Local News

ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး စစ္ေကာင္စီမွ ၿမိဳ႕အဝင္ အထြက္မ်ားကို ပိတ္ဆို႔

ေမာ္လၿမိဳင္ၿမိဳ႕ေပၚတြင္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီး စစ္ေကာင္စီမွ ၿမိဳ႕အဝင္ အထြက္မ်ားကို ပိတ္ဆို႔

ေမဘယ္လ္သူ

မဇၩိမ။ ။မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာ(၃)ရက္ကြက္ရွိ ေနအိမ္တစ္အိမ္အား စစ္ေကာင္စီတပ္မွ ဝင္ေရာက္စီးနင္းစဥ္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီက ၿမိဳ႕အဝင္ အထြက္မ်ားကို ပိတ္ဆို႔ထားေၾကာင့္ ေဒသခံမ်ားထံက သိရသည္။

ယေန႔ ႏိုဝင္ဘာ ၁၄ရက္ေန႔ ညေနပိုင္းက ေဇယ်ာ (၃) ရက္ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိေနေၾကာင္း ဒလန္သတင္းေပးမႈ႕ေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လာေရာက္စီးနင္းစဥ္ အျပန္အလွန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“စျဖစ္တာေတာ့ ညေန ၄နာရီေလာက္ကျဖစ္တာ။ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္ၾကတာ။ စကစဘက္က စစ္သားနဲ႔ရဲ အင္အား ၅၀ နီးပါးရွိတယ္။ တစ္ဖက္က အင္အားကိုေတာ့ ေသခ်ာမသိဘူး။ ညပိုင္း ၈ နာရီဝန္းက်င္အထိ ပစ္ခတ္သံေတြၾကားရတယ္” ဟု အဆိုပါ ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက မဇၩိမကိုေျပာသည္။

အျပန္အလွန္ ပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီတပ္မွ ေသဆုံးမႈရွိသလို ျပည္သူအခ်ိဳ႕ ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားလည္းက်ဆုံးမႈရွိကာ တခ်ိဳ႕ ဖမ္းဆီးခံရေၾကာင္း

“ႏွစ္ဖက္လုံး အျပန္အလွန္ပစ္ခတ္ေနစဥ္မွာပဲ စကစဘက္က အင္အား ထပ္တိုးလာတယ္။ ၿမိဳ႕ေပၚရပ္ကြက္နဲ႔ ၿမိဳ႕အဝင္အထြက္အားလုံးကိုလည္း ပိတ္ဆို႔ထား တယ္။ ညေနပိုင္းကေတာ့ ပစ္ခတ္မႈျဖစ္ပြားတဲ့ ေဇယ်ာ (၃) ဘက္ကေန ဒိုင္းဝန္ကြင္းတို႔၊ အေပၚေဈး၊ ေအာက္ေဈးဘက္တို႔ကို ေျပးေရွာင္လို႔ရေသးတယ္။ လက္ရွိကေတာ့ ဘယ္မွ သြားလို႔ကိုမရေတာ့တာ” ဟု အဆိုပါ ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။

လက္ရွိအခ်ိန္တြင္ စစ္ေကာင္စီသည္ အဆိုပါရပ္ကြက္ရွိ လမ္းငယ္မ်ားပါမက်န္ အားလုံး ပိတ္ဆို႔ထားကာ တစ္အိမ္တက္ဆင္း စစ္ေဆးမႈမ်ားျပဳလုပ္ ေနေၾကာင္းသိရသည္။

႐ုပ္သံ – ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာ ၃ရက္ကြက္အတြင္း ပစ္ခတ္မႈျဖစ္ပြားသည့္ ႐ုပ္သံဖိုင္

စာတည္း။ ။ေမာင္ေကာင္း

မော်လမြိုင်မြို့ပေါ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီမှ မြို့အဝင် အထွက်များကို ပိတ်ဆို့

မေဘယ်လ်သူ

မဇ္ဈိမ။ ။မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ(၃)ရက်ကွက်ရှိ နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မြို့အဝင် အထွက်များကို ပိတ်ဆို့ထားကြောင့် ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာ ၁၄ရက်နေ့ ညနေပိုင်းက ဇေယျာ (၃) ရက်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ဒလန်သတင်းပေးမှု့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စီးနင်းစဉ် အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စဖြစ်တာတော့ ညနေ ၄နာရီလောက်ကဖြစ်တာ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြတာ။ စကစဘက်က စစ်သားနဲ့ရဲ အင်အား ၅၀ နီးပါးရှိတယ်။ တစ်ဖက်က အင်အားကိုတော့ သေချာမသိဘူး။ ညပိုင်း ၈ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေကြားရတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးမှုရှိသလို ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်းကျဆုံးမှုရှိကာ တချို့ ဖမ်းဆီးခံရကြောင်း

“နှစ်ဖက်လုံး အပြန်အလှန်ပစ်ခတ်နေစဉ်မှာပဲ စကစဘက်က အင်အား ထပ်တိုးလာတယ်။ မြို့ပေါ်ရပ်ကွက်နဲ့ မြို့အဝင်အထွက်အားလုံးကိုလည်း ပိတ်ဆို့ထား တယ်။ ညနေပိုင်းကတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့ ဇေယျာ (၃) ဘက်ကနေ ဒိုင်းဝန်ကွင်းတို့၊ အပေါ်ဈေး၊ အောက်ဈေးဘက်တို့ကို ပြေးရှောင်လို့ရသေးတယ်။ လက်ရှိကတော့ ဘယ်မှ သွားလို့ကိုမရတော့တာ” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် အဆိုပါရပ်ကွက်ရှိ လမ်းငယ်များပါမကျန် အားလုံး ပိတ်ဆို့ထားကာ တစ်အိမ်တက်ဆင်း စစ်ဆေးမှုများပြုလုပ် နေကြောင်းသိရသည်။

ရုပ်သံ – မော်လမြိုင်မြို့၊ ဇေယျာ ၃ရက်ကွက်အတွင်း ပစ်ခတ်မှုဖြစ်ပွားသည့် ရုပ်သံဖိုင်

စာတည်း။ ။မောင်ကောင်း