Local News

စစ္ေကာင္စီ ဥပေဒေရးရာ ဒုဝန္ႀကီး ကြယ္လြန္

စစ္ေကာင္စီ ဥပေဒေရးရာ ဒုဝန္ႀကီး ကြယ္လြန္

(မဇၩိမ) ။။ ။ ဥပေဒေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ဒုတိယေရွ႕ေနခ်ဳပ္ဦးစန္းလြင္သည္ ယ‌ေန႔နံနက္အေစာပိုင္းက ေနျပည္ေတာ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့သည္။

ဦးစန္းလြင္သည္ ယေန႔(ေအာက္တိုဘာလ၁၂ရက္) နံနက္ ၁နာရီခြဲခန႔္တြင္ ႐ုတ္တရက္ ကြယ္လြန္ သြားျခင္းဟု တရားသူႀကီးတစ္ဦးက ဆိုသည္။

” ဦးစန္းလြင္ ဆုံးသြားၿပီဗ်။ အသက္ရႈၾကပ္ၿပီး ႐ုတ္တရက္ျဖစ္သြားတာလို႔ ၾကားတယ္”ဟု ဉီးစန္းလြင္၏ မိတ္ေဆြတစ္ဦးကေျပာသည္။

ဦးစန္းလြင္ ေသဆုံးသြားသည့္အေၾကာင္းကို Non CDM တရားေရးဝန္ထမ္းအသိုင္းအဝိုင္းကလည္း လူမႈကြန္ရက္ေပၚ ေရးတင္ထားသည္ကိုေတြ႕ရသည္။

ဦးစန္းလြင္သည္ အၾကမ္းဖက္ စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကိုသိမ္းယူၿပီးေနာက္အသစ္ဖြဲ႕စည္းခဲ့သည့္ ဥပေဒေရးရာဝန္ႀကီးဌာန၏ ဒုတိယျပည္ေထာင္စုဝန္ႀကီးႏွင့္ဒုတိယေရွ႕ေနခ်ဳပ္ျဖစ္သည္။

စစ်ကောင်စီ ဥပဒေရေးရာ ဒုဝန်ကြီး ကွယ်လွန်

(မဇ္ဈိမ) ။။ ။ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည် ယ‌နေ့နံနက်အစောပိုင်းက နေပြည်တော်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

ဦးစန်းလွင်သည် ယနေ့(အောက်တိုဘာလ၁၂ရက်) နံနက် ၁နာရီခွဲခန့်တွင် ရုတ်တရက် ကွယ်လွန် သွားခြင်းဟု တရားသူကြီးတစ်ဦးက ဆိုသည်။

” ဦးစန်းလွင် ဆုံးသွားပြီဗျ။ အသက်ရှုကြပ်ပြီး ရုတ်တရက်ဖြစ်သွားတာလို့ ကြားတယ်”ဟု ဉီးစန်းလွင်၏ မိတ်ဆွေတစ်ဦးကပြောသည်။

ဦးစန်းလွင် သေဆုံးသွားသည့်အကြောင်းကို Non CDM တရားရေးဝန်ထမ်းအသိုင်းအဝိုင်းကလည်း လူမှုကွန်ရက်ပေါ် ရေးတင်ထားသည်ကိုတွေ့ရသည်။

ဦးစန်းလွင်သည် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်အသစ်ဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဖြစ်သည်။