Local News

KNU တပ္မဟာ(၆)နယ္ေျမ စခန္းသိမ္းတိုက္ပြဲ စစ္ေကာင္စီတပ္မွ ၁၉ဦး အရွင္ဖမ္းမိ

KNU တပ္မဟာ(၆)နယ္ေျမ စခန္းသိမ္းတိုက္ပြဲ စစ္ေကာင္စီတပ္မွ ၁၉ဦး အရွင္ဖမ္းမိ…လက္နက္ခဲယမ္းမ်ားရ၊ စစ္ေကာင္စီတပ္ ေသဆုံးမႈမ်ားလည္းရွိ

သက္ေဝ/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ (၆)နယ္ေျမ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္း တစ္ခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) ဦးေဆာင္သည့္ ပူးေပါင္းတပ္က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ယမန္ေန႔ စခန္းသိမ္းတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈရွိခဲ့ၿပီး သုံ႔ပန္းမ်ားလည္း ဖမ္းဆီးရရွိခဲ့သည္ဟု KNUႏွင့္နီးစပ္သည္ ကရင္တိုင္းရင္းသား တစ္ဦးက ေျပာသည္။

“မေန႔ကျဖစ္တဲ့ စခန္းသိမ္းတိုက္ပြဲမွာ သုံ႔ပန္း ၁၉ေယာက္မိတယ္။ အဲဒီတပ္မဟာ(၆) မွာျဖစ္ တာက တစ္ည ႏွစ္ညရွိတာပဲ။ ထူးျခားမႈရွိတာက မေန႔ကျဖစ္တဲ့ စခန္းသိမ္းတိုက္ပြဲမွာေတာ့ သုံ႔ပန္း ၁၉ ေယာက္မိတယ္။ ေနာက္ လက္နက္ခဲယမ္းေတြရတယ္။ ရန္သူ အေသအေပ်ာက္လည္းရွိတယ္” ဟု ၎က ေျပာသည္။

စခန္းသိမ္းတိုက္ပြဲႏွင့္ပတ္သက္၍ KNU ဗဟို သတင္းႏွင့္ ျပန္ၾကားေရး ဌာန တာဝန္ရွိသူတစ္ဦးအား ဆက္သြယ္ရာ အခ်က္အလက္မ်ား အျပည့္အစုံရရွိပါက သတင္းထုတ္ျပန္သြားရန္ရွိေၾကာင္း ေျပာၾကားသည္။

အဆိုပါ စခန္းသိမ္းတိုက္ပြဲကို KNLA ႏွင့္အတူ နဂါးနီစစ္ေၾကာင္းက ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

KNLA တပ္ရင္း(၂၇) ေကာ္ဘရာပူးေပါင္းစစ္ ေၾကာင္းမွ ဒုစစ္ေၾကာင္းမႉး ေစာေကာ္ကလည္း “ဟိုဘက္အျခမ္းက အားရစရာေလးမ်ား” ဟု ေရးသားကာ စစ္ေကာင္စီတပ္ထံမွ သိမ္းဆည္းရရွိခဲ့သည့္ လက္နက္ခဲယမ္းမ်ား၏ ဓာတ္ပုံကို ေဖာ္ျပခဲ့သည္။ အဆိုပါ ဓာတ္ပုံတြင္ လက္နက္ ၂ဒါဇင္နီးပါး သိမ္းဆည္းရရွိထားသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလကတည္း တပ္မဟာ (၆)နယ္ေျမတြင္ စစ္ေကာင္စီတပ္စခန္း ၃ခုကို KNLAႏွင့္ ပူးေပါင္းတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ စစ္ေကာင္စီတပ္က ေသဆုံးထိခိုက္မႈမ်ားရွိခဲ့ၿပီး လက္နက္ခဲယမ္းမ်ားလည္း သိမ္းဆည္းရရွိခဲ့သည္။

သိမ္းဆည္းရမိေသာ လက္နက္ခဲယမ္းမ်ား၊ ဓာတ္ပုံ – Saw Kyaw/FB

KNU တပ်မဟာ(၆)နယ်မြေ စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၉ဦး အရှင်ဖမ်းမိ…လက်နက်ခဲယမ်းများရ၊ စစ်ကောင်စီတပ် သေဆုံးမှုများလည်းရှိ

သက်ဝေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့သည်ဟု KNUနှင့်နီးစပ်သည် ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

“မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၉ယောက်မိတယ်။ အဲဒီတပ်မဟာ(၆) မှာဖြစ် တာက တစ်ည နှစ်ညရှိတာပဲ။ ထူးခြားမှုရှိတာက မနေ့ကဖြစ်တဲ့ စခန်းသိမ်းတိုက်ပွဲမှာတော့ သုံ့ပန်း ၁၉ ယောက်မိတယ်။ နောက် လက်နက်ခဲယမ်းတွေရတယ်။ ရန်သူ အသေအပျောက်လည်းရှိတယ်” ဟု ၎င်းက ပြောသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA နှင့်အတူ နဂါးနီစစ်ကြောင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

KNLA တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ် ကြောင်းမှ ဒုစစ်ကြောင်းမှူး စောကော်ကလည်း “ဟိုဘက်အခြမ်းက အားရစရာလေးများ” ဟု ရေးသားကာ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံတွင် လက်နက် ၂ဒါဇင်နီးပါး သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်း တပ်မဟာ (၆)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း ၃ခုကို KNLAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ – Saw Kyaw/FB