Local News

မင္းတို႔နယ္က နယ္ထိန္း အသ-တ္ခံရတာ မင္းတို႔ သၿဂိဳလ္ၾကဆိုၿပီး အခင္းျဖစ္ပြားခဲ့တဲ့ ဘီယာဆိုင္ကို ရဲစခန္းက တာဝန္ယူခိုင္း

မင္းတို႔နယ္က နယ္ထိန္း အသတ္ခံရတာ မင္းတို႔ သၿဂိဳလ္ၾကဆိုၿပီး အခင္းျဖစ္ပြားခဲ့တဲ့ ဘီယာဆိုင္ကို ရဲစခန္းက တာဝန္ယူခိုင္း

သထုံ၊ ေအာက္တိုဘာ ၂၇၊ ၂၀၂၂။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္မွာ အသတ္ခံခဲ့ရတဲ့ နယ္ထိန္း ေအာင္ဝင္းထြန္းကို သၿဂိဳလ္ေပးဖို႔ သုဓမၼဝတီၿမိဳ႕သစ္ရဲစခန္းက ေဈးမသြယ္႐ြာ၊ ဘီယာဆိုင္ပိုင္ရွင္ကိုတာဝန္ယူခိုင္းတယ္လို႔ သထုံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕တာဝန္ခံက ေျမလတ္အသံကို ေျပာပါတယ္။

သုဓမၼဝတီၿမိဳ႕သစ္ရဲစခန္းက နယ္ထိန္း ေအာင္ဝင္းထြန္းရဲ႕အေလာင္းကို ဘီယာဆိုင္ကို ျပန္ပို႔လိုက္တယ္လို႔ ဆိုပါတယ္။

“မေန႔ကေသတဲ့ နယ္ထိန္းကို ဒီေန႔အသုဘလုပ္မွာပါ၊ သူေသတဲ့ ဘီယာဆိုင္အိမ္ပိုင္ရွင္က သၿဂိဳလ္ေပးရမွာ၊ သူတို႔ရဲစခန္းက ေထာက္ပံ့ေပးတာ ဆန္ ၂ အိတ္နဲ႔ ေဝမဲ့ယပ္ေတာင္ေတြပဲ ေထာက္ပံ့ေပးတယ္၊

သၿဂိဳလ္ဖို႔ကိစၥနဲ႔ ေကြၽးေမြးဖို႔အတြက္ ႐ြာထဲက အိမ္ေတြဆီက ေငြေကာက္ေနရတယ္၊ နယ္ထိန္းေသဆုံးၿပီး သူတို႔နာေရးကားနဲ႔ လာတင္သြားၿပီး ေဆး႐ုံမွာ စစ္ေဆးၿပီး ဘီယာဆိုင္ကိုပဲအေလာင္းျပန္ ပို႔လိုက္တယ္၊ မင္းတို႔နယ္က နယ္ထိန္း မင္းတို႔ဆိုင္မွာ ေသတာေၾကာင့္ မင္းတို႔ပဲ လုပ္ေပးလို႔ ရဲစခန္းက ေျပာသြားတယ္၊ ဒီေန႔ ေန႔လည္ ၁ နာရီမွာသၿဂႋဳလ္မွာပါ၊

အဲဒီ႐ြာက အုပ္ခ်ဳပ္ေရးမႉးလည္း အခုထြက္ေျပးရၿပီ” လို႔ သထုံျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕တာဝန္ခံက ေျပာပါတယ္။

အသတ္ခံရလို႔ ေသဆုံးခဲ့တဲ့ နယ္ထိန္းကို ယေန႔ ေအာက္တိုဘာလ ၂၇ ရက္ေန႔ ေန႔လည္ ၁ နာရီမွာ သၿဂိဳလ္မယ္လို႔ ဆိုပါတယ္။

ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ သုဓမၼဝတီၿမိဳ႕သစ္ရဲစခန္းက နယ္ထိန္း ေအာင္ဝင္းထြန္းကို သထုံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ေသနတ္နဲ႔ ၅ ခ်က္ပစ္ ရွင္းလင္းခဲ့တာျဖစ္ပါတယ္။

သတင္း-ဒိန္းဂ်ား

ေျမလတ္အသံ

မင်းတို့နယ်က နယ်ထိန်း အသတ်ခံရတာ မင်းတို့ သဂြိုလ်ကြဆိုပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဘီယာဆိုင်ကို ရဲစခန်းက တာဝန်ယူခိုင်း

သထုံ၊ အောက်တိုဘာ ၂၇၊ ၂၀၂၂။

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ နယ်ထိန်း အောင်ဝင်းထွန်းကို သဂြိုလ်ပေးဖို့ သုဓမ္မဝတီမြို့သစ်ရဲစခန်းက ဈေးမသွယ်ရွာ၊ ဘီယာဆိုင်ပိုင်ရှင်ကိုတာဝန်ယူခိုင်းတယ်လို့ သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

သုဓမ္မဝတီမြို့သစ်ရဲစခန်းက နယ်ထိန်း အောင်ဝင်းထွန်းရဲ့အလောင်းကို ဘီယာဆိုင်ကို ပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။

“မနေ့ကသေတဲ့ နယ်ထိန်းကို ဒီနေ့အသုဘလုပ်မှာပါ၊ သူသေတဲ့ ဘီယာဆိုင်အိမ်ပိုင်ရှင်က သဂြိုလ်ပေးရမှာ၊ သူတို့ရဲစခန်းက ထောက်ပံ့ပေးတာ ဆန် ၂ အိတ်နဲ့ ဝေမဲ့ယပ်တောင်တွေပဲ ထောက်ပံ့ပေးတယ်၊

သဂြိုလ်ဖို့ကိစ္စနဲ့ ကျွေးမွေးဖို့အတွက် ရွာထဲက အိမ်တွေဆီက ငွေကောက်နေရတယ်၊ နယ်ထိန်းသေဆုံးပြီး သူတို့နာရေးကားနဲ့ လာတင်သွားပြီး ဆေးရုံမှာ စစ်ဆေးပြီး ဘီယာဆိုင်ကိုပဲအလောင်းပြန် ပို့လိုက်တယ်၊ မင်းတို့နယ်က နယ်ထိန်း မင်းတို့ဆိုင်မှာ သေတာကြောင့် မင်းတို့ပဲ လုပ်ပေးလို့ ရဲစခန်းက ပြောသွားတယ်၊ ဒီနေ့ နေ့လည် ၁ နာရီမှာသင်္ဂြိုလ်မှာပါ၊

အဲဒီရွာက အုပ်ချုပ်ရေးမှူးလည်း အခုထွက်ပြေးရပြီ” လို့ သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

အသတ်ခံရလို့ သေဆုံးခဲ့တဲ့ နယ်ထိန်းကို ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီမှာ သဂြိုလ်မယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ သုဓမ္မဝတီမြို့သစ်ရဲစခန်းက နယ်ထိန်း အောင်ဝင်းထွန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ၅ ချက်ပစ် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သတင်း-ဒိန်းဂျား

မြေလတ်အသံ