Local News

ေထြအုပ္႐ုံး ေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး လွ်ပ္စစ္႐ုံးဝန္ထမ္းမ်ားကို စစ္ေကာင္စီဖမ္းဆီး

ေထြအုပ္႐ုံး ေပါက္ကြဲမႈႏွင့္ ပတ္သက္ၿပီး လွ်ပ္စစ္႐ုံးဝန္ထမ္းမ်ားကို စစ္ေကာင္စီဖမ္းဆီး

ျမစ္ႀကီးနား – ေအာက္တိုဘာ ၃၁၊ ၂၀၂၂။

ျမစ္ႀကီးနားၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ဗုံးကြဲၿပီးေနာက္ ဘူးဂါးလွ်ပ္စစ္႐ုံးဝန္ထမ္း ခုႏွစ္ဦးကို ယမန္ေန႔ည ၉ နာရီခြဲခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးသြားေၾကာင္း သိရသည္။

ဘူးဂါးလွ်ပ္စစ္႐ုံးမွ ႐ုံးအေစာင့္ဝန္ထမ္းႏွင့္ ရာထူးႀကီးပိုင္းမွ ႏွစ္ဦးကို ဖမ္းဆီးသြားျခင္းျဖစ္ၿပီး မည္သည့္ေနရာတြင္ ထိန္းသိမ္းထားသည္ကို မသိရေၾကာင္း ဘူးဂါး႐ုံးဝန္ထမ္းႏွင့္ နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။

“တာဝန္က်တဲ့ အေစာင့္ ငါးေယာက္နဲ႔ လူႀကီးႏွစ္ေယာက္ဖမ္းခံရတာ။ ဖမ္းဆီးခံရတဲ့သူေတြကိုက ထိန္းသိမ္းထားတုန္းပဲ။ ဘယ္မွာလည္းေတာ့ မသိဘူး။ တစ္ေယာက္က ေသသြားၿပီ အစေတြေတာင္ေဘးကို စင္ထြက္တယ္” ဟုေျပာသည္။

အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း အျခားနီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။

“ၿမိဳ႕ေတာ္ခန္းမရွိတဲ့ဘက္က မီးေပးတဲ့ အေစာင့္ေတြ ဖမ္းခံရတာ။ အဖိုးႀကီးတစ္ေယာက္ေသသြားတယ္။ တာဝန္က်တဲ့အေစာင့္ငါးေယာက္နဲ႔ လူႀကီးႏွစ္ေယာက္ဖမ္းခံရတာ။ မေန႔ကတည္းက ထိန္းသိမ္းထားတာ” ဟုသူကေျပာသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ ဘူးဂါး႐ုံးဝန္ထမ္းတစ္ဦးလည္း ေသဆုံးခဲ့ေၾကာင္း ကနဦးသိရေသာ္လည္း The 74 Media က အတည္ျပဳရန္ ႀကိဳးစားေနဆဲျဖစ္သည္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ဘူးဂါးလွ်ပ္စစ္႐ုံးမွ ဝန္ထမ္းအမ်ိဳးသား ၆ ဦးကိုလည္း ၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၉ ရက္ေန႔က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အင္အားအလုံးအရင္းျဖင့္ လာေရာက္ဖမ္းဆီးသြားခဲ့သည္။

The 74 Media

ထွေအုပ်ရုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လျှပ်စစ်ရုံးဝန်ထမ်းများကို စစ်ကောင်စီဖမ်းဆီး

မြစ်ကြီးနား – အောက်တိုဘာ ၃၁၊ ၂၀၂၂။

မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးကွဲပြီးနောက် ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း ခုနှစ်ဦးကို ယမန်နေ့ည ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ဘူးဂါးလျှပ်စစ်ရုံးမှ ရုံးအစောင့်ဝန်ထမ်းနှင့် ရာထူးကြီးပိုင်းမှ နှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း ဘူးဂါးရုံးဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“တာဝန်ကျတဲ့ အစောင့် ငါးယောက်နဲ့ လူကြီးနှစ်ယောက်ဖမ်းခံရတာ။ ဖမ်းဆီးခံရတဲ့သူတွေကိုက ထိန်းသိမ်းထားတုန်းပဲ။ ဘယ်မှာလည်းတော့ မသိဘူး။ တစ်ယောက်က သေသွားပြီ အစတွေတောင်ဘေးကို စင်ထွက်တယ်” ဟုပြောသည်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အခြားနီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့တော်ခန်းမရှိတဲ့ဘက်က မီးပေးတဲ့ အစောင့်တွေ ဖမ်းခံရတာ။ အဖိုးကြီးတစ်ယောက်သေသွားတယ်။ တာဝန်ကျတဲ့အစောင့်ငါးယောက်နဲ့ လူကြီးနှစ်ယောက်ဖမ်းခံရတာ။ မနေ့ကတည်းက ထိန်းသိမ်းထားတာ” ဟုသူကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဘူးဂါးရုံးဝန်ထမ်းတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ကနဦးသိရသော်လည်း The 74 Media က အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းအမျိုးသား ၆ ဦးကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

The 74 Media