News

ေထြအုပ္႐ုံးအတြင္း ဗုံးေပါက္ကြဲမႈျဖစ္ပြာ

ျမစ္ႀကီးနားေထြအုပ္႐ုံးအတြင္း ဗုံးေပါက္ကြဲမႈျဖစ္ပြား၊ လူေသဆုံးမႈရွိေၾကာင္း ကနဦးသိရ

ျမစ္ႀကီးနား – ေအာက္တိုဘာ ၃၀၊ ၂၀၂၂။

ျမစ္ႀကီးနားၿမိဳ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ယေန႔ ညေန ေျခာက္နာရီခြဲခန႔္က ဗုံးေပါက္ကြဲခဲ့ၿပီး လူေသဆုံးမႈရွိေၾကာင္း ကနဦးသိရသည္။

ဧရာရပ္ကြက္အတြင္းရွိ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း အလြန္က်ယ္ေလာင္ေသာ ဗုံးတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ယုံၾကည္ထိုက္သည့္ သတင္းရင္းျမစ္တစ္ဦးက The 74 Media ကို ေျပာသည္။

“ၿမိဳ႕ေတာ္ခန္းမ မ်က္ႏွာခ်င္းဆိုင္က ႐ုံး။ Location (တည္ေနရာ)ကေတာ့ ေသခ်ာတယ္။ အက်ယ္ႀကီးပဲ။ လူထိတယ္လို႔လည္းသိရတယ္” ဟုေျပာသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးေၾကာင္း ေျပာဆိုေနေသာေၾကာင့္ The 74 Mdia အေနျဖင့္ ဆက္လက္စုံစမ္းေနဆဲျဖစ္သည္။

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္၊ အင္ဂ်န္ဒုံ(ေတာင္)နယ္ေျမရွိ ကုမၸဏီဝင္းတစ္ခုအတြင္း ေအာက္တိုဘာ ၂၇ ရက္ေန႔က မိုင္းေပါက္ကြဲသံႏွင့္အတူ ေသနတ္ပစ္ခတ္သံမ်ား ထြက္ေပၚခဲ့ေၾကာင္း သိရသည္။

ပုံ – ေပါက္ကြဲမႈအၿပီးေတြ႕ရသည့္ အေျခအေနဟု လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ ဓာတ္ပုံအခ်ိဳ႕။

မြစ်ကြီးနားထွေအုပ်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူသေဆုံးမှုရှိကြောင်း ကနဦးသိရ

မြစ်ကြီးနား – အောက်တိုဘာ ၃၀၊ ၂၀၂၂။

မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ညနေ ခြောက်နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုရှိကြောင်း ကနဦးသိရသည်။

ဧရာရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း အလွန်ကျယ်လောင်သော ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“မြို့တော်ခန်းမ မျက်နှာချင်းဆိုင်က ရုံး။ Location (တည်နေရာ)ကတော့ သေချာတယ်။ အကျယ်ကြီးပဲ။ လူထိတယ်လို့လည်းသိရတယ်” ဟုပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကြောင်း ပြောဆိုနေသောကြောင့် The 74 Mdia အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံ(တောင်)နယ်မြေရှိ ကုမ္ပဏီဝင်းတစ်ခုအတွင်း အောက်တိုဘာ ၂၇ ရက်နေ့က မိုင်းပေါက်ကွဲသံနှင့်အတူ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ပုံ – ပေါက်ကွဲမှုအပြီးတွေ့ရသည့် အခြေအနေဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအချို့။