Local News

ရဲႏွစ္ဦး ကားတိုက္ခံရၿပီး တဦးေ-သ တဦးျပင္းထန္ဒဏ္ရာရ

ရဲႏွစ္ဦး ကားတိုက္ခံရၿပီး တဦးေ-သ တဦးျပင္းထန္ဒဏ္ရာရ

DeltaNewsAgency

ဧရာဝတီတိုင္း မအူပင္ၿမိဳ႕မရဲစခန္းက ရဲႏွစ္ေယာက္ဟာ ေအာက္ တိုဘာ ၇ ရက္ေန႔က ကားတိုက္ခံရၿပီး တဦးေသဆုံးကာ ၊ တဦး ျပင္းထန္ဒဏ္ရာ ရရွိသြားတယ္လို႔သိရပါတယ္။

“ကုန္ကားကို မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္တာ။ သူတို႔က အရက္မူးၿပီး ဆိုင္ကယ္ေမာင္းလာတာ၊ တစ္ေယာက္က ေနရာတင္ ပြဲခ်င္းၿပီး ေသတယ္။ တေယာက္က ရန္ကုန္ေဆး႐ုံမွာ အတြင္း လူနာျဖစ္ေနတယ္”လို႔ဆိုပါတယ္။

လြန္ခဲ့တဲ့ တႏွစ္ခန႔္က မအူပင္ၿမိဳ႕မရဲစခန္းမွာ ကိုယ္ဝန္ေဆာင္သည္ မတင္ေမာ္လင္းကို မသကၤာမႈနဲ႔ ႐ိုက္ႏွက္ စစ္ေဆးရင္း လက္လြန္ခဲ့ၾကတဲ့ ျဖစ္စဥ္မွာ အဓိက ပါဝင္သူေတြ ျဖစ္တဲ့ နယ္ထိန္း ရဲတပ္ၾကပ္ ေအာင္ၿဖိဳးမင္း ေသဆုံးတာျဖစ္ၿပီး ရဲ ဒုတပ္ၾကပ္ ေအာင္ေအာင္က ျပင္းထန္ဒဏ္ရာ ရရွိသြားတာပါ။

ကိုယ္ဝန္ေဆာင္သည္ မတင္ေမာ္လင္းကို ဝိုင္းဝန္း ႏွိပ္စက္ ႐ိုက္ႏွက္သတ္ျဖတ္ခဲ့ၾကတဲ့ နယ္ထိန္း (၅) ဦး နဲ႔ မအူပင္ခ႐ိုင္ ဒုစ႐ိုက္ႏွိမ္နင္းေရး တပ္ဖြဲ႕က အရာရွိ( ၂ )ဦး တို႔အနက္ သူ႔တို႔ (၂) ဦးလည္း ပါဝင္တယ္လို႔ ရဲတပ္ ဖြဲ႕နဲ႔ နီးစပ္သူေတြက အတည္ျပဳေပးပါတယ္။

စည္ပင္ ေအာက္ေျခဝန္ထမ္း တဦးရဲ႕ ဇနီး ျဖစ္တဲ့ အသက္ (၂၈) ႏွစ္ရွိ မတင္ေမာ္လင္း ဟာ ကိုယ္ဝန္ေဆာင္ထားရခ်ိန္မွာပဲ ျမင္မေကာင္းေလာက္ေအာင္ ႏွိပ္စက္ခံထားရတဲ့ ဒဏ္ရာေတြ နဲ႔ ၂၀၂၁ ႏိုဝင္ဘာ (၉)ရက္ေန႔ညက မအူပင္ေဆး႐ုံကို ေရာက္ရွိလာၿပီး ေသဆုံးခဲ့ရတာပါ။

ေသစဥ္က သူမမွာ ကိုယ္ဝန္( ၄) လ ခန္႔ရွိေနၿပီး အ႐ြယ္မေရာက္ေသးတဲ့ လူမမယ္ ကေလး( ၃)ဦးရဲ႕ မိခင္လည္း ျဖစ္ပါတယ္။

“အဲ့ဒီ စခန္းက ရဲအေကာင္ေတြ ၊ ၿပီးေတာ့စစ္ သားအေကာင္ ေတြက ၊ ၿမိဳ႕ခံေတြရဲ႕ က်ိန္ စာသင့္ေနတာ။ ဒီလို အေသဆိုး အျဖစ္ဆိုးေတြနဲ႔ ေတြ႕ ၾကမယ့္ေကာင္ေတြ မသနားဘူး” လို႔ အသက္ ၅၀ခန္႔ရွိ ၿမိဳ႕ခံ အမ်ိဳး သမီး တဦးက DNA ကိုေျပာပါတယ္။

ဓါတ္ပံု အေဟာင္းကို ျပန္လည္အသံုးျပဳထားပါသည္။

ရဲနှစ်ဦး ကားတိုက်ခံရပြီး တဦးေ-သ တဦးပြင်းထန်ဒဏ်ရာရ

DeltaNewsAgency

ဧရာဝတီတိုင်း မအူပင်မြို့မရဲစခန်းက ရဲနှစ်ယောက်ဟာ အောက် တိုဘာ ၇ ရက်နေ့က ကားတိုက်ခံရပြီး တဦးသေဆုံးကာ ၊ တဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့သိရပါတယ်။

“ကုန်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်တာ။ သူတို့က အရက်မူးပြီး ဆိုင်ကယ်မောင်းလာတာ၊ တစ်ယောက်က နေရာတင် ပွဲချင်းပြီး သေတယ်။ တယောက်က ရန်ကုန်ဆေးရုံမှာ အတွင်း လူနာဖြစ်နေတယ်”လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခန့်က မအူပင်မြို့မရဲစခန်းမှာ ကိုယ်ဝန်ဆောင်သည် မတင်မော်လင်းကို မသင်္ကာမှုနဲ့ ရိုက်နှက် စစ်ဆေးရင်း လက်လွန်ခဲ့ကြတဲ့ ဖြစ်စဉ်မှာ အဓိက ပါဝင်သူတွေ ဖြစ်တဲ့ နယ်ထိန်း ရဲတပ်ကြပ် အောင်ဖြိုးမင်း သေဆုံးတာဖြစ်ပြီး ရဲ ဒုတပ်ကြပ် အောင်အောင်က ပြင်းထန်ဒဏ်ရာ ရရှိသွားတာပါ။

ကိုယ်ဝန်ဆောင်သည် မတင်မော်လင်းကို ဝိုင်းဝန်း နှိပ်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြတဲ့ နယ်ထိန်း (၅) ဦး နဲ့ မအူပင်ခရိုင် ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့က အရာရှိ( ၂ )ဦး တို့အနက် သူ့တို့ (၂) ဦးလည်း ပါဝင်တယ်လို့ ရဲတပ် ဖွဲ့နဲ့ နီးစပ်သူတွေက အတည်ပြုပေးပါတယ်။

စည်ပင် အောက်ခြေဝန်ထမ်း တဦးရဲ့ ဇနီး ဖြစ်တဲ့ အသက် (၂၈) နှစ်ရှိ မတင်မော်လင်း ဟာ ကိုယ်ဝန်ဆောင်ထားရချိန်မှာပဲ မြင်မကောင်းလောက်အောင် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ နဲ့ ၂၀၂၁ နိုဝင်ဘာ (၉)ရက်နေ့ညက မအူပင်ဆေးရုံကို ရောက်ရှိလာပြီး သေဆုံးခဲ့ရတာပါ။

သေစဉ်က သူမမှာ ကိုယ်ဝန်( ၄) လ ခန့်ရှိနေပြီး အရွယ်မရောက်သေးတဲ့ လူမမယ် ကလေး( ၃)ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။

“အဲ့ဒီ စခန်းက ရဲအကောင်တွေ ၊ ပြီးတော့စစ် သားအကောင် တွေက ၊ မြို့ခံတွေရဲ့ ကျိန် စာသင့်နေတာ။ ဒီလို အသေဆိုး အဖြစ်ဆိုးတွေနဲ့ တွေ့ ကြမယ့်ကောင်တွေ မသနားဘူး” လို့ အသက် ၅၀ခန့်ရှိ မြို့ခံ အမျိုး သမီး တဦးက DNA ကိုပြောပါတယ်။

ဓါတ်ပုံ အဟောင်းကို ပြန်လည်အသုံးပြုထားပါသည်။