြရဲ႕ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းခ်မႈေတြကို တားဆီးႏိုင္ဖို႔ဆိုကာ စစ္ေကာင္စီက X-ray စက္ကို တပ္ဆင္ၿပီး မြန္ျပည္နယ္ဘက္ကလာတဲ့ ကားေတြကို တစ္စီးခ်င္း ျဖတ္သန္းေစၿပီးမွ သြားလာခြင့္ေပးေနတာပါ။

ပုံစာ – ယေန႔နံနက္ ေညာင္ခါးရွည္ စစ္ေဆးေရးဂိတ္တြင္ ပိတ္ေနေသာ ကားမ်ား

#ေျမလတ္အသံ

စစ်ကောင်စီ X- ray ဂိတ်မှာ ကားရာနဲ့ချီပိတ်နေပြီး ကျော်တက်သူတွေ ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရ

ဝေါ၊ ‌အောက်တိုဘာ ၈၊ ၂၀၂၂

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် စစ်ကောင်စီရဲ့ X-ray စက်ဖြင့် စစ်ဆေးရေးဂိတ်မှာ အောက်တို ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းကတည်းက ကားတွေပိတ်နေပြီး ကားကျော်တက်သူတွေကို လိုင်စင်လည်းသိမ်းတဲ့အပြင်ဒဏ်ငွေ ၅၀၀၀၀ တောင်းယူမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကားအစီးရာနဲ့ချီပိတ်နေလို့ တန်းစီစောင့်ဆိုင်းရတာကို စိတ်မရှည်တဲ့ ကားသမားတွေက ယာဉ်တွေကို ကျော်တက်မောင်းနှင်မှုတွေဖြစ်နေပြီး ကျော်တက်လာသူတွေကို စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းတွေက လိုင်စင်တောင်းယူပြီး ဒဏ်ငွေ ကျပ် ၅၀၀၀၀ တောင်းယူနေတယ်လို့ ခရီးသွားယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“မနက်ကတည်းက ကားတွေပိတ်နေတာ။ ယာဉ်ကြောက နှစ်ထပ်ဖြစ်နေပြီ။ ဒါကို စောင့်ရတာ စိတ်မရှည်တဲ့ကားသမားတွေက ရှေ့က စောင့်နေတဲ့ ကားတွေကို ကျော်တက်တာ ယာဉ်တန်းက သုံးထပ်ဖြစ်သွားတယ်။ သူတို့ဘက်က နှစ်ထပ်ထိ လက်ခံတယ်။ ယာဉ် ၃ ထပ်ရပ်တဲ့ကားတွေကို စကစတွေနဲ့ လက်အောက်ခံအဖွဲ့တွေက လိုင်စင်သိမ်းပြီးဒဏ်ရိုက်တယ်ဆိုပြီး ငွေတောင်းတာ။ ကျွန်တော်တို့လဲ စစ်ဆေးရေးဂိတ်ကို ကျော်ရဖို့ ၃ နာရီလောက်စောင့်လိုက်ရတယ်”လို့ ပြောပါတယ်။

မွန်ပြည်နယ် စစ်တောင်းတံတားကို ဖြတ်ပြီး ပဲခူးတိုင်းအတွင်း ဝင်နေတဲ့ ကားတွေဖြစ်ပြီး လိုင်စင်သိမ်း ဒဏ်ငွေရိုက်ခံလိုက်ရတဲ့ ကားအစီးရေ ၅၀ နီးပါးခန့် ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း PDFအဖွဲ့တွေရဲ့ လက်နက်သယ်ဆောင်မှု၊ မူးယစ်ဆေးဝါးရောင်းချသူတွေရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုတွေကို တားဆီးနိုင်ဖို့ဆိုကာ စစ်ကောင်စီက X-ray စက်ကို တပ်ဆင်ပြီး မွန်ပြည်နယ်ဘက်ကလာတဲ့ ကားတွေကို တစ်စီးချင်း ဖြတ်သန်းစေပြီးမှ သွားလာခွင့်ပေးနေတာပါ။

ပုံစာ – ယနေ့နံနက် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် ပိတ်နေသော ကားများ

#မြေလတ်အသံ