Local News

လားရႈိးၿမိဳ႕တြင္း ေရေခ်ာင္းထဲ အနီေရာင္ ေရအျဖစ္ ေျပာင္းလဲ စီးဆင္းေနတယ္ဆိုတဲ့ ရုပ္သံ

လားရႈိးၿမိဳ႕တြင္း ေရေခ်ာင္းထဲ အနီေရာင္ ေရအျဖစ္ ေျပာင္းလဲ စီးဆင္းေနတယ္ဆိုတဲ့ ရုပ္သံ

သွ်မ္းသံေတာ္ဆင့္၊ ေအာက္တိုဘာလ ၃၀ ရက္

သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ ရပ္ကြက္ ၁၂ အတြင္း ေရႏုတ္ေခ်ာင္းထဲတြင္ ေခ်ာင္းေရမ်ား အနီေရာင္အျဖစ္ ေျပာင္းလဲၿပီး စီးဆင္းလာေနေၾကာင္း စုံစမ္းသိရွိရသည္။

ယမန္ေန႔ ေအာက္တိုဘာ ၂၉ ရက္ ေန႔လည္ ၁၂ ခြဲအခ်ိန္မွ စတင္ၿပီး ေကာက္ေကြ႕ေခ်ာင္းမွ စီးဆင္းလာေသာ ေခ်ာင္းေရသည္ အနီေရာင္အျဖစ္ ေျပာင္းလဲၿပီး စီးဆင္းေနသည္ကို ေတြ႕ခဲ့ရေၾကာင္း ရပ္ကြက္ ၁၂ အတြင္းရွိ ေဒသခံတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

“ မေန႔က ေခ်ာင္းေရေသြးအနီ ေျပာင္းၿပီး စီးလာေနတယ္လို႔ ၾကားေတာ့ သြားၾကည့္တယ္။ ေသြးညီနံ႔ မရေတာ့ ေသြးေတာ့ မဟုတ္ေလာက္ဘူး။ တခ်ိဳ႕က ေျပာၾကတယ္ အေပၚမွာ သူမ်ားေဆးထည့္တာတဲ့။ တခ်ိဳ႕ကလည္း ဝက္သတ္တယ္ ေျပာၾကတယ္။ တကယ့္ ေသြးဆိုရင္ ဒီေလာက္အၾကာႀကီး မစီးလာႏိုင္ဘူး။ က်မတို႔ကလည္း အေပၚထက္ပိုင္း သြားမၾကည့္ေတာ့ သူမ်ားဘာလုပ္ေနမွန္းလည္း မသိဘူး “ ဟု ၎ ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ ေခ်ာင္းေရ အနီေရာင္အျဖစ္ စတင္စီးဆင္းလာရာ ယမန္ေန႔ ေန႔လည္ ၁၂ နာရီခြဲဝန္းက်င္ ျဖစ္ၿပီး ေန႔လည္ပိုင္း ၂ နာရီ ဝန္းက်င္ေလာက္တြင္ ေခ်ာင္းေရမ်ား ျပန္ၾကည္လာေၾကာင္း သိရသည္။

ေကာက္ေကြ႕ေခ်ာင္းသည္ လားရႈိးၿမိဳ႕၏ အထက္ပိုင္းတြင္တည္ရွိၿပီး ေတာေတာင္ သဘာဝမွ စီးဆင္းလာၿပီး ရပ္ကြက္ ၁၂ ထဲရွိ ေရႏုတ္ေခ်ာင္းထဲသို႔ စီးဝင္လာေၾကာင္း သိရသည္။“ ဒီေန႔ေတာ့ ေခ်ာင္းေရက ပုံမွန္အတိုင္း ျပန္ျဖစ္သြားၿပီ။ အရင္တုန္းက ဒီေကာက္ေကြ႕ေခ်ာင္းေရကို ေသာက္သုံးေရအေနနဲ႔ သုံးေသးတယ္။ ေနာက္ပိုင္း ေခ်ာင္းေရေတြက အညစ္အေၾကးေတြနဲ႔ အရမ္းညစ္ ပတ္လာေတာ့ သူမ်ားမသုံးေတာ့ဘူး။

အခုဆိုရင္ေတာင္ ေရအနီေရာင္ေျပာင္းၿပီး စီးလာေတာ့ မသိတဲ့သူဆို ေၾကာက္ေနၾကတယ္ “ ဟု ၎ ေဒသခံတစ္ဦးက ေျပာသည္။ထို႔အျပင္ မိုးတြင္းကာလအခ်ိန္မွာလည္း ေကာက္ေကြ႕ေခ်ာင္းသည္ ေရႀကီးေရလွ်ံၿပီး ရပ္ကြက္ ၁၂ အတြင္းရွိ ေရႏုတ္ေခ်ာင္းထဲသို႔ ေရစီးဝင္လာသျဖင့္ ေရအဆမတန္ျမင့္တက္လာခဲ့ဖူးေၾကာင္း သိရသည္။

SHANNews

လားရှိုးမြို့တွင်း ရေချောင်းထဲ အနီရောင် ရေအဖြစ် ပြောင်းလဲ စီးဆင်းနေတယ်ဆိုတဲ့ ရုပ်သံ

သျှမ်းသံတော်ဆင့်၊ အောက်တိုဘာလ ၃၀ ရက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ရေနုတ်ချောင်းထဲတွင် ချောင်းရေများ အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းလာနေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ ခွဲအချိန်မှ စတင်ပြီး ကောက်ကွေ့ချောင်းမှ စီးဆင်းလာသော ချောင်းရေသည် အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းနေသည်ကို တွေ့ခဲ့ရကြောင်း ရပ်ကွက် ၁၂ အတွင်းရှိ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ချောင်းရေသွေးအနီ ပြောင်းပြီး စီးလာနေတယ်လို့ ကြားတော့ သွားကြည့်တယ်။ သွေးညီနံ့ မရတော့ သွေးတော့ မဟုတ်လောက်ဘူး။ တချို့က ပြောကြတယ် အပေါ်မှာ သူများဆေးထည့်တာတဲ့။ တချို့ကလည်း ဝက်သတ်တယ် ပြောကြတယ်။ တကယ့် သွေးဆိုရင် ဒီလောက်အကြာကြီး မစီးလာနိုင်ဘူး။ ကျမတို့ကလည်း အပေါ်ထက်ပိုင်း သွားမကြည့်တော့ သူများဘာလုပ်နေမှန်းလည်း မသိဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ချောင်းရေ အနီရောင်အဖြစ် စတင်စီးဆင်းလာရာ ယမန်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင် ဖြစ်ပြီး နေ့လည်ပိုင်း ၂ နာရီ ဝန်းကျင်လောက်တွင် ချောင်းရေများ ပြန်ကြည်လာကြောင်း သိရသည်။

ကောက်ကွေ့ချောင်းသည် လားရှိုးမြို့၏ အထက်ပိုင်းတွင်တည်ရှိပြီး တောတောင် သဘာဝမှ စီးဆင်းလာပြီး ရပ်ကွက် ၁၂ ထဲရှိ ရေနုတ်ချောင်းထဲသို့ စီးဝင်လာကြောင်း သိရသည်။“ ဒီနေ့တော့ ချောင်းရေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ အရင်တုန်းက ဒီကောက်ကွေ့ချောင်းရေကို သောက်သုံးရေအနေနဲ့ သုံးသေးတယ်။ နောက်ပိုင်း ချောင်းရေတွေက အညစ်အကြေးတွေနဲ့ အရမ်းညစ် ပတ်လာတော့ သူများမသုံးတော့ဘူး။

အခုဆိုရင်တောင် ရေအနီရောင်ပြောင်းပြီး စီးလာတော့ မသိတဲ့သူဆို ကြောက်နေကြတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။ထို့အပြင် မိုးတွင်းကာလအချိန်မှာလည်း ကောက်ကွေ့ချောင်းသည် ရေကြီးရေလျှံပြီး ရပ်ကွက် ၁၂ အတွင်းရှိ ရေနုတ်ချောင်းထဲသို့ ရေစီးဝင်လာသဖြင့် ရေအဆမတန်မြင့်တက်လာခဲ့ဖူးကြောင်း သိရသည်။

SHANNews