Local News

“ယေန႔ ဖားကန္႔ အနန္႔ပါအတြက္ ပါဝင္ခဲ့ၾကသည့္ ရန္ကုန္ၿမိဳနယ္တစ္ခ်ိဴ”

ရန္ကုန္၊ မႏၲေလး အပါအဝင္ ျပည္နယ္၊ တိုင္းမ်ားတြင္ ျပည္သူမ်ားအားလုံး မီးသပိတ္ ပါဝင္ၾကၿပီး ၁၀ မိနစ္တိတိ ေမွာင္အတိက်သြား၊ မႏၲေလးတြင္ မီးသပိတ္လုပ္၍ စစ္တပ္က ေသနတ္ပစ္ေဖာက္၊ ရန္ကုန္တြင္ မီးပိတ္သပိတ္ ပါဝင္လွ်င္မီတာပုံးျဖဳတ္ အေရးယူမည္ဟု ေလာ္စပီကာျဖင့္ လိုက္ေအာ္

ရန္ကုန္၊ ေအာက္တိုဘာ ၂၈

ရန္ကုန္၊ မႏၲေလး အပါအဝင္ ျပည္နယ္၊ တိုင္းမ်ားတြင္ ယေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ မီးသပိတ္တြင္ ျပည္သူမ်ားအားလုံးပါဝင္ၾကၿပီး ၁၀ မိနစ္တိတိ ေမွာင္အတိက်သြားေၾကာင္း ရန္ကုန္ၿမိဳ႕ျပည္သူမ်ားထံမွ သိရွိရသည္။

လႈိင္သာယာ၊ ေျမာက္ဒဂုံ၊ အင္းစိန္၊ စမ္းေခ်ာင္း၊ လႈိင္ၿမိဳ႕နယ္၊ ေက်ာက္တံတား၊ ပန္းဘဲတန္းၿမိဳ႕နယ္ မ်ားအပါအဝင္ ၿမိဳ႕နယ္အမ်ားစုတြင္ယေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ မီးမ်ား ပိတ္ထားၾကသျဖင့္ ေမွာင္အတိက်သြားသည္ဟု ဆိုၾကသည္။

“လႈိင္သာယာ ၁၀ ရပ္ကြက္မွာေတာ့ အကုန္ေမွာင္သြားတယ္”ဟု လႈိင္သာယာေဒသခံတစ္ဦးေျပာသည္။

ေျမာက္ဒဂုံ၊ ၄၅ ရပ္ကြက္မွ ေဒသခံတစ္ဦးကလည္း ၎တို႔ရပ္ကြက္အပါအဝင္ ေနရာအမ်ားစု ည ၈ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေမွာင္အတိက်သြားသည္မွာ မွန္ကန္သည္ဟု ဆိုသည္။

ရန္ကုန္ၿမိဳ႕တြင္ တကၠစီ ေျပးဆြဲေနေသာ အငွားယာဥ္ေမာင္းတစ္ဦးက ယေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ ရန္ကုန္-အင္းစိန္လမ္းမႀကီးေပၚ ခဝဲၿခံမွ အုတ္က်င္းအထိ လမ္းေဘးဝဲယာအိမ္မ်ားတြင္ မီးမ်ား ပိတ္သည္ထားသည္ဟုေျပာသည္။

“ကားကလည္း ရွင္းေတာ့ ေမာင္းၿပီး လိုက္ၾကည့္ေတာ့ လမ္းေဘးဝဲယာ အိမ္ေတြကို ၾကည့္လိုက္တာ ေမွာင္ေနတယ္။ မီးပိတ္ထားၾကတယ္” ဟု တကၠစီယာဥ္ေမာင္းက ဆိုသည္။

မႏၲေလးတိုင္း၊ မႏၲေလးၿမိဳ႕တြင္လည္း ယေန႔ည ၈ နာရီ ၃၀ မိနစ္အခ်ိန္ မီးသပိတ္လုပ္၍ စစ္တပ္က ေသနတ္ပစ္ေဖာက္ေၾကာင္းေျပာဆိုသည္။

“မဟာေအာင္ေျမဘက္မွာေတာ့ ေသနတ္ေတြေဖာက္တယ္။ အျခားၿမိဳ႕နယ္ေတြမွာလည္း ေမွာင္သြားလို႔ ေသနတ္ေတြ ရမ္းသမ္းေဖာက္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ရန္ကုန္တြင္ မီးပိတ္သပိတ္ လုပ္သူမ်ား မီတာပုံးျဖဳတ္ အေရးယူမည္ဟု ေလာ္စပီကာျဖင့္ လိုက္ေအာ္ဟစ္မႈမ်ားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား၊ စစ္သားတခ်ိဳ႕က လုပ္ေဆာင္ၾကၿပီး ည ၈ နာရီ ၄၀ မိနစ္ မီးသပိတ္ ၿပီးဆုံးသည့္အခ်ိန္အထိ ေအာ္ဟစ္ေနသည္ဟု သိရွိရသည္။

ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်၊ တိုင်းများတွင် ပြည်သူများအားလုံး မီးသပိတ် ပါဝင်ကြပြီး ၁၀ မိနစ်တိတိ မှောင်အတိကျသွား၊ မန္တလေးတွင် မီးသပိတ်လုပ်၍ စစ်တပ်က သေနတ်ပစ်ဖောက်၊ ရန်ကုန်တွင် မီးပိတ်သပိတ် ပါဝင်လျှင်မီတာပုံးဖြုတ် အရေးယူမည်ဟု လော်စပီကာဖြင့် လိုက်အော်

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်၊ တိုင်းများတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် မီးသပိတ်တွင် ပြည်သူများအားလုံးပါဝင်ကြပြီး ၁၀ မိနစ်တိတိ မှောင်အတိကျသွားကြောင်း ရန်ကုန်မြို့ပြည်သူများထံမှ သိရှိရသည်။

လှိုင်သာယာ၊ မြောက်ဒဂုံ၊ အင်းစိန်၊ စမ်းချောင်း၊ လှိုင်မြို့နယ်၊ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ် များအပါအဝင် မြို့နယ်အများစုတွင်ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် မီးများ ပိတ်ထားကြသဖြင့် မှောင်အတိကျသွားသည်ဟု ဆိုကြသည်။

“လှိုင်သာယာ ၁၀ ရပ်ကွက်မှာတော့ အကုန်မှောင်သွားတယ်”ဟု လှိုင်သာယာဒေသခံတစ်ဦးပြောသည်။

မြောက်ဒဂုံ၊ ၄၅ ရပ်ကွက်မှ ဒေသခံတစ်ဦးကလည်း ၎င်းတို့ရပ်ကွက်အပါအဝင် နေရာအများစု ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မှောင်အတိကျသွားသည်မှာ မှန်ကန်သည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် တက္ကစီ ပြေးဆွဲနေသော အငှားယာဉ်မောင်းတစ်ဦးက ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ခဝဲခြံမှ အုတ်ကျင်းအထိ လမ်းဘေးဝဲယာအိမ်များတွင် မီးများ ပိတ်သည်ထားသည်ဟုပြောသည်။

“ကားကလည်း ရှင်းတော့ မောင်းပြီး လိုက်ကြည့်တော့ လမ်းဘေးဝဲယာ အိမ်တွေကို ကြည့်လိုက်တာ မှောင်နေတယ်။ မီးပိတ်ထားကြတယ်” ဟု တက္ကစီယာဉ်မောင်းက ဆိုသည်။

မန္တလေးတိုင်း၊ မန္တလေးမြို့တွင်လည်း ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန် မီးသပိတ်လုပ်၍ စစ်တပ်က သေနတ်ပစ်ဖောက်ကြောင်းပြောဆိုသည်။

“မဟာအောင်မြေဘက်မှာတော့ သေနတ်တွေဖောက်တယ်။ အခြားမြို့နယ်တွေမှာလည်း မှောင်သွားလို့ သေနတ်တွေ ရမ်းသမ်းဖောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တွင် မီးပိတ်သပိတ် လုပ်သူများ မီတာပုံးဖြုတ် အရေးယူမည်ဟု လော်စပီကာဖြင့် လိုက်အော်ဟစ်မှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်သားတချို့က လုပ်ဆောင်ကြပြီး ည ၈ နာရီ ၄၀ မိနစ် မီးသပိတ် ပြီးဆုံးသည့်အချိန်အထိ အော်ဟစ်နေသည်ဟု သိရှိရသည်။