Local News

ေျမာက္ဥကၠလာရွိ စစ္တိုက္ေလယာဥ္ပိုင္းေလာ့ ဒုတိယဗိုလ္မႉးႀကီးေက်ာ္ေက်ာ္ထြန္း၏ ေနအိမ္ ဗုံးခြဲ

ေျမာက္ဥကၠလာရွိ စစ္တိုက္ေလယာဥ္ပိုင္းေလာ့ ဒုတိယဗိုလ္မႉးႀကီးေက်ာ္ေက်ာ္ထြန္း၏ ေနအိမ္ ဗုံးခြဲခံရ

ရန္ကုန္၊ ေအာက္တိုဘာ ၁၁

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ စ ရပ္ကြက္ရွိ စစ္တိုက္ေလယာဥ္မႉး ပိုင္းေလာ့ ဒုတိယဗိုလ္မႉးႀကီးေက်ာ္ေက်ာ္ထြန္း၏ ေနအိမ္ ယေန႔ည ၈ နာရီေက်ာ္အခ်ိန္တြင္ ဗုံးခြဲတိုက္ခိုက္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

Operation Spitfire က ရန္ကုန္တိုင္းအတြင္းရွိ စစ္တပ္ေလတပ္ပိုင္းေလာ့မ်ား၏ အမည္မ်ားကို ထုတ္ျပန္ၿပီးေနာက္ ပိုင္းေလာ့ ဒုတိယဗိုလ္မႉးႀကီး ေက်ာ္ေက်ာ္ထြန္း၏ ေနအိမ္ကို ယေန႔ ညပိုင္းတြင္ ဗုံးခြဲျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေျမာက္ဥကၠလာ၊ သႏၲာ ၅ လမ္းမွာ ေလတပ္ပိုင္းေလာ့ ဒုတိယဗိုလ္မႉးႀကီးေက်ာ္ေက်ာ္ထြန္းအိမ္မွာ ဗုံးေပါက္ပါတယ္။ လမ္းထဲကေတာ့ ဘယ္သူမွ အျပင္လည္း မထြက္ရဲၾကဘူး။ ဒုတိယဗိုလ္မႉး‌ႀကီး ေက်ာ္ေက်ာ္ထြန္းရဲ႕ မိသားစုလုံးေရွာင္ေနၾကတာ။ သူတို႔က အေတာ္ၾကာၿပီ ေရွာင္ေနၾကတာ။

အခုမွ အိမ္ ျပန္ေရာက္တာ ၁ ပတ္ ေတာင္မၾကာေသးဘူး။ ဗုံးေပါက္ၿပီးေတာ့ စစ္ကားေတြကို ေခၚေပမယ့္ လာတာမေတြ႕ဘူး။ ဗုံးခြဲတဲ့ အသံက ေတာ္ေတာ္က်ယ္တယ္။ လမ္းထဲ ဆႏၵျပကေလးေတြကို ဖမ္းခိုင္းတာ၊ CDM ရဲမႉးအိမ္ခ်ိတ္ပိတ္တာ။ CDM ဆရာမေလးေတြ ေျပးရတာ သူ႔ေၾကာင့္ပဲ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဒုမႉးႀကီးေက်ာ္ေက်ာ္ထြန္း ဂ်က္တိုက္ေလယာဥ္ ပိုင္းေလာ့ျဖစ္ၿပီး ဌာနမႉး၊ လကက ေလတပ္ အျဖစ္လည္း တာဝန္ထမ္းေဆာင္ေနသူျဖစ္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္တပ္က စစ္ေလယာဥ္၊ တိုက္ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ား အသုံးျပဳၿပီး စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ခ်င္း ျပည္နယ္၊ ကရင္နီျပည္နယ္တို႔မွ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္မႈမ်ား လုပ္ေဆာင္ေနၿပီး စစ္ကိုင္းတိုင္း၊ ဒီပဲယင္းတြင္ စက္တင္ဘာလ ၁၆ ရက္ေန႔ လက္ယက္ကုန္းစာသင္ေက်ာင္းမွ ကေလးငယ္မ်ားကို စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္ခဲ့သည္။

ဓာတ္ပုံ- ေလတပ္အရာရွိတခ်ိဳ႕။

မြောက်ဥက္ကလာရှိ စစ်တိုက်လေယာဉ်ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်း၏ နေအိမ် ဗုံးခွဲခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စ ရပ်ကွက်ရှိ စစ်တိုက်လေယာဉ်မှူး ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်း၏ နေအိမ် ယနေ့ည ၈ နာရီကျော်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

Operation Spitfire က ရန်ကုန်တိုင်းအတွင်းရှိ စစ်တပ်လေတပ်ပိုင်းလော့များ၏ အမည်များကို ထုတ်ပြန်ပြီးနောက် ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ထွန်း၏ နေအိမ်ကို ယနေ့ ညပိုင်းတွင် ဗုံးခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာ၊ သန္တာ ၅ လမ်းမှာ လေတပ်ပိုင်းလော့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ထွန်းအိမ်မှာ ဗုံးပေါက်ပါတယ်။ လမ်းထဲကတော့ ဘယ်သူမှ အပြင်လည်း မထွက်ရဲကြဘူး။ ဒုတိယဗိုလ်မှူး‌ကြီး ကျော်ကျော်ထွန်းရဲ့ မိသားစုလုံးရှောင်နေကြတာ။ သူတို့က အတော်ကြာပြီ ရှောင်နေကြတာ။

အခုမှ အိမ် ပြန်ရောက်တာ ၁ ပတ် တောင်မကြာသေးဘူး။ ဗုံးပေါက်ပြီးတော့ စစ်ကားတွေကို ခေါ်ပေမယ့် လာတာမတွေ့ဘူး။ ဗုံးခွဲတဲ့ အသံက တော်တော်ကျယ်တယ်။ လမ်းထဲ ဆန္ဒပြကလေးတွေကို ဖမ်းခိုင်းတာ၊ CDM ရဲမှူးအိမ်ချိတ်ပိတ်တာ။ CDM ဆရာမလေးတွေ ပြေးရတာ သူ့ကြောင့်ပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒုမှူးကြီးကျော်ကျော်ထွန်း ဂျက်တိုက်လေယာဉ် ပိုင်းလော့ဖြစ်ပြီး ဌာနမှူး၊ လကက လေတပ် အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ကရင်နီပြည်နယ်တို့မှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ လက်ယက်ကုန်းစာသင်ကျောင်းမှ ကလေးငယ်များကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ- လေတပ်အရာရှိတချို့။