Local News

တပ္မ ၅၅ ဝင္းတြင္ သြားေရာက္ ကျပေျဖေဖ်ာ္သည့္ ျမဝတီအၿငိမ့္အဖြဲ႕မွ သိန္းငါးဆယ္ေပ်ာက္ဆုံး၍ တပ္သားအခ်ိဳ႕ စစ္ေဆးခံေနရ

တပ္မ ၅၅ ဝင္းတြင္ သြားေရာက္ ကျပေျဖေဖ်ာ္သည့္ ျမဝတီအၿငိမ့္အဖြဲ႕မွ သိန္းငါးဆယ္ေပ်ာက္ဆုံး၍ တပ္သားအခ်ိဳ႕ စစ္ေဆးခံေနရ

CJ Platform

ရွမ္းျပည္နယ္ေတာင္ပိုင္း ကေလာၿမိဳ႕တြင္ အမွတ္ ၅၅ ေျခလ်င္တပ္မဌာနခ်ဳပ္ လက္ေအာက္ရွိ ေရွတန္းထြက္ေနသည့္ စစ္ေကာင္စီတပ္သားမ်ားကို သြားေရာက္ေျဖေဖ်ာ္သည့္ ျမဝတီအၿငိမ့္အဖြဲ႕မွ သိန္းငါးဆယ္ေပ်ာက္၍ တပ္သားအခ်ိဳ႕ စစ္ေဆးခံေနရသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

ေရွတန္းထြက္ၿပီးျပန္လာသည့္ တပ္မ ၅၅ လက္ ေအာက္ခံ တပ္ရင္း ၁၀ ရင္းကို အမွတ္ ၃ နယ္လွည့္ဆက္ဆံေရးတပ္ခြဲ ျမဝတီအၿငိမ့္မွ ယမန္ေန႔ညပိုင္းက သြားေရာက္ ေျဖေဖ်ာ္ခဲ့ရာ ေငြေၾကးအခ်ိဳ႕ေပ်ာက္ဆုံးသြား၍ စစ္ေကာင္စီတပ္သားအခ်ိဳ႕ စစ္ေဆးခံရတာ ျဖစ္သည္ဟု စစ္တပ္ႏွင့္ နီးစပ္သူတစ္ဦးမွ CJ Platform ကိုေျပာသည္။

“တပ္မ ၅၅က အစဥ္အလာနဲ႔ ေနတယ္ဆိုၿပီး တပ္မမႉး မိန႔္ခြန္းေျပာလို႔ မၿပီးေသးဘူး ေနာက္ တပ္မေတြမွာ ေျဖေဖ်ာ္ဖို႔ စရိတ္ေပ်ာက္သြားတယ္ လက္သည္မေပၚဘူး တာဝန္ရွိသူ မင္းသမီးက ငိုေနတယ္ တပ္သားေတြကို စစ္ေဆးေနတယ္”ဟု ေျပာသည္။

အမွတ္ ၃ နယ္လွည့္ဆက္ဆံေရးတပ္ခြဲမွ အဆို၊အက၊ဟာသျပဇာတ္မ်ား၊ စင္တင္မ်က္လွည့္ႏွင့္ ျပည္ႀကီးမ႑ိဳင္အၿငိမ့္မ်ားျဖင့္ တင္ဆက္ကျပရာ စစ္သည္ မင္းသမီးတစ္ဦး၏ ေတာေဂၚလီ သီခ်င္းအၿပီးတြင္ ေပ်ာက္ဆုံးခဲ့တာ ျဖစ္သည္ဟု အမည္မေဖာ္လိုသူတစ္ဦးက CJ Platform ကိုေျပာသည္။

“ေတာေဂၚလီသီခ်င္းမွာေပ်ာက္တာ အိုးေလး လႈပ္ပါေဟ့ဆိုေနရင္း တပ္သားေတြက ထကတာ စင္ေပၚေရာ စင္ေနာက္ေရာ လူကေရာေနၿပီးေပ်ာက္သြားတာ”ဟု ရွင္းျပသည္။

လက္ရွိအေျခအေနတြင္ တပ္မ ၅၅ မွ တပ္မမႉးဗိုလ္မႈးခ်ဳပ္က အဆိုပါ ေငြသိန္းငါးဆယ္ေပ်ာက္ဆုံးမႈႏွင့္ ပတ္သက္၍ စစ္ေဆးေနၿပီး ေပ်ာက္ဆုံးသည့္ေငြကို တပ္မ ၅၅၊ ၿမိဳ႕ခံအုပ္ခ်ဳပ္ေရးႏွင့္လုပ္ငန္းရွင္မ်ားမွ စိုက္ထုတ္ေျဖရွင္းထားသည္ဟု တပ္ႏွင့္နီးစပ္သူေတြဆီက သိရသည္။

ေနာက္တန္းစစ္သည္မ်ားကို ေျဖေဖ်ာ္ရာတြင္ ျမဴးႂကြေစသည့္ ေတာေဂၚလီကဲ့သို႔ေသာ သီခ်င္း သီဆိုျခင္း မျပဳရန္ ေဖ်ာ္ေျဖပြဲမ်ားတြင္ အရက္ေသစာေသာက္စားျခင္းမျပဳရန္ ကာကြယ္ေရးဝန္ႀကီးဌာနက စာထုတ္ခဲ့သည္ဟု သိရသည္။

🖋️ကိုေပါက္

တပ်မ ၅၅ ဝင်းတွင် သွားရောက် ကပြဖြေဖျော်သည့် မြဝတီအငြိမ့်အဖွဲ့မှ သိန်းငါးဆယ်ပျောက်ဆုံး၍ တပ်သားအချို့ စစ်ဆေးခံနေရ

CJ Platform

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် အမှတ် ၅၅ ခြေလျင်တပ်မဌာနချုပ် လက်အောက်ရှိ ရှေတန်းထွက်နေသည့် စစ်ကောင်စီတပ်သားများကို သွားရောက်ဖြေဖျော်သည့် မြဝတီအငြိမ့်အဖွဲ့မှ သိန်းငါးဆယ်ပျောက်၍ တပ်သားအချို့ စစ်ဆေးခံနေရသည်ဟု မြို့ခံတွေဆီက သိရသည်။

ရှေတန်းထွက်ပြီးပြန်လာသည့် တပ်မ ၅၅ လက် အောက်ခံ တပ်ရင်း ၁၀ ရင်းကို အမှတ် ၃ နယ်လှည့်ဆက်ဆံရေးတပ်ခွဲ မြဝတီအငြိမ့်မှ ယမန်နေ့ညပိုင်းက သွားရောက် ဖြေဖျော်ခဲ့ရာ ငွေကြေးအချို့ပျောက်ဆုံးသွား၍ စစ်ကောင်စီတပ်သားအချို့ စစ်ဆေးခံရတာ ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးမှ CJ Platform ကိုပြောသည်။

“တပ်မ ၅၅က အစဉ်အလာနဲ့ နေတယ်ဆိုပြီး တပ်မမှူး မိန့်ခွန်းပြောလို့ မပြီးသေးဘူး နောက် တပ်မတွေမှာ ဖြေဖျော်ဖို့ စရိတ်ပျောက်သွားတယ် လက်သည်မပေါ်ဘူး တာဝန်ရှိသူ မင်းသမီးက ငိုနေတယ် တပ်သားတွေကို စစ်ဆေးနေတယ်”ဟု ပြောသည်။

အမှတ် ၃ နယ်လှည့်ဆက်ဆံရေးတပ်ခွဲမှ အဆို၊အက၊ဟာသပြဇာတ်များ၊ စင်တင်မျက်လှည့်နှင့် ပြည်ကြီးမဏ္ဍိုင်အငြိမ့်များဖြင့် တင်ဆက်ကပြရာ စစ်သည် မင်းသမီးတစ်ဦး၏ တောဂေါ်လီ သီချင်းအပြီးတွင် ပျောက်ဆုံးခဲ့တာ ဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“တောဂေါ်လီသီချင်းမှာပျောက်တာ အိုးလေး လှုပ်ပါဟေ့ဆိုနေရင်း တပ်သားတွေက ထကတာ စင်ပေါ်ရော စင်နောက်ရော လူကရောနေပြီးပျောက်သွားတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် တပ်မ ၅၅ မှ တပ်မမှူးဗိုလ်မှုးချုပ်က အဆိုပါ ငွေသိန်းငါးဆယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးနေပြီး ပျောက်ဆုံးသည့်ငွေကို တပ်မ ၅၅၊ မြို့ခံအုပ်ချုပ်ရေးနှင့်လုပ်ငန်းရှင်များမှ စိုက်ထုတ်ဖြေရှင်းထားသည်ဟု တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။

နောက်တန်းစစ်သည်များကို ဖြေဖျော်ရာတွင် မြူးကြွစေသည့် တောဂေါ်လီကဲ့သို့သော သီချင်း သီဆိုခြင်း မပြုရန် ဖျော်ဖြေပွဲများတွင် အရက်သေစာသောက်စားခြင်းမပြုရန် ကာကွယ်ရေးဝန်ကြီးဌာနက စာထုတ်ခဲ့သည်ဟု သိရသည်။

🖋️ကိုပေါက်