Local News

ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံကို ပထမဆုံးေၾကညာခံရမႈအေပၚ

ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံကို ပထမဆုံးေၾကညာခံရမႈအေပၚ ယခင္ကလည္း ေၾကညာခံခဲ့ရၿပီး ေက်ာ္လႊားႏိုင္ခဲ့၍ ဆုံးရႈံးထိခိုက္ စရာမရွိဟု စစ္တပ္ႏွင့္ဗဟိုဘဏ္က သတင္းအမွားမ်ား ျဖန႔္

ရန္ကုန္၊ ေအာက္တိုဘာ ၂၂

ကမာၻ႔ေငြေၾကးခဝါခ်မႈႏွင့္အၾကမ္းဖက္မႈ ဘ႑ာေရးဆိုင္ရာ ေစာင့္ၾကည့္ေရးအဖြဲ႕(FATF) က ေအာက္တိုဘာလ ၂၁ ရက္ေန႔ ညပိုင္းတြင္ ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံအျဖစ္ ေၾကညာျခင္းသည္ ျမန္မာႏိုင္ငံအေနျဖင့္ ပထမဆုံးအႀကိမ္အျဖစ္ ေၾကညာခံလိုက္ရျခင္းျဖစ္သည္။

စစ္တပ္ေထာက္ခံသူမ်ား၊ စစ္ေလာ္ဘီမ်ားက ျမန္မာႏိုင္ငံသည္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံ(Black List) အျဖစ္ FATF ၏ ေၾကညာမႈ ခံခဲ့ရၿပီး ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ခဲ့ေၾကာင္း၊ အမည္ပ်က္စာရင္း ေၾကညာခံရ၍ ဆုံးရႈံးထိခိုက္စရာမရွိဆိုေသာ သတင္းအမွားမ်ားကို ျဖန႔္ခ်ိလ်က္ရွိေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္၏ ေလ့လာခ်က္မ်ားအရ ျမန္မာႏိုင္ငံသည္ ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံအျဖစ္ ေၾကညာခံခဲ့ရျခင္း တစ္ႀကိမ္မွ် မရွိခဲ့ဘဲ ယခု ၂၀၂၂ ခုႏွစ္တြင္မွ ပထမဆုံးအႀကိမ္အျဖစ္ ေငြေၾကးခဝါခ်ေသာ အမည္ပ်က္ႏိုင္ငံ အျဖစ္ ေၾကညာခံရျခင္းျဖစ္သည္ကို ေတြ႕ရွိရသည္။

ျမန္မာႏိုင္ငံသည္ ၂၀၀၁ ခုႏွစ္ FATF ၏ ပူးေပါင္းေဆာင္႐ြက္မႈ မရွိေသာ NCCT (Non-Cooperative Countries and Territories ) စာရင္းတြင္ထည့္သြင္းေဖာ္ျပခံခဲ့ရၿပီး ၂၀၀၆ ခုႏွစ္တြင္ NCCT ႏိုင္ငံစာရင္းမွ လြတ္ေျမာက္ခဲ့သည္။

၂၀၁၁ ခုႏွစ္တြင္ FATF ကသတ္မွတ္သည့္စည္းကမ္းခ်က္မ်ားကို လိုက္ပါေဆာင္ ႐ြက္ႏိုင္ျခင္းမရွိဘဲ FATF က ခ်မွတ္ထားသည့္ Action Plan ကိုလည္း မေဆာင္ ႐ြက္သည့္ ႏိုင္ငံမ်ားစာရင္း (Grey List ) တြင္ပါဝင္လာခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ Grey List မွ လြတ္ေျမာက္ခဲ့သည္။

ယင္းေနာက္ ,ယခု ၂၀၂၂ ခုႏွစ္တြင္ FATF က ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်သည့္ အမည္ပ်က္ႏိုင္ငံ Blacklist အျဖစ္ ပထမဆုံးအႀကိမ္အျဖစ္ ေၾကညာခဲ့ၿပီး ေျမာက္ကိုရီယား၊ အီရန္ႏိုင္ငံၿပီးလွ်င္ တတိယေျမာက္ အမည္ပ်က္ႏိုင္ငံအျဖစ္ ေၾက ညာခံခဲ့ရျခင္းျဖစ္သည္။

သို႔ရာတြင္ စစ္ေလာ္ဘီမ်ားႏွင့္စစ္တပ္ေထာက္ခံသူမ်ားက ၂၀၁၁ မွ ၂၀၁၆ခုႏွစ္အထိ ျမန္မာႏိုင္ငံသည္ FATF ၏ အမည္ပ်က္စာရင္း Blacklist စာရင္းတြင္ ပါဝင္ခဲ့ၿပီး ေက်ာ္လႊားႏိုင္ခဲ့ေၾကာင္း၊ ေၾကာက္စရာမလိုေၾကာင္း စသည့္အယူအဆ အလြဲအမွားမ်ားႏွင့္ သတင္းအမွားမ်ားကို လႊင့္ထုတ္ေနၿပီး စီးပြား ေရးသမားတခ်ိဳ႕ကလည္း ယင္း သတင္းအမွားမ်ားကို မီဒီယာမ်ားတြင္ ပါ ထပ္ဆင့္ ထုတ္ေဖာ္ေျပာဆိုလာေၾကာင္း သိရွိရသည္။

“သတင္းအမွား အခ်က္အလက္အမွားေတြနဲ႔ ေျပာေနရင္ ဆုံးရႈံးမႈႀကီးႏိုင္တယ္။ အရွိတရားကို လက္ခံၿပီး ေက်ာ္လႊားမယ့္ နည္းလမ္းကို စဥ္းစားရမွာ။ အခုက တန္ ျပန္ ဝါဒမႈိင္းနဲ႔ ျပည္သူေတြ မေၾကာက္နဲ႔ဆိုတာမ်ိဳးက တကယ္ ႐ိုက္ခတ္လာတဲ့အခါ ေက်ာ္လႊားႏိုင္ဖို႔ လမ္းမျမင္ဘဲ ပိုၿပီး ဆုံးရႈံးမႈႀကီးႏိုင္တယ္”ဟု ရန္ကုန္စီးပြားေရးသမားက သုံးသပ္ေျပာဆိုသည္။

စစ္ေကာင္စီ၏ ဗဟိုဘဏ္ကလည္း ျမန္မာႏိုင္ငံသည္ FATF အဖြဲ႕၏ အမည္ပ်က္စာရင္း ေၾကညာခံထိုက္သည့္ ႏိုင္ငံမဟုတ္ဘဲ ေျမာက္ကိုရီးယားႏွင့္အီရန္တို႔ကဲ့သို႔ အေရးယူေဆာင္႐ြက္ရမည့္ အဆင့္မ်ိဳးမဟုတ္ေၾကာင္း၊ FATF ၏ အႀကံျပဳခ်က္ ၄၀ တြင္ အခ်က္ ၂၀ ေက်ာ္ကိုသတ္မွတ္ကာလအတြင္း ျပည့္မီ ေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့ေသာ္လည္း ၂၄ ခ်က္ကို ျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ လာမည့္ ၁ ႏွစ္အတြင္း အမည္ပ်က္စာရင္းမွ လြတ္ေျမာက္ေအာင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

အမည္ပ်က္စာရင္းေၾကညာမႈအေပၚ ျပည္သူမ်ား စိုးရိမ္မႈ လြန္ကဲရန္ မလိုအပ္ဘဲ ေငြေၾကးေစ်းကြက္ မသမာမႈမ်ား မျပဳလုပ္ၾကရန္ ျပဳလုပ္ပါက အေရးယူမည္ျဖစ္ေၾကာင္း စစ္ေကာင္စီ၏ ဗဟိုဘဏ္က ေၾကညာခ်က္ ထုတ္ျပန္သည္။

ဓာတ္ပုံ-ယမန္ႏွစ္ ရန္ကုန္ရွိ ဗဟိုဘဏ္ေရွ႕တြင္ ကင္းလွည့္ေနသည့္ အၾကမ္း ဖက္ စစ္သားမ်ား။

Photo- Reuters

ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပထမဆုံးကြေညာခံရမှုအပေါ် ယခင်ကလည်း ကြေညာခံခဲ့ရပြီး ကျော်လွှားနိုင်ခဲ့၍ ဆုံးရှုံးထိခိုက် စရာမရှိဟု စစ်တပ်နှင့်ဗဟိုဘဏ်က သတင်းအမှားများ ဖြန့်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့(FATF) က အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ကြေညာခံလိုက်ရခြင်းဖြစ်သည်။

စစ်တပ်ထောက်ခံသူများ၊ စစ်လော်ဘီများက မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ(Black List) အဖြစ် FATF ၏ ကြေညာမှု ခံခဲ့ရပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ အမည်ပျက်စာရင်း ကြေညာခံရ၍ ဆုံးရှုံးထိခိုက်စရာမရှိဆိုသော သတင်းအမှားများကို ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ လေ့လာချက်များအရ မြန်မာနိုင်ငံသည် ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ် ကြေညာခံခဲ့ရခြင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ငွေကြေးခဝါချသော အမည်ပျက်နိုင်ငံ အဖြစ် ကြေညာခံရခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ် FATF ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသော NCCT (Non-Cooperative Countries and Territories ) စာရင်းတွင်ထည့်သွင်းဖော်ပြခံခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် NCCT နိုင်ငံစာရင်းမှ လွတ်မြောက်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် FATF ကသတ်မှတ်သည့်စည်းကမ်းချက်များကို လိုက်ပါဆောင် ရွက်နိုင်ခြင်းမရှိဘဲ FATF က ချမှတ်ထားသည့် Action Plan ကိုလည်း မဆောင် ရွက်သည့် နိုင်ငံများစာရင်း (Grey List ) တွင်ပါဝင်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Grey List မှ လွတ်မြောက်ခဲ့သည်။

ယင်းနောက် ,ယခု ၂၀၂၂ ခုနှစ်တွင် FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ Blacklist အဖြစ် ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့ပြီး မြောက်ကိုရီယား၊ အီရန်နိုင်ငံပြီးလျှင် တတိယမြောက် အမည်ပျက်နိုင်ငံအဖြစ် ကြေ ညာခံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် စစ်လော်ဘီများနှင့်စစ်တပ်ထောက်ခံသူများက ၂၀၁၁ မှ ၂၀၁၆ခုနှစ်အထိ မြန်မာနိုင်ငံသည် FATF ၏ အမည်ပျက်စာရင်း Blacklist စာရင်းတွင် ပါဝင်ခဲ့ပြီး ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကြောက်စရာမလိုကြောင်း စသည့်အယူအဆ အလွဲအမှားများနှင့် သတင်းအမှားများကို လွှင့်ထုတ်နေပြီး စီးပွား ရေးသမားတချို့ကလည်း ယင်း သတင်းအမှားများကို မီဒီယာများတွင် ပါ ထပ်ဆင့် ထုတ်ဖော်ပြောဆိုလာကြောင်း သိရှိရသည်။

“သတင်းအမှား အချက်အလက်အမှားတွေနဲ့ ပြောနေရင် ဆုံးရှုံးမှုကြီးနိုင်တယ်။ အရှိတရားကို လက်ခံပြီး ကျော်လွှားမယ့် နည်းလမ်းကို စဉ်းစားရမှာ။ အခုက တန် ပြန် ဝါဒမှိုင်းနဲ့ ပြည်သူတွေ မကြောက်နဲ့ဆိုတာမျိုးက တကယ် ရိုက်ခတ်လာတဲ့အခါ ကျော်လွှားနိုင်ဖို့ လမ်းမမြင်ဘဲ ပိုပြီး ဆုံးရှုံးမှုကြီးနိုင်တယ်”ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း မြန်မာနိုင်ငံသည် FATF အဖွဲ့၏ အမည်ပျက်စာရင်း ကြေညာခံထိုက်သည့် နိုင်ငံမဟုတ်ဘဲ မြောက်ကိုရီးယားနှင့်အီရန်တို့ကဲ့သို့ အရေးယူဆောင်ရွက်ရမည့် အဆင့်မျိုးမဟုတ်ကြောင်း၊ FATF ၏ အကြံပြုချက် ၄၀ တွင် အချက် ၂၀ ကျော်ကိုသတ်မှတ်ကာလအတွင်း ပြည့်မီ အောင် မဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၄ ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လာမည့် ၁ နှစ်အတွင်း အမည်ပျက်စာရင်းမှ လွတ်မြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အမည်ပျက်စာရင်းကြေညာမှုအပေါ် ပြည်သူများ စိုးရိမ်မှု လွန်ကဲရန် မလိုအပ်ဘဲ ငွေကြေးဈေးကွက် မသမာမှုများ မပြုလုပ်ကြရန် ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်သည်။

ဓာတ်ပုံ-ယမန်နှစ် ရန်ကုန်ရှိ ဗဟိုဘဏ်ရှေ့တွင် ကင်းလှည့်နေသည့် အကြမ်း ဖက် စစ်သားများ။

Photo- Reuters