Local News

ဆင္ျဖဴေတာ္သြားဖမ္းသည့္အဖြဲ႕ ပိုက္ဆံယူၿပီးျပန္မလာ၍ စစ္ေကာင္စီအဖြဲ႕မ်ား လိုက္လံရွာေဖြေန

ဆင္ျဖဴေတာ္သြားဖမ္းသည့္အဖြဲ႕ ပိုက္ဆံယူၿပီးျပန္မလာ၍ စစ္ေကာင္စီအဖြဲ႕မ်ား လိုက္လံရွာေဖြေန

CjPlatform🖋️ကိုေပါက္

တိုက္ႀကီးၿမိဳ႕နယ္တြင္ ဆင္ျဖဴေတာ္ ေတြ႕ရွိသည္ဆိုသည့္ သတင္းေၾကာင့္ စစ္ေကာင္စီအဖြဲ႕မွ ဆင္ဖမ္းသည့္ အဖြဲ႕ကို ေငြေၾကးေပးၿပီး ေစလႊတ္လိုက္ရာ ျပန္လည္ေရာက္ရွိလာျခင္း မရွိသည့္အတြက္ စစ္ေကာင္စီတပ္က လိုက္လံ ရွာေဖြေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

တိုက္ႀကီးၿမိဳ႕ ဥကၠံတိုက္နယ္ ကင္းမတီးေက်း႐ြာႏွင့္ ကြမ္းသီးကန္ေက်း႐ြာဘက္ရွိ ေတာအတြင္း၌ ဆင္ ျဖဴေတာ္ေတြ႕ရွိသည္ဟု သတင္းမ်ားၾကားရၿပီးေနာက္ ေနျပည္ေတာ္သို႔စာပို႔ကာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က ဖမ္းဆီးေပးရန္တာဝန္ယူခဲ့သည္ဟု စစ္တပ္ႏွင့္နီးစပ္သူတစ္ဦးက CJ Platform ကိုေျပာသည္။

“ခမရ ၁၁ က ဗိုလ္မႉးတစ္ေယာက္က စစ္သားေတြရယ္ ဆင္ဖမ္းတဲ့အဖြဲ႕ေတြရယ္ေခၚၿပီး ဥကၠံနဲ႔တိုက္ႀကီးကို ေရာက္လာတယ္ ဆင္ျဖဴေတာ္ကို လိုက္ရွာၾကတာေပါ့ ဆယ္သိန္းေပးလိုက္ၾကတာ ဆင္ဖမ္းတဲ့အဖြဲ႕က ပိုက္ဆံယူၿပီးကတည္းက ျပန္မလာေတာ့လို႔ ေတာနင္းၿပီးလိုက္ရွာေနတယ္”ဟု ေျပာသည္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ တိုင္းမႉးအေနျဖင့္ ၿပီးခဲ့သည့္ လမ်ားႏွင့္ ရက္ပိုင္းအတြင္းက ရန္ကုန္တိုင္းအတြင္းပစ္ခတ္မႈျဖစ္စဥ္မ်ားအတြက္ ဆင္ျဖဴေတာ္ျဖင့္ အျပစ္မ်ားကို ဖုံးမိႏိူင္ရန္ စီစဥ္ခဲ့တာျဖစ္သည္ဟု စစ္မႈထမ္းေဟာင္းတစ္ဦးက CJ Platform ကိုေျပာသည္။

“တပ္ကေတာင္ ဆင္ျဖဴေတာ္လို႔ မသတ္မွတ္ရေသးဘူး ဗ်ဴဟာမႉးတစ္ေယာက္က ၫြန႔္ဝင္းေဆြကို အႀကံေပးၿပီးေနျပည္ေတာ္ကို ဆင္ျဖဴေတာ္ေတြ႕တယ္ ရွာေနတယ္ဆိုၿပီး လုပ္တာ အခုသြားရွာတဲ့အဖြဲ႕ကမေတြ႕ဘူး ေပးလိုက္တဲ့ပိုက္ဆံပါယူၿပီး ေပ်ာက္ေနတယ္”ဟု ရွင္းျပသည္။

အဆိုပါ သတင္းမ်ားအေပၚ စစ္ေကာင္စီ၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က “ဆင္ျဖဴေတာ္ ဟုတ္မဟုတ္ စိစစ္ဆဲျဖစ္ပါတယ္။ ေျမျပင္စိစစ္ရန္အတြက္ ေတာေတာင္ထဲျဖစ္သျဖင့္ အခ်ိန္ယူရမွာျဖစ္ပါတယ္။ ကြၽမ္းက်င္သူမ်ားက မ်က္ျမင္ေတြ႕ စိစစ္ၿပီးမွသာ သိရွိႏိုင္မွာျဖစ္ပါတယ္”ဟု ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၃ ရက္ကလည္း ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းဆင္ဝိုင္းမွ ဆင္မတစ္ေကာင္မွ ဆင္ျဖဴေတာ္အထီးတစ္ေကာင္ကို ေမြးဖြားခဲ့သည္ဟု စစ္ေကာင္စီက ထုတ္ျပန္ထားသည္။

ဆင်ဖြူတော်သွားဖမ်းသည့်အဖွဲ့ ပိုက်ဆံယူပြီးပြန်မလာ၍ စစ်ကောင်စီအဖွဲ့များ လိုက်လံရှာဖွေနေ

CjPlatform🖋️ကိုပေါက်

တိုက်ကြီးမြို့နယ်တွင် ဆင်ဖြူတော် တွေ့ရှိသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီအဖွဲ့မှ ဆင်ဖမ်းသည့် အဖွဲ့ကို ငွေကြေးပေးပြီး စေလွှတ်လိုက်ရာ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် စစ်ကောင်စီတပ်က လိုက်လံ ရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။

တိုက်ကြီးမြို့ ဥက္ကံတိုက်နယ် ကင်းမတီးကျေးရွာနှင့် ကွမ်းသီးကန်ကျေးရွာဘက်ရှိ တောအတွင်း၌ ဆင် ဖြူတော်တွေ့ရှိသည်ဟု သတင်းများကြားရပြီးနောက် နေပြည်တော်သို့စာပို့ကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးပေးရန်တာဝန်ယူခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ခမရ ၁၁ က ဗိုလ်မှူးတစ်ယောက်က စစ်သားတွေရယ် ဆင်ဖမ်းတဲ့အဖွဲ့တွေရယ်ခေါ်ပြီး ဥက္ကံနဲ့တိုက်ကြီးကို ရောက်လာတယ် ဆင်ဖြူတော်ကို လိုက်ရှာကြတာပေါ့ ဆယ်သိန်းပေးလိုက်ကြတာ ဆင်ဖမ်းတဲ့အဖွဲ့က ပိုက်ဆံယူပြီးကတည်းက ပြန်မလာတော့လို့ တောနင်းပြီးလိုက်ရှာနေတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးအနေဖြင့် ပြီးခဲ့သည့် လများနှင့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းအတွင်းပစ်ခတ်မှုဖြစ်စဉ်များအတွက် ဆင်ဖြူတော်ဖြင့် အပြစ်များကို ဖုံးမိနိူင်ရန် စီစဉ်ခဲ့တာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“တပ်ကတောင် ဆင်ဖြူတော်လို့ မသတ်မှတ်ရသေးဘူး ဗျူဟာမှူးတစ်ယောက်က ညွန့်ဝင်းဆွေကို အကြံပေးပြီးနေပြည်တော်ကို ဆင်ဖြူတော်တွေ့တယ် ရှာနေတယ်ဆိုပြီး လုပ်တာ အခုသွားရှာတဲ့အဖွဲ့ကမတွေ့ဘူး ပေးလိုက်တဲ့ပိုက်ဆံပါယူပြီး ပျောက်နေတယ်”ဟု ရှင်းပြသည်။

အဆိုပါ သတင်းများအပေါ် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က “ဆင်ဖြူတော် ဟုတ်မဟုတ် စိစစ်ဆဲဖြစ်ပါတယ်။ မြေပြင်စိစစ်ရန်အတွက် တောတောင်ထဲဖြစ်သဖြင့် အချိန်ယူရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများက မျက်မြင်တွေ့ စိစစ်ပြီးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မတစ်ကောင်မှ ဆင်ဖြူတော်အထီးတစ်ကောင်ကို မွေးဖွားခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။