Cele

စာေရးဆရာ အၾကည္ေတာ္ အရမ္း စိုးရိမ္ရတဲ့ အေျခ အေန ေရာက္ေနေၾကာင္း ညီျဖစ္သူမွ ေျပာ

စာေရးဆရာ အၾကည္ေတာ္ ပင္လုံေဆး႐ုံ၌ အေရးေပၚ ကုသမႈ ခံယူေနရ

ဧရာဝတီ၊ ေအာက္တိုဘာ ၁၇၊ ၂၀၂၂

စာေရးဆရာ အၾကည္ေတာ္သည္ ရန္ကုန္ၿမိဳ႕၊ ပင္လုံေဆး ႐ုံ၌ အေရးေပၚ အေျခအေနျဖင့္ ေဆးကုသမႈ ခံယူေနရေၾကာင္း ညီျဖစ္သူ ဂီတမႉး ဓိရာမိုရ္က ဧရာဝတီကို ေျပာ သည္။

စာေရးဆရာ အၾကည္ေတာ္မွာ အစာအိမ္ ေလႁပြန္ကင္ ဆာေရာဂါ ခံစားေနရျခင္းျဖစ္ၿပီး လြန္ခဲ့သည့္ ၃ လခန႔္က ေရာဂါရွာေဖြ ေတြ႕ရွိ၍ ထိုင္းႏိုင္ငံသို႔ သြားေရာက္ ေဆးကုသခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ေဆးကုသၿပီး ျမန္မာႏိုင္ငံသို႔ ျပန္ေရာက္သည့္ ညတြင္ အသက္ရႉ မရေတာ့ဘဲ ႏွလုံးရပ္သြားသျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာမွ အသက္ ျပန္လည္ရႉခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္လည္ သတိရလာျခင္း မရွိေၾကာင္း ဂီတမႉး ဓိရာမိုရ္၏ ေျပာျပခ်က္အရ သိရသည္။

ဓိရာမိုရ္က “လက္ရွိကေတာ့ သတိလစ္ေနတာ သတိျပန္ မလည္လာတာ ၄ ရက္ ရွိၿပီ။ ပင္လုံေဆး႐ုံ အထူးၾကပ္ မတ္ေဆာင္မွာ ရွိေနတယ္။ အရမ္း စိုးရိမ္ရတဲ့ အေျခ အေန ေရာက္ေနတယ္။ အသက္ကို လုေနရတဲ့ အေျခ အေန ေရာက္ေနတယ္” ဟု ေျပာသည္။

အသက္ ၅၀ အ႐ြယ္ ရွိၿပီျဖစ္သည့္ စာေရးဆရာ အၾကည္ ေတာ္သည္ ဟာသဝတၳဳမ်ားစြာ ေရးသားခဲ့သည့္ နာမည္ေက်ာ္ စာေရးဆရာတဦးလည္း ျဖစ္ၿပီး မၾကာေသးမီက ၎ကိုယ္တိုင္ ဖန္တီးထားသည့္ ကဗ်ာႏွင့္ ဂီတ ေပါင္း စပ္ထားသည့္ “ကဗ်ာဂီတ အယ္လ္ဘမ္” ကို ျဖန႔္ခ်ိခဲ့သည္။

စာရေးဆရာ အကြည်တော် ပင်လုံဆေးရုံ၌ အရေးပေါ် ကုသမှု ခံယူနေရ

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၂

စာရေးဆရာ အကြည်တော်သည် ရန်ကုန်မြို့၊ ပင်လုံဆေး ရုံ၌ အရေးပေါ် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ညီဖြစ်သူ ဂီတမှူး ဓိရာမိုရ်က ဧရာဝတီကို ပြော သည်။

စာရေးဆရာ အကြည်တော်မှာ အစာအိမ် လေပြွန်ကင် ဆာရောဂါ ခံစားနေရခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၃ လခန့်က ရောဂါရှာဖွေ တွေ့ရှိ၍ ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသခဲ့ကြောင်း သိရသည်။

ထို့သို့ ဆေးကုသပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်သည့် ညတွင် အသက်ရှူ မရတော့ဘဲ နှလုံးရပ်သွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှ အသက် ပြန်လည်ရှူခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည် သတိရလာခြင်း မရှိကြောင်း ဂီတမှူး ဓိရာမိုရ်၏ ပြောပြချက်အရ သိရသည်။

ဓိရာမိုရ်က “လက်ရှိကတော့ သတိလစ်နေတာ သတိပြန် မလည်လာတာ ၄ ရက် ရှိပြီ။ ပင်လုံဆေးရုံ အထူးကြပ် မတ်ဆောင်မှာ ရှိနေတယ်။ အရမ်း စိုးရိမ်ရတဲ့ အခြေ အနေ ရောက်နေတယ်။ အသက်ကို လုနေရတဲ့ အခြေ အနေ ရောက်နေတယ်” ဟု ပြောသည်။

အသက် ၅၀ အရွယ် ရှိပြီဖြစ်သည့် စာရေးဆရာ အကြည် တော်သည် ဟာသဝတ္ထုများစွာ ရေးသားခဲ့သည့် နာမည်ကျော် စာရေးဆရာတဦးလည်း ဖြစ်ပြီး မကြာသေးမီက ၎င်းကိုယ်တိုင် ဖန်တီးထားသည့် ကဗျာနှင့် ဂီတ ပေါင်း စပ်ထားသည့် “ကဗျာဂီတ အယ်လ်ဘမ်” ကို ဖြန့်ချိခဲ့သည်။