Local News










အုပ်ကြီး ဦးမြင့်လွင်နဲ့ ပျုစောထီးတသိုက်ကို ကားခိုးမှု နဲ့ စကစ ပြန်ဖမ်းပြီးနောက် ရပ်ကွက်ရုံးကိုသော့ခတ်သွား

ရပ်ကွက်အုပ်ကြီးနဲ့ ပျုစောထီးတသိုက်ကို စစ်ကောင်စီပြန်ဖမ်းဆီး

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ပြည်ကြီးတံခွန်မြို့နယ်၊ကံကြီးကုန်းရပ်ကွက်က စစ်ကောင်စီသြဇာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးအဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ကံကြီးကုန်းရပ်ကွက် အုပ်ကြီး ဦးမြင့်လွင်နဲ့ ပျုစောထီးတသိုက်ကို အောက်တိုဘာလ ၅ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လာဖမ်းသွားတာလို့ ဒေသခံတစ်ဦးကို ပြောပါတယ်။

ဖမ်းခံရတဲ့ အုပ်ကြီးနဲ့ပျုစောထီးတွေဟာစစ်ကောင်စီတပ်က လက်သပ်မွေးထားသူတွေဖြစ်ပြီး ကားခိုးမှု နဲ့ဆက်စပ်ပြီးဖမ်းခံရတာ ကြားသိရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

အုပ်ကြီးနဲ့အပေါင်းအပါတွေကိုဖမ်းဆီးပြီးနောက် ရပ်ကွက်ရုံးကိုစစ်ကောင်စီတပ်ဟာ သော့ခတ်သွားတယ်လို့သိရပါတယ်။

အခုလို ဖမ်းခံရတဲ့ စစ်ကောင်စီလက်ဝေခံ အုပ်ကြီးနဲ့အပေါင်းအပါတွေဟာ ရပ်ကွက်ထဲမှာ လိုင်းကြေးကောက်တာ ၊ငွေညှစ်တာ ၊ ကျုးကျော်ဖယ်ရှားတာတွေကို လုပ်ဆောင်နေကြတာလို့သိရပါတယ်။