Local News

မလႈိင္မွာ ဒ႐ုန္းနဲ႔ ဗုံးႀကဲလို႔ စကစ အနည္းဆုံး ႏွစ္ေယာက္ေသ၊စစ္အုပ္စု ေၾကာက္လန႔္တၾကား ထြက္ေျပး၊

မလႈိင္မွာ ဒ႐ုန္းနဲ႔ ဗုံးႀကဲလို႔ စကစ အနည္းဆုံး ႏွစ္ေယာက္ေသ၊စစ္အုပ္စု ေၾကာက္လန႔္တၾကား ထြက္ေျပး၊

MFP ၊ ေအာက္တိုဘာ – ၂၃

မႏၲေလးတိုင္း မိတၳီလာခ႐ိုင္ မလႈိင္ၿမိဳ႕နယ္၊ သရက္ေကာင္းပင္႐ြာထဲ စီးနင္းအထိုင္ခ်ေနၿပီး ျပည္သူကို ရန္ျပဳ ေသာင္းက်န္း ဖိႏွိပ္ေနတဲ့ စစ္အုပ္စုကို

ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ရာ စကစ အနည္းဆုံး ႏွစ္ေယာက္ ေသတယ္လို႔ ျမင္းၿခံခ႐ိုင္ အမွတ္(၄)တပ္ရင္း – Natogyi People Defence Force – NPDF က သတင္း ထုတ္ျပန္ပါတယ္။

ေအာက္တိုဘာ(၂၁)ရက္ ညေန(၄)နာရီက မလႈိင္နယ္၊ သရက္ေကာင္းပင္ေက်း႐ြာထဲက စစ္အုပ္စုကို တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“သရက္ေကာင္းပင္ ေက်း႐ြာအတြင္း တပ္ဆြဲထားေသာ (စခ)မ်ားကို ကြၽႏ္ုပ္တို႔ NPDF အဖြဲ႕မွ Drone ျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ (စခ)မ်ားဘက္မွ ႏွစ္ေကာင္ ပြဲခ်င္းၿပီး (ဂန႔္)သြားခဲ့ၿပီး ထပ္တိုး (ဂန႔္)သူမ်ားႏွင့္ ဒဏ္ရာရရွိသူမ်ား ရွိ” လို႔ NPDF က ေဖာ္ျပပါတယ္။

စစ္အုပ္စုက မႏၲေလးတိုင္း မလႈိင္၊ မိတၳီလာႏွင့္ ျမင္းၿခံ စတဲ့ နယ္ေတြထဲ ႐ြာစဥ္ပတ္ေမႊကာ လူသတ္၊ လုယက္၊ ဓားျပတိုက္၊

ဖမ္းဆီးေငြညႇစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနၿပီး ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြကလည္း “အသက္ကိုဖ်က္လို႔ အသက္ကို ျပန္လုမယ့္ ေတာက်ီးကန္း စစ္ဆင္ေရး” အျဖစ္ စစ္အုပ္စုကို ခုခံတိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

မလှိုင်မှာ ဒရုန်းနဲ့ ဗုံးကြဲလို့ စကစ အနည်းဆုံး နှစ်ယောက်သေ၊စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး၊

MFP ၊ အောက်တိုဘာ – ၂၃

မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ရန်ပြု သောင်းကျန်း ဖိနှိပ်နေတဲ့ စစ်အုပ်စုကို

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စကစ အနည်းဆုံး နှစ်ယောက် သေတယ်လို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း – Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၁)ရက် ညနေ(၄)နာရီက မလှိုင်နယ်၊ သရက်ကောင်းပင်ကျေးရွာထဲက စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သရက်ကောင်းပင် ကျေးရွာအတွင်း တပ်ဆွဲထားသော (စခ)များကို ကျွန်ုပ်တို့ NPDF အဖွဲ့မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ (စခ)များဘက်မှ နှစ်ကောင် ပွဲချင်းပြီး (ဂန့်)သွားခဲ့ပြီး ထပ်တိုး (ဂန့်)သူများနှင့် ဒဏ်ရာရရှိသူများ ရှိ” လို့ NPDF က ဖော်ပြပါတယ်။

စစ်အုပ်စုက မန္တလေးတိုင်း မလှိုင်၊ မိတ္ထီလာနှင့် မြင်းခြံ စတဲ့ နယ်တွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊

ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း “အသက်ကိုဖျက်လို့ အသက်ကို ပြန်လုမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။