Local News

ေက်ာင္းမွျပန္လာသည့္ ကေလးငယ္ ႏွစ္ဦး စစ္ေကာင္စီရဲ႕ လက္နက္ၾကီးက်ည္ ထိမွန္ကာ ေသဆံုးရျပန္

ေက်ာင္းမွျပန္လာသည့္ ကေလးငယ္ ႏွစ္ဦး စစ္ေကာင္စီရဲ႕ လက္နက္ၾကီးက်ည္ ထိမွန္ကာ ေသဆံုးရျပန္

ေက်ာင္းမွျပန္လာသည့္ ၆ ႏွစ္၊ ၇ ႏွစ္ ေယာက္်ားေလးမ်ား ေသဆုံး၍ သက္တူ႐ြယ္တူ မိန္းကေလးငယ္ ဒဏ္ရာျပင္းထန္သည့္ ထိုျဖစ္စဥ္၏လက္သည္မွာ စစ္ေကာင္စီဟု ေဒသခံမ်ားေျပာ

ခ်င္းျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးႏွင့္ အေနာက္ဘက္ ၁၅ မိုင္ခန႔္အကြာ ဘုန္လြန္႐ြာကို ယမန္ေန႔ (ေအာက္တိုဘာ ၁၉) ရက္ ညေနပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲရာ ေယာက္်ားေလး ႏွစ္ဦး ေသဆုံး၍ မိန္းကေလးငယ္တစ္ဦး ဒဏ္ရာအျပင္းအထန္ရသြားသည္။

ေသဆုံးသူတို႔မွာ ေက်ာင္းမွျပန္လာသည့္ အသက္ ၆ ႏွစ္အ႐ြယ္ ဟင္နရီဘြယ္ဇလ်န္း (Henry Bawi Za Lian)၊ အသက္ ၇ ႏွစ္ရွိ ဂ်ိန္းရွမ္းဇာအုပ္ (James Siang Za Uk) တို႔ျဖစ္သည္။ ဒဏ္ရာရသည့္ ၆ ႏွစ္အ႐ြယ္ နန္စီ (Nancy) ၏ အေျခအေနႏွင့္ ပစ္ခတ္မႈျဖစ္စဥ္တို႔၏ အေသးစိတ္ကိုမူ အတည္မျပဳႏိုင္ေသးေပ။

ဘုန္လြန္႐ြာသည္ စစ္ေကာင္စီကို ဆန႔္က်င္ေနသည့္ ေတာ္လွန္ေရးအင္အားစုမ်ားက ဆန္ထန္ (Santhang) နယ္ေျမအျဖစ္ သတ္မွတ္ထားသည့္ ဟားခါးၿမိဳ႕နယ္ ေက်း႐ြာ ၃၂ ႐ြာအတြင္း ပါဝင္သည္။ ဆန္ထန္နယ္ ေျပာေရးဆိုခြင့္ရွိသူက လက္နက္ႀကီးပစ္ခတ္သူမွာ စစ္ေကာင္စီသာ ျဖစ္မည္ဟု ေျပာသည္။

“ကြၽန္ေတာ္တို႔ဘက္မွာ က်ေတာ့ လက္နက္ႀကီးေတာ္ေတာ္မ်ားမ်ားက စစ္ေကာင္စီဘက္ကပဲ ပစ္တာ။ ဟားခါးနယ္အတြင္းမွာေတာ့ စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ဟိုပစ္၊ဒီပစ္ ပစ္ေနၾကပဲ”။

ထိုေဒသတြင္ တိုက္ပြဲမျဖစ္ဘဲ ႐ြာတြင္ လက္နက္ႀကီး ႐ုတ္တရက္ေပါက္ကြဲသည္ျဖစ္၍ စစ္တပ္က ဒ႐ုန္းသုံး၍ တိုက္ခိုက္သည္ဟု ယူဆေၾကာင္း ခ်င္းေတာ္လွန္ေရးအဖြဲ႕ CDF ဟားခါး ေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။

“လက္နက္ႀကီးေတြကို (စစ္ေကာင္စီက) ဟားခါးၿမိဳ႕ေပၚက ေနရာ ၃ ေနရာေလာက္က ပစ္ေလ့ရွိတယ္။ ဒါေပမဲ့ ပစ္တဲ့ေနရာနဲ႔ကက်ေတာ့ ႐ြာက ေတာ္ေတာ္ေဝးတယ္။ ဆိုေတာ့ ဘယ္ကေန ဗုံးျဖစ္ႏိုင္မလဲဆိုေတာ့ ဒ႐ုန္းပဲ ျဖစ္မလားဆိုၿပီး ခန႔္မွန္းတယ္။ ေလယာဥ္လည္း မလာဘူးဆိုေတာ့ ဒ႐ုန္းပဲ ျဖစ္မယ္လို႔ ခန႔္မွန္းၾကတာပါ” ဟု ၎က ဆိုသည္။

ဟားခါးႏွင့္ ထန္တလန္ၾကားတြင္ လမ္းပန္းဆက္သြယ္ေရးအရ အေရးပါသည့္ သီးျမစ္ ေခ်ာင္းကူးတံတားအနီးတြင္ စစ္တပ္ႏွင့္ ခ်င္းေဒသကာကြယ္ေရးအဖြဲ႕ၾကား ၿပီးခဲ့သည့္ရက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့ေသာ္လည္း လက္နက္ႀကီးထိသည့္ ဘုန္လြန္႐ြာႏွင့္ အလွမ္းကြာေဝးေၾကာင္း ေဒသခံအခ်ိဳ႕ထံမွ စုံစမ္းသိရွိရသည္။

ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းခဲ့သည့္ ၂၀၂၁ ေဖေဖာ္ဝါရီမွစၿပီး ေျမျမႇဳပ္မိုင္းႏွင့္ မေပါက္ကြဲေသးသည့္ စစ္လက္နက္ပစၥည္းမ်ားေၾကာင့္ အနည္းဆုံး ကေလးငယ္ ၁၁၅ ဦးေသဆုံး ဒဏ္ရာရခဲ့ၿပီး၊ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအတြင္းမွာပင္ ေသဆုံးဒဏ္ရာရသူကေလးငယ္ ၄၇ ဦးထိရွိခဲ့ေၾကာင္း ကုလသမဂၢဆိုင္ရာ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ UNICEF Myanmar က ယခုႏွစ္ ဇြန္လကုန္ပိုင္းတြင္ ထုတ္ျပန္ထားသည္။

စစ္တပ္လက္ခ်က္ျဖင့္ ကေလးမ်ား ေသဆုံးရသည့္ ျဖစ္စဥ္မ်ားထဲတြင္ စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာ စာသင္ေက်ာင္းကို စက္တင္ဘာလအတြင္း စစ္ေကာင္စီက ေလေၾကာင္းမွ ပစ္ခတ္ခဲ့၍ ကေလး ၇ ဦး၊ လူႀကီး ၆ ဦးထက္ မနည္းေသဆုံးသည့္ ျဖစ္စဥ္မွာ ထင္ရွားသည္။

ကျောင်းမှပြန်လာသည့် ကလေးငယ် နှစ်ဦး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးရပြန်

ကျောင်းမှပြန်လာသည့် ၆ နှစ်၊ ၇ နှစ် ယောက်ျားလေးများ သေဆုံး၍ သက်တူရွယ်တူ မိန်းကလေးငယ် ဒဏ်ရာပြင်းထန်သည့် ထိုဖြစ်စဉ်၏လက်သည်မှာ စစ်ကောင်စီဟု ဒေသခံများပြော

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဘုန်လွန်ရွာကို ယမန်နေ့ (အောက်တိုဘာ ၁၉) ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ယောက်ျားလေး နှစ်ဦး သေဆုံး၍ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။

သေဆုံးသူတို့မှာ ကျောင်းမှပြန်လာသည့် အသက် ၆ နှစ်အရွယ် ဟင်နရီဘွယ်ဇလျန်း (Henry Bawi Za Lian)၊ အသက် ၇ နှစ်ရှိ ဂျိန်းရှမ်းဇာအုပ် (James Siang Za Uk) တို့ဖြစ်သည်။ ဒဏ်ရာရသည့် ၆ နှစ်အရွယ် နန်စီ (Nancy) ၏ အခြေအနေနှင့် ပစ်ခတ်မှုဖြစ်စဉ်တို့၏ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ဘုန်လွန်ရွာသည် စစ်ကောင်စီကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများက ဆန်ထန် (Santhang) နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဟားခါးမြို့နယ် ကျေးရွာ ၃၂ ရွာအတွင်း ပါဝင်သည်။ ဆန်ထန်နယ် ပြောရေးဆိုခွင့်ရှိသူက လက်နက်ကြီးပစ်ခတ်သူမှာ စစ်ကောင်စီသာ ဖြစ်မည်ဟု ပြောသည်။

“ကျွန်တော်တို့ဘက်မှာ ကျတော့ လက်နက်ကြီးတော်တော်များများက စစ်ကောင်စီဘက်ကပဲ ပစ်တာ။ ဟားခါးနယ်အတွင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဟိုပစ်၊ဒီပစ် ပစ်နေကြပဲ”။

ထိုဒေသတွင် တိုက်ပွဲမဖြစ်ဘဲ ရွာတွင် လက်နက်ကြီး ရုတ်တရက်ပေါက်ကွဲသည်ဖြစ်၍ စစ်တပ်က ဒရုန်းသုံး၍ တိုက်ခိုက်သည်ဟု ယူဆကြောင်း ချင်းတော်လှန်ရေးအဖွဲ့ CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“လက်နက်ကြီးတွေကို (စစ်ကောင်စီက) ဟားခါးမြို့ပေါ်က နေရာ ၃ နေရာလောက်က ပစ်လေ့ရှိတယ်။ ဒါပေမဲ့ ပစ်တဲ့နေရာနဲ့ကကျတော့ ရွာက တော်တော်ဝေးတယ်။ ဆိုတော့ ဘယ်ကနေ ဗုံးဖြစ်နိုင်မလဲဆိုတော့ ဒရုန်းပဲ ဖြစ်မလားဆိုပြီး ခန့်မှန်းတယ်။ လေယာဉ်လည်း မလာဘူးဆိုတော့ ဒရုန်းပဲ ဖြစ်မယ်လို့ ခန့်မှန်းကြတာပါ” ဟု ၎င်းက ဆိုသည်။

ဟားခါးနှင့် ထန်တလန်ကြားတွင် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် သီးမြစ် ချောင်းကူးတံတားအနီးတွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ကြား ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီးထိသည့် ဘုန်လွန်ရွာနှင့် အလှမ်းကွာဝေးကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦးသေဆုံး ဒဏ်ရာရခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းမှာပင် သေဆုံးဒဏ်ရာရသူကလေးငယ် ၄၇ ဦးထိရှိခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNICEF Myanmar က ယခုနှစ် ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်တပ်လက်ချက်ဖြင့် ကလေးများ သေဆုံးရသည့် ဖြစ်စဉ်များထဲတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့၍ ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက် မနည်းသေဆုံးသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။