Local News

ယေန႔ ယေန႔မနက္ ကရင္ျပည္နယ္တိုက္ပြဲတြင္ က်ဆံုးသြားတဲ့ တပ္မ ၄၄ မွ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး

“Breaking News”တပ္မ ၄၄ မွ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ဝင္းမင္းဦး ယေန႔မနက္ ကရင္ျပည္နယ္တိုက္ပြဲတြင္ က်ဆုံး

ဧရာဝတီတိုင္းမ္

ေအာက္တိုဘာလ ၁၉ ရက္

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္အေျချပဳ အမွတ္ ၄၄၁ နည္းဗ်ဴဟာ(နဗဟ ၄၄၁) ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ဝင္းမင္းဦး ဒီကေန႔ မနက္ပိုင္းမွာတိုက္ပြဲက်ဆုံးသြားတယ္လို႔ သိရပါတယ္။

အမွတ္ ၄၄၁ နည္းဗ်ဴဟာ ကအမွတ္ ၄၄ ေျချမန္တပ္မဌာနခ်ဳပ္ လက္ေအာက္ခံ နည္းဗ်ဴဟာ ၃ ခုအနက္က ၁ ခုျဖစ္ၿပီး တပ္မဟာ ၅ နယ္ေျမအတြင္းတိုက္ ခိုက္ေရးဝင္ေရာက္ေနတာျဖစ္ကာ ဒီမနက္ပိုင္း​ျဖစ္ပြားတဲ့တိုက္ပြဲမွာက်ဆုံးခဲ့တာ ျဖစ္ပါတယ္။

”က်တာက ဒီမနက္ ၉ နာရီေလာက္မွာလို႔သိရတယ္။ တပ္မဟာ ၅ ထဲက ေ႐ႊေညာင္ပင္ဘုရားကုန္းမွာ သူထိုင္တာ၊ စႏိုက္ဘာထိတာလို႔သိရတယ္။ ဘယ္လိုထိၿပီးက်သြားတာလဲေတာ့ မသိဘူး။ သူ႔မိသားစုဆီဒီမနက္အေၾကာင္းၾကားလာတာ။ သူကႏိုင္ငံေတာ္ကာ ကြယ္ေရးတကၠသိုလ္ဆင္းလာၿပီးမၾကားဘူး ေရွ႕ တန္းေရာက္တာ ၂ လ ေက်ာ္ ေလာက္ဘဲရွိေသးတယ္” လို႔ မိသားစုနဲ႔ နီးစပ္တဲ့က်ိဳက္ထိုတပ္သတင္းရင္းျမစ္က ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

ဗိုလ္မႉးႀကီး ဝင္းမင္းဦး ဟာ စစ္တကၠသိုလ္အမွတ္စဥ္ ၄၂ ဆင္းျဖစ္ၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္(NDC) တက္ေရာက္ၿပီးသူျဖစ္ကာ၎မွာ ဇနီးနဲ႔ သား ၁ ဦး၊ သမီး ၁ ဦးက်န္ရွိခဲ့တယ္လို႔ သိရပါတယ္။

KNLA ေရွ႕တန္းသတင္းရင္းျမစ္ေတြကိုေမးျမန္းရာမွာ တပ္မဟာ ၅ နယ္ေျမအတြင္း မေန႔ညကေန ဒီကေန႔မနက္ပိုင္းအထိတိုက္ပြဲျဖစ္ပြားေနၿပီး အေျခေနအေသးစိတ္ကိုမသိရေသးဘူးလို႔ဆိုပါတယ္။

“တပ္မဟာ ၅ ထဲမွာ ညကတည္းက တိုက္ပဲြျဖစ္ေနတာ။ ညက ၁ ႀကိမ္၊ ဒီမနက္ ၁ ႀကိမ္ ေတာက္ေလွ်ာက္ျဖစ္ေနတယ္။ စစ္ေကာင္စီဘက္က စစ္ေၾကာင္းကေတာ့ ထိုးေနဆဲပဲ။ အထိအခိုက္အက်အဆုံး အတိအက်ေတာ့ က်ေနာ္တို႔ မသိရေသးဘူး”ဟု တပ္မဟာ ၅ အတြင္း တိုက္ပြဲဝင္ေနတဲ့ KNLA တပ္ႏွင့္ နီးစပ္သူတစ္ဦးက ဧရာ၀တီတိုင္းမ္ကို ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားမႈအေျခအေနေတြကို KNU ဘက္က သတင္းထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။ တိုက္ပြဲအတြင္း ထိခိုက္က်ဆုံးအေျခအေနအေသးစိတ္ကိုဆက္လက္ေဖာ္ျပေပးပါမယ္။

စစ္ေကာင္စီတပ္မွာ ယခင္အဆက္ဆက္ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီးအဆင့္ေတြသာတိုက္ပြဲ အတြင္းက်ဆုံးမ်ားခဲ့တာျဖစ္ၿပီး နည္းဗ်ဴဟာမႉး( ဗိုလ္မႉးႀကီး) တပ္မမႉး ( ဗိုလ္မႉးခ်ဳပ္)အဆင့္ေတြ က်ဆုံးတာဟာ ရွားပါးတယ္လို႔ CDM တပ္မေတာ္သားေတြကေျပာပါတယ္။

ဓာတ္ပုံ – ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ဝင္းမင္းဦး။

AyeyarwaddyTimes

“Breaking News”တပ်မ ၄၄ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ယနေ့မနက် ကရင်ပြည်နယ်တိုက်ပွဲတွင် ကျဆုံး

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၁၉ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေပြု အမှတ် ၄၄၁ နည်းဗျူဟာ(နဗဟ ၄၄၁) ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဒီကနေ့ မနက်ပိုင်းမှာတိုက်ပွဲကျဆုံးသွားတယ်လို့ သိရပါတယ်။

အမှတ် ၄၄၁ နည်းဗျူဟာ ကအမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ နည်းဗျူဟာ ၃ ခုအနက်က ၁ ခုဖြစ်ပြီး တပ်မဟာ ၅ နယ်မြေအတွင်းတိုက် ခိုက်ရေးဝင်ရောက်နေတာဖြစ်ကာ ဒီမနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာကျဆုံးခဲ့တာ ဖြစ်ပါတယ်။

”ကျတာက ဒီမနက် ၉ နာရီလောက်မှာလို့သိရတယ်။ တပ်မဟာ ၅ ထဲက ရွှေညောင်ပင်ဘုရားကုန်းမှာ သူထိုင်တာ၊ စနိုက်ဘာထိတာလို့သိရတယ်။ ဘယ်လိုထိပြီးကျသွားတာလဲတော့ မသိဘူး။ သူ့မိသားစုဆီဒီမနက်အကြောင်းကြားလာတာ။ သူကနိုင်ငံတော်ကာ ကွယ်ရေးတက္ကသိုလ်ဆင်းလာပြီးမကြားဘူး ရှေ့ တန်းရောက်တာ ၂ လ ကျော် လောက်ဘဲရှိသေးတယ်” လို့ မိသားစုနဲ့ နီးစပ်တဲ့ကျိုက်ထိုတပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦး ဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၄၂ ဆင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(NDC) တက်ရောက်ပြီးသူဖြစ်ကာ၎င်းမှာ ဇနီးနဲ့ သား ၁ ဦး၊ သမီး ၁ ဦးကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

KNLA ရှေ့တန်းသတင်းရင်းမြစ်တွေကိုမေးမြန်းရာမှာ တပ်မဟာ ၅ နယ်မြေအတွင်း မနေ့ညကနေ ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲဖြစ်ပွားနေပြီး အခြေနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။

“တပ်မဟာ ၅ ထဲမှာ ညကတည်းက တိုက်ပွဲဖြစ်နေတာ။ ညက ၁ ကြိမ်၊ ဒီမနက် ၁ ကြိမ် တောက်လျှောက်ဖြစ်နေတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းကတော့ ထိုးနေဆဲပဲ။ အထိအခိုက်အကျအဆုံး အတိအကျတော့ ကျနော်တို့ မသိရသေးဘူး”ဟု တပ်မဟာ ၅ အတွင်း တိုက်ပွဲဝင်နေတဲ့ KNLA တပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကို KNU ဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေအသေးစိတ်ကိုဆက်လက်ဖော်ပြပေးပါမယ်။

စစ်ကောင်စီတပ်မှာ ယခင်အဆက်ဆက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်တွေသာတိုက်ပွဲ အတွင်းကျဆုံးများခဲ့တာဖြစ်ပြီး နည်းဗျူဟာမှူး( ဗိုလ်မှူးကြီး) တပ်မမှူး ( ဗိုလ်မှူးချုပ်)အဆင့်တွေ ကျဆုံးတာဟာ ရှားပါးတယ်လို့ CDM တပ်မတော်သားတွေကပြောပါတယ်။

ဓာတ်ပုံ – ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး။

AyeyarwaddyTimes