Local News

ဒီမနက္ ဖားကန႔္သတင္းၾကားရတာ တကယ္ကို စိတ္မေကာင္းျဖစ္မိတယ္

ဒီမနက္ ဖားကန႔္သတင္းၾကားရတာ တကယ္ကို စိတ္မေကာင္းျဖစ္မိတယ္

Breaking News– ဖားကန႔္တြင္ ၆၂ ႏွစ္ေျမာက္ KIO ေန႔ အထိမ္းအမွတ္ ေတးဂီတ ေဖ်ာ္ေျဖပြဲျပဳလုပ္ေနစဥ္ စစ္တပ္က တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲမႈ အႏုပညာရွင္ႏွင့္ ျပည္သူ ၅၀ နီးပါး ထိခိုက္ေသဆုံး၊ ကခ်င္နာမည္ေက်ာ္အဆိုေတာ္ Aurali Lahpai ကြယ္လြန္

ရန္ကုန္၊ ေအာက္တိုဘာ ၂၄

ကခ်င္ျပည္နယ္၊ ဖားကန႔္တြင္ ယမန္ေန႔ညပိုင္း ၆၂ ႏွစ္ေျမာက္ KIO ေန႔ အထိမ္း အမွတ္အတြက္ ေတးဂီတ ေဖ်ာ္ေျဖပြဲျပဳလုပ္ေနစဥ္ စစ္တပ္က တိုက္ ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲမႈ အႏုပညာရွင္ႏွင့္ျပည္သူ ၅၀ နီးပါး ထိခိုက္ေသဆုံးသြားေၾကာင္း ကခ်င္ သတင္းရင္းျမစ္မ်ားက အတည္ျပဳေျပာဆိုသည္။

ေအာက္တိုဘာလ ၂၃ ရက္ေန႔ ည ၈ နာရီ ၄၀ မိနစ္အခ်ိန္ စစ္တပ္က ဂ်က္ေလ ယာဥ္မ်ားျဖင့္ ၆၂ ႏွစ္ေျမာက္ KIO အထိမ္းအမွတ္ေန႔ ေတးဂီတ ေဖ်ာ္ေျဖပြဲအခမ္းအနားက်င္းပေနသည့္အေပၚ ဗုံးက်ဲျခင္းျဖစ္ေၾကာင္း၊ ေတးဂီတ ေဖ်ာ္ေျဖပြဲတြင္ အႏုပညာရွင္မ်ား ျပည္သူမ်ား တက္ေရာက္ခ်ိန္ျဖစ္ေၾကာင္း၊ ယင္းသို႔ ဗုံးက်ဲမႈေၾကာင့္ ကခ်င္ နာမည္ေက်ာ္အႏုပညာရွင္တခ်ိဳ႕ ေသဆုံးခဲ့ေၾကာင္း သတင္းမ်ားရရွိထားၿပီး အတည္ျပဳႏိုင္ရန္ ဆက္လက္ စုံစမ္းေနဆဲျဖစ္သည္။

” ဖားကန႔္ တပ္မဟာ ၉ မွာ သီခ်င္းဆိုပြဲလုပ္ေနတာ။ မေန႔ ည ၉ နာရီေလာက္က မအလ တပ္က ေလယာဥ္နဲ႔ဗုံးက်ဲခ်တာ အႏုပညာရွင္ေတြ ျပည္သူေတြေရာ အပါအဝင္ ၅၀ ေက်ာ္ေတာ့ ထိခိုက္ေသဆုံးမႈရွိတယ္။ စာရင္းေတာ့ အတိအက် မသိရေသးဘူး။ ဒဏ္ရာရတာေရာ၊ ေသဆုံးတာေရာက ၅၀ ေက်ာ္တယ္လို႔ သိရပါတယ္။ ျပည္သူေတြေရာ အႏုပညာရွင္ေတြကို အေပၚက ဗုံးနဲ႔ က်ဲခ်တာပါ ” ဟု ေဒသသတင္းရင္းျမစ္က ေျပာသည္။

စစ္တပ္က ေတးဂီတေဖ်ာ္ေျဖပြဲက်င္းပသည့္ေနရာကို စစ္ေလယာဥ္ျဖင့္ ဗုံးက်ဲခ်မႈေၾကာင့္ ကခ်င္တိုင္းရင္းသား နာမည္ေက်ာ္ အဆိုေတာ္ ေတးသံရွင္ ေအာ္ရာလီ (Aurali) ေသဆုံးသြားေၾကာင္း အတည္ျပဳ ႏိုင္ၿပီျဖစ္သည္။

“KIO က အရာရွိအခ်ိဳ႕လည္း ထိတယ္လို႔ သိရတယ္၊ ဘယ္သူေတြလဲဆိုတာေတာ့ မသိရေသးဘူး” ဟု KIO ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက KIO ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘူကို ဖုန္းေခၚဆိုလ်က္ရွိေသာ္လည္း လက္ခံ ေျဖဆိုျခင္းမရွိေပ။

ေတးဂီတေဖ်ာ္ေျဖပြဲ ဗုံးက်ဲခံရမႈႏွင့္ပတ္သက္၍ ရန္ကုန္ေခတ္သစ္ အေသးစိတ္ ထပ္မံ စုံစမ္းလ်က္ရွိသည္။

ဓာတ္ပုံ- စစ္တပ္၏ ေလယာဥ္ျဖင့္ ဗုံးက်ဲမႈေၾကာင့္ ယမန္ေန႔ည ကြယ္လြန္သြားေသာ ကခ်င္ နာမည္ေက်ာ္ အဆိုေတာ္ Aurali Lahpai ။

ဒီမနက် ဖားကန့်သတင်းကြားရတာ တကယ်ကို စိတ်မကောင်းဖြစ်မိတယ်

Breaking News– ဖားကန့်တွင် ၆၂ နှစ်မြောက် KIO နေ့ အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှု အနုပညာရှင်နှင့် ပြည်သူ ၅၀ နီးပါး ထိခိုက်သေဆုံး၊ ကချင်နာမည်ကျော်အဆိုတော် Aurali Lahpai ကွယ်လွန်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်တွင် ယမန်နေ့ညပိုင်း ၆၂ နှစ်မြောက် KIO နေ့ အထိမ်း အမှတ်အတွက် တေးဂီတ ဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်တပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲမှု အနုပညာရှင်နှင့်ပြည်သူ ၅၀ နီးပါး ထိခိုက်သေဆုံးသွားကြောင်း ကချင် သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေ ယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ပြည်သူများ တက်ရောက်ချိန်ဖြစ်ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ကချင် နာမည်ကျော်အနုပညာရှင်တချို့ သေဆုံးခဲ့ကြောင်း သတင်းများရရှိထားပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည ၉ နာရီလောက်က မအလ တပ်က လေယာဉ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်။ ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က တေးဂီတဖျော်ဖြေပွဲကျင်းပသည့်နေရာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကချင်တိုင်းရင်းသား နာမည်ကျော် အဆိုတော် တေးသံရှင် အော်ရာလီ (Aurali) သေဆုံးသွားကြောင်း အတည်ပြု နိုင်ပြီဖြစ်သည်။

“KIO က အရာရှိအချို့လည်း ထိတယ်လို့ သိရတယ်၊ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး” ဟု KIO နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းခေါ်ဆိုလျက်ရှိသော်လည်း လက်ခံ ဖြေဆိုခြင်းမရှိပေ။

တေးဂီတဖျော်ဖြေပွဲ ဗုံးကျဲခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ် အသေးစိတ် ထပ်မံ စုံစမ်းလျက်ရှိသည်။

ဓာတ်ပုံ- စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ယမန်နေ့ည ကွယ်လွန်သွားသော ကချင် နာမည်ကျော် အဆိုတော် Aurali Lahpai ။