Local News



MFP ၊ နိုဝင်ဘာ – ၁




MFP

မိဘသံယောဇဉ်ကြောင့် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ် ခံလိုက်ရတဲ့ ဒုက္ခိတတစ်ဦး

MFP ၊ နိုဝင်ဘာ – ၁

အရက်သေစာ မသောက်မစား၊ ရိုးရိုးအေးအေးနဲ့ မိအိုဖအိုတွေကို လုပ်ကိုင်ကျွေးမွေးနေတဲ့ အသက်(၅၀)ကျော်အရွယ် လူပျိုကြီး ကိုကျော်မြင့်ဦးကို စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်လိုက်ပါတယ်။ ကိုကျော်မြင့်ဦးက လက်တစ်ဖက် ဖြတ်ထားရတဲ့ ဒုက္ခိတတစ်ဦးပါ။

အသက်(၈၀)အရွယ် မျက်စိကွယ်နေတဲ့ ဖခင်၊ အသက်(၇၀)ကျော်အရွယ် မိခင်နှင့် လူပျိုကြီး ကိုကျော်မြင့်ဦးတို့ သားမိသားအဖ သုံးယောက် နေထိုင်ကြတဲ့ အိမ်ကို အောက်တိုဘာ(၁၉)ရက်မှာ ကံကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာရွာက ကိုကျော်မြင့်ဦးကို စစ်အုပ်စုက ဖမ်းဆီး ညှဥန်းပန်း သတ်ဖြတ်သွားတဲ့ အခြေအနေနဲ့ မိဘကို လုပ်ကျွေးပြုစုနေတဲ့ သားကြီးဖြစ်သူ ဆုံးပါးသွားပြီးနောက် ကျန်ရစ်သူ မိဘနှစ်ပါး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို MFP က တင်ဆက်ထားပါတယ်။