Local News

စစ္ကိုင္းရဲစခန္းမွ အရက္ေၾကာင္၍ ထြက္လာေသာ တပ္မ ၃၃ မွ တပ္သား လြမ္းကိုကို

စစ္ကိုင္းရဲစခန္းမွ အရက္ေၾကာင္၍ ထြက္လာေသာ တပ္မ ၃၃ မွ တပ္သား လြမ္းကိုကို ကို PDF က ဖမ္းဆီး၊ ဖမ္းဆီးရမိခ်ိန္တြင္ တပ္သားက ျပန္လည္ ခုခံတိုက္ခိုက္ေသာ္လည္း မလြတ္ေျမာက္

ရန္ကုန္၊ ႏိုဝင္ဘာ ၁၀

စစ္ကိုင္းရဲစခန္းတြင္ တာဝန္က်ေနသည့္ တပ္မ ၃၃ မွ တပ္သား လြမ္းကိုကို ကို PDF တပ္မ်ားက ဖမ္းဆီးရမိေၾကာင္း PDF တပ္မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စစ္ကိုင္းတိုင္း ၊တပ္မ(၃၃)မွ တပ္သား လြမ္းကိုကို မွစစ္ကိုင္းၿမိဳ႕နယ္ ရဲ စခန္းမွ အျပင္သို႔ အရက္ေၾကာင္ ေၾကာင္ၿပီးထြက္လာစဥ္ ‌မတၱရာၿမိဳ႕နယ္ဗိုလ္ေကာင္း ကင္ေတာ္လွန္ေရးအင္အားစု နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ မလြဲသာ မေရွာင္သာ ႐ိုက္ႏွက္ဖမ္းဆီးခဲ့ရေၾကာင္း၊

အဆိုပါ စစ္သားကို ျပန္လည္ ကယ္ဆယ္ရန္ စစ္သား ၁၀ ဦးက လက္နက္အျပည့္အစုံျဖင့္ လိုက္လာေၾကာင္း၊ ေတာ္လွန္ေရး ရဲေဘာ္မ်ားက ျပန္လည္ပစ္ခတ္ဆုတ္ခြာႏိုင္ခဲ့ၿပီး စစ္တပ္ဘက္မွ အထိခိုက္အက်ဆုံး အေျခအေန မသိရေသးေၾကာင္း သိရွိရသည္။

“သူက ျပန္ခုခံေတာ့ မ်က္ႏွာေတြကေတာ့ စုတ္ျပတ္သြားတာတယ္။ အခုေတာ့ သက္ဆိုင္ရာ နယ္ေျမခံ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြဆီ လႊဲေပးထားပါတယ္” ဟု နဂါးနီ ေျပာက္က်ားတပ္ဖြဲ႕မွ တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဖမ္းဆီးရမိေသာ တပ္သား လြမ္းကိုကိုအား သက္ဆိုင္ရာ ျပည္သူ႔အုပ္ခ်ပ္ေရး ၿမိဳ႕နယ္၊ နယ္ေျမခံအဖြဲ႕စည္းမ်ားလက္သို႔ လႊဲေျပာင္းေပးအပ္ထားေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ဖမ္းဆီးရမိသည့္ တပ္မ ၃၃ မွ တပ္သား လြမ္းကိုကို။

စစ်ကိုင်းရဲစခန်းမှ အရက်ကြောင်၍ ထွက်လာသော တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို ကို PDF က ဖမ်းဆီး၊ ဖမ်းဆီးရမိချိန်တွင် တပ်သားက ပြန်လည် ခုခံတိုက်ခိုက်သော်လည်း မလွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းရဲစခန်းတွင် တာဝန်ကျနေသည့် တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို ကို PDF တပ်များက ဖမ်းဆီးရမိကြောင်း PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ၊တပ်မ(၃၃)မှ တပ်သား လွမ်းကိုကို မှစစ်ကိုင်းမြို့နယ် ရဲ စခန်းမှ အပြင်သို့ အရက်ကြောင် ကြောင်ပြီးထွက်လာစဉ် ‌မတ္တရာမြို့နယ်ဗိုလ်ကောင်း ကင်တော်လှန်ရေးအင်အားစု နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် မလွဲသာ မရှောင်သာ ရိုက်နှက်ဖမ်းဆီးခဲ့ရကြောင်း၊

အဆိုပါ စစ်သားကို ပြန်လည် ကယ်ဆယ်ရန် စစ်သား ၁၀ ဦးက လက်နက်အပြည့်အစုံဖြင့် လိုက်လာကြောင်း၊ တော်လှန်ရေး ရဲဘော်များက ပြန်လည်ပစ်ခတ်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ အထိခိုက်အကျဆုံး အခြေအနေ မသိရသေးကြောင်း သိရှိရသည်။

“သူက ပြန်ခုခံတော့ မျက်နှာတွေကတော့ စုတ်ပြတ်သွားတာတယ်။ အခုတော့ သက်ဆိုင်ရာ နယ်မြေခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ လွှဲပေးထားပါတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖမ်းဆီးရမိသော တပ်သား လွမ်းကိုကိုအား သက်ဆိုင်ရာ ပြည်သူ့အုပ်ချပ်ရေး မြို့နယ်၊ နယ်မြေခံအဖွဲ့စည်းများလက်သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးရမိသည့် တပ်မ ၃၃ မှ တပ်သား လွမ်းကိုကို။