Local News

ျပည္သူကို မိုက္ေၾ-ကးခြဲေနတဲ့ ယာဥ္ထိန္းရဲမႉး

ျပည္သူကို မိုက္ေၾကးခြဲေနတဲ့ ယာဥ္ထိန္းရဲမႉးကို သုတ္သင္ရွင္းလင္း

MFP၊ ေအာက္တိုဘာ – ၁၅

စစ္ေကာင္စီ သစၥာခံ ယာဥ္ထိန္းရဲမႉးအျဖစ္ ဆက္လက္ လုပ္ကိုင္ေနၿပီး ျပည္သူကို လက္နက္ျပ မိုက္ေၾကးခြဲ၊ ဖမ္းဆီးေငြညႇစ္ေနတဲ့ မေကြးတိုင္း ယာဥ္ထိန္းရဲဖြဲ႕မႉး႐ုံးက ရဲမႉးစိန္ဝင္းဆိုသူကို ေျမေအာက္ေတာ္လွန္ေရး အဖြဲတစ္ခုက ပစ္ခတ္သုတ္သင္ ရွင္းလင္းလိုက္တယ္လို အဲဒီအဖြဲနဲ႔နီးစပ္တဲ့ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာပါတယ္။

မေန႔ ေအာက္တိုဘာ (၁၄)ရက္ ည(၇)နာရီခြဲက မေကြးတိုင္း ယာဥ္ထိန္း႐ုံးထဲက ထြက္လာၿပီး အေဝးေျပးဝင္းဘက္ ကြမ္းထြက္ဝယ္တဲ့ ယာဥ္ထိန္းရဲမႉး စိန္ဝင္းကို ေသနတ္နဲ႔ ေလးခ်က္ ပစ္ခတ္ခဲ့ၿပီး ရဲ႐ုံးေရွ႕မွာတင္ ပြဲခ်င္းၿပီး ေသတယ္လို႔ ဆိုပါတယ္။

အဲဒီ ယာဥ္ထိန္းရဲမႉး စိန္ဝင္းဟာ အေဝးေျပးယာဥ္လိုင္းေတြနဲ႔ ကုန္စည္ပိုေဆာင္ေရးယာဥ္ေတြထံကကိုယ္တိုင္ ဆက္ေၾကးေကာက္ေလ့ရွိၿပီး စစ္အုပ္စုကို ေငြရွာေပးေနသူတစ္ဦး ျဖစ္တယ္လို႔ ဆိုပါတယ္။

“သူက အဲ့ ကားဂိတ္မွ ာထိုင္ၿပီး ဆက္ေၾကး ေကာက္ေနၾကပါ။ အဓိက က တိုင္းရဲမႉးျဖစ္လို႔ပါ။ ပလန္အရ ေခါင္ေတြႀကီးေဆာ္ဖို ပထမအဆင့္ပါ”လို ယာဥ္ထိန္းရဲမႉး စိန္ဝင္းကို သုတ္သင္ခဲ့တာနဲ႔ ပတ္သက္ၿပီး ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ရွင္းျပပါတယ္။

ယာဥ္ထိန္းရဲမႉးစိန္ဝင္းဟာ ေသနတ္နဲ႔ပစ္ခတ္ခံရခ်ိန္မွာ ခ်က္ခ်င္းမေသေသးဘဲ ရဲ႐ုံးေရွ႕နားေရာက္ေအာင္ တြားသြားခဲ့ေပမယ့္ ပစ္ခတ္မႈျဖစ္ခ်ိန္မွာ ရဲစခန္းၿခံဝင္းတံခါး ပိတ္လိုက္တာေၾကာင့္ အထဲထိမဝင္ႏိုင္ဘဲ ႐ုံးေရွ႕တင္ ေသဆုံးသြားတာ ျဖစ္တယ္လို အဲဒီ ရဲေဘာ္က ဆက္ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ပြားၿပီးတဲ့ေနာက္ စစ္အုပ္စု ေရာက္လာၿပီး လမ္းပိတ္ကာ ျပည္သူေတြကို ေအာ္ဟစ္ဆႀဆိဳ ရန္ျပဳ ေသာင္းက်န္းေနတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံတဝန္းမွာ စစ္ေကာင္စီ သစၥာခံ ယာဥ္ထိန္းရဲေတြက လက္နက္ျပၿပီး ျပည္သူကို ဥပေဒမဲ့ ဖမ္းဆီး ေငြညႇစ္ မိုက္ေၾကးခြဲတာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနတာ ျဖစ္ပါတယ္။

ပြည်သူကို မိုက်ကြေးခွဲနေတဲ့ ယာဉ်ထိန်းရဲမှူးကို သုတ်သင်ရှင်းလင်း

MFP၊ အောက်တိုဘာ – ၁၅

စစ်ကောင်စီ သစ္စာခံ ယာဉ်ထိန်းရဲမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ၊ ဖမ်းဆီးငွေညှစ်နေတဲ့ မကွေးတိုင်း ယာဉ်ထိန်းရဲဖွဲ့မှူးရုံးက ရဲမှူးစိန်ဝင်းဆိုသူကို မြေအောက်တော်လှန်ရေး အဖွဲတစ်ခုက ပစ်ခတ်သုတ်သင် ရှင်းလင်းလိုက်တယ်လို အဲဒီအဖွဲနဲ့နီးစပ်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ (၁၄)ရက် ည(၇)နာရီခွဲက မကွေးတိုင်း ယာဉ်ထိန်းရုံးထဲက ထွက်လာပြီး အဝေးပြေးဝင်းဘက် ကွမ်းထွက်ဝယ်တဲ့ ယာဉ်ထိန်းရဲမှူး စိန်ဝင်းကို သေနတ်နဲ့ လေးချက် ပစ်ခတ်ခဲ့ပြီး ရဲရုံးရှေ့မှာတင် ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။

အဲဒီ ယာဉ်ထိန်းရဲမှူး စိန်ဝင်းဟာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ ကုန်စည်ပိုဆောင်ရေးယာဉ်တွေထံကကိုယ်တိုင် ဆက်ကြေးကောက်လေ့ရှိပြီး စစ်အုပ်စုကို ငွေရှာပေးနေသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“သူက အဲ့ ကားဂိတ်မှ ာထိုင်ပြီး ဆက်ကြေး ကောက်နေကြပါ။ အဓိက က တိုင်းရဲမှူးဖြစ်လို့ပါ။ ပလန်အရ ခေါင်တွေကြီးဆော်ဖို ပထမအဆင့်ပါ”လို ယာဉ်ထိန်းရဲမှူး စိန်ဝင်းကို သုတ်သင်ခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

ယာဉ်ထိန်းရဲမှူးစိန်ဝင်းဟာ သေနတ်နဲ့ပစ်ခတ်ခံရချိန်မှာ ချက်ချင်းမသေသေးဘဲ ရဲရုံးရှေ့နားရောက်အောင် တွားသွားခဲ့ပေမယ့် ပစ်ခတ်မှုဖြစ်ချိန်မှာ ရဲစခန်းခြံဝင်းတံခါး ပိတ်လိုက်တာကြောင့် အထဲထိမဝင်နိုင်ဘဲ ရုံးရှေ့တင် သေဆုံးသွားတာ ဖြစ်တယ်လို အဲဒီ ရဲဘော်က ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စု ရောက်လာပြီး လမ်းပိတ်ကာ ပြည်သူတွေကို အော်ဟစ်ဆဆြို ရန်ပြု သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီ သစ္စာခံ ယာဉ်ထိန်းရဲတွေက လက်နက်ပြပြီး ပြည်သူကို ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ် မိုက်ကြေးခွဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။