သူရ ေ႐ႊမန္း၏ ေကာင္းက်ိဳးေဆာင္ပါတီ ဖ်က္သိမ္းမည့္သတင္း ပါတီဝင္ႏွင့္တိုင္းအဆင့္ဦးေဆာင္သူမ်ား မသိၾက
ရန္ကုန္၊ ေအာက္တိုဘာ ၁၁
စစ္ေခါင္းေဆာင္ေဟာင္း တစ္ဦးျဖစ္ေသာ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရေ႐ႊမန္း၏ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဖ်က္သိမ္းမည္ဟု ပါတီဗဟိုအလုပ္ အမႈေဆာင္ ဦးေစာလွထြန္းက လူမႈကြန္ရက္မွတစ္ဆင့္ ေၾကညာခဲ့ေသာ္ လည္း ယင္းသတင္းကို ပါတီဝင္မ်ားႏွင့္ တိုင္းအဆင့္ ပါတီဦးေဆာင္သူတခ်ိဳ႕ပင္ မသိရွိၾကေသးဟု ပါတီဝင္တခ်ိဳ႕က ေျပာသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ ဦးေစာလွထြန္းက “ႏိုင္ငံေရးမွ အနားယူခြင့္ရ။ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ပါတီမွတ္ပုံတင္ျခင္းမွ ဖ်က္သိမ္းရန္ ေဆာင္႐ြက္ေနပါၿပီ” ဟု ယေန႔ လူမႈကြန္ ရက္တြင္ ေရးသားေဖာ္ျပသည္။
“က်ေနာ္တို႔ မသိေသးဘူးဗ်။ ပါတီဖ်က္မယ္ဆိုတာကို ။ ဒီေန႔ သတင္းေတြတက္လာမွာ သိရတာ။ ပါတီထဲမွာေတာ့ ဖ်က္သိမ္းဖို႔ ဆိုတာမ်ိဳး တရားဝင္ အသိေပးတာလည္းမရွိေသးပါဘူး။
ပါတီက UEC မွာ အစစ္ေဆးခံတယ္။ စာရင္းေတြလည္း အစစ္ခံေတာ့ ေ႐ြးေကာက္ပြဲဝင္မယ္လို႔ ထင္ထားတာ။ ဖ်က္တယ္ဆိုေတာ့ ဖ်က္တယ္ေပါ့” ဟု တိုင္းအဆင့္ ပါတီ ဦးေဆာင္သူတစ္ဦးက ေျပာဆိုသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ -UBP ကို သူရေ႐ႊမန္းက ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၅ ရက္ေန႔တြင္ တရားဝင္ ဖြဲ႕ စည္း တည္ေထာင္ခဲ့ၿပီး ၃ ႏွစ္ေက်ာ္အၾကာ တြင္ ဖ်က္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေ႐ႊမန္း၏ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ။
သူရ ရွှေမန်း၏ ကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းမည့်သတင်း ပါတီဝင်နှင့်တိုင်းအဆင့်ဦးဆောင်သူများ မသိကြ
ရန်ကုန်၊ အောက်တိုဘာ ၁၁
စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းမည်ဟု ပါတီဗဟိုအလုပ် အမှုဆောင် ဦးစောလှထွန်းက လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သော် လည်း ယင်းသတင်းကို ပါတီဝင်များနှင့် တိုင်းအဆင့် ပါတီဦးဆောင်သူတချို့ပင် မသိရှိကြသေးဟု ပါတီဝင်တချို့က ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးစောလှထွန်းက “နိုင်ငံရေးမှ အနားယူခွင့်ရ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီ” ဟု ယနေ့ လူမှုကွန် ရက်တွင် ရေးသားဖော်ပြသည်။
“ကျနော်တို့ မသိသေးဘူးဗျ။ ပါတီဖျက်မယ်ဆိုတာကို ။ ဒီနေ့ သတင်းတွေတက်လာမှာ သိရတာ။ ပါတီထဲမှာတော့ ဖျက်သိမ်းဖို့ ဆိုတာမျိုး တရားဝင် အသိပေးတာလည်းမရှိသေးပါဘူး။
ပါတီက UEC မှာ အစစ်ဆေးခံတယ်။ စာရင်းတွေလည်း အစစ်ခံတော့ ရွေးကောက်ပွဲဝင်မယ်လို့ ထင်ထားတာ။ ဖျက်တယ်ဆိုတော့ ဖျက်တယ်ပေါ့” ဟု တိုင်းအဆင့် ပါတီ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ -UBP ကို သူရရွှေမန်းက ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင် ဖွဲ့ စည်း တည်ထောင်ခဲ့ပြီး ၃ နှစ်ကျော်အကြာ တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ။