Local News

မြန်မာဂုဏ်ဆောင်အောင်လပွဲတူတူကြည့်ရင်းအားပေးကြရအောင်

၁၉၊ ၁၁ ၊ ၂၀၂၂ ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပသည့် One Championship – One 163 ပွဲမှာ အောင်လအန်ဆန် က

မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲက သူ့အတွက် အရေးကြီးတဲ့အကြောင်း၊ အားပေးကြဖို့ ပြောထားပါတယ်

အောင်လ VS အိုကာမိ ပွဲကြိုသုံးသပ်ချက်

ယနေ့ နိုဝင်ဘာလ 19 ရက်နေ့မှာတော့ မြန်မာပရိသတ်တွေ အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ အောင်လအန်ဆန် VS ယူရှင်အိုကာမိတို့ရဲ့ ပွဲလာပါတော့မယ်

ဒီပွဲကတော့ အောင်လအတွက်ရော အိုကာမိအတွက်ရော အရေးကြီးတဲ့ပွဲ ဖြစ်တာမို့လို့ ဒီပွဲကို အနိုင်ရဖို့ အစွမ်းကုန် ပွဲထုတ်လာမှာ အသေအချာပါဘဲ

အောင်လကလည်း သူအစွမ်းကုန်ပြင်ဆင်နေတဲ့ နပမ်းနဲ့ ဂျူဂျစ်စု စွမ်းရည်ကို ထုတ်ပြမယ်လို့ ဆိုထားပါတယ်

အိုကာမိကလည်း အောင်လကို ယှဉ်ထိုးရလောက်တဲ့အထိ ရူးမိုက်မယ်လို့တော့ မထင်ပါဘူး

ပွဲစဖို့ လက်အိတ်ချင်း ထိပြီးတာနဲ့ အိုကာမီကို အလဲထိုး အနိုင်ယူသွားမယ် လို့ အောင်လအန်ဆန် ကြုံးဝါးထားပါတယ်

ဂျပန် MMA ဖိုက်တာ အိုကာမီကို ပွဲစဖို့ လက်အိတ်ချင်း ထိ၍ နှုတ်ဆက်ပြီးတာနဲ့ အလဲထိုး အနိုင်ယူသွားမယ်လို့ မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ကြုံးဝါးထားပါတယ်

MMA ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်ဟာ ယနေ့ထိုးရမည့် အိုကာမီနှင့်ပွဲမှာ အနိုင်ရခဲ့ပါက ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မယ့် အခွင့်အရေးကောင်းလည်း ရှိနေပါတယ်

ဒါ့ကြောင့် အိုကာမီနဲ့ပွဲစဉ်ကို အနိုင်ယူပြီး ချန်ပီယံပြေးလမ်းပေါ် ပြန်ရောက်နိုင်အောင် ကြိုးပမ်းသွားမယ် လို့လည်း အောင်လက ဆိုပါတယ်။

အိုကာမီက ကျွန်တော့်အတွက် အခက်တွေ့နိုင်ပါတယ်။ သူက နပန်းအားကစားသမား ပုံစံမျိုး တိုက်ခိုက်နည်းကို ပိုအသုံးပြုတတ်တယ်။ အဲဒါက ကျွန်တော့်အတွက် ပြဿနာပါပဲ

ဒါပေမယ့် ကျွန်တော့်ရဲ့ အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ထားလို့ ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူ့ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ပြန်ရယူနိုင်မယ့်လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းသွားမှာပါ လို့ အောင်လအန်ဆန်က ပြောထားပါတယ်

စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် ONE 163 ပြိုင်ပွဲကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ စတင်ကျင်းပမှာ ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား အိုကာမီ တို့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်

ဒီပွဲမှာ တွဲဆိုင်း စုစုပေါင်း ၁၂ ဆိုင်း ထိုးသတ်မှာ ဖြစ်ပြီး အောင်လရဲ့ ပွဲစဉ်ဟာ ၉ ပွဲမြောက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ မြန်မာအချိန် ည ၉ နာရီကျော်လောက်မှ ထိုးသတ်သွားမှာ ဖြစ်ပါတယ်

ဒီနေ့ပွဲစဉ်မှာ အောင်လအန်ဆန်က သူကြုံးဝါးထားသလို ဂျပန်ဖိုက်တာ အိုကာမီကို အလဲထိုးအနိုင်ယူသွားနိုင်မလား ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် Crd