Local News

မင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံေဆြးေႏြးထားသည့္ SSPP/SSA တပ္ဖြဲ႕ႏွင့္ စစ္ ေကာင္စီ တပ္တို႔

မင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံေဆြးေႏြးထားသည့္ SSPP/SSA တပ္ဖြဲ႕ႏွင့္ စစ္ ေကာင္စီ တပ္တို႔  တိုက္ပြဲျဖစ္

ရန္ကုန္၊ ႏိုဝင္ဘာ ၂၅

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ကုန္းသာ ေက်း႐ြာ တြင္ ရွမ္းႏွစ္သစ္ ကူး ပြဲႏွင့္ ေကာက္သစ္ဆြမ္းကပ္ အလႉပြဲ အတြက္ လုံၿခဳံေရးယူေပးထားသည့္ SSPP/SSA တပ္ဖြဲ႕ႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲ ျဖစ္ ပြားေၾကာင္း SSPP က သတင္း ထုတ္ျပန္သည္။

SSPP/SSA အဖြဲ႕သည့္ မင္းေအာင္လႈိင္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရး ကမ္းလွမ္း ခ်က္ကို လက္ခံၿပီး မင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးထားသည့္ အဖြဲ႕ ျဖစ္ သည္။

ကုန္းသာေက်း႐ြာတြင္ ရွမ္းႏွစ္သစ္ကူးပြဲႏွင့္ ေကာက္သစ္ဆြမ္းကပ္အလႉပြဲကို က်င္းပျပဳလုပ္ေနစဥ္ ႏိုဝင္ဘာ ၂၅ ရက္ေန႔ နံနက္အေစာပိုင္း စစ္ေကာင္စီ တပ္ ဖြဲ႕ ခလရ ၆၈ ႏွင့္ ခလရ ၂၃ မွ အင္အား ၈၀ ခန္႔က ကုန္းသာ႐ြာထဲသို႔ ထိုး စစ္ ဆင္ ဝင္ေရာက္လာေၾကာင္း၊

လုံၿခဳံေရးယူထားသည့္ SSPP/SSA တပ္ဖြဲ႕ႏွင့္ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း၊ တိုက္ပြဲအတြင္း စစ္ ေကာင္စီဘက္မွ ေသဆုံးသူ မ်ား ရွိၿပီး ၄ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း၊ တိုက္ပြဲေၾကာင့္ ကုန္းသာေက်း႐ြာအုပ္စုမွ ေဒသခံ ျပည္သူ ၆၀၀ ခန္႔ လုံယြန္းဘုန္းႀကီးေက်ာင္းႏွင့္ သီေပါၿမိဳ႕အတြင္းသို႔ ထြက္ေျပးသိမ္းေရွာင္ခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ႏွစ္ဖက္ စစ္ေရး တင္းမာ ေန ေၾကာင္း SSPP ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဓာတ္ပုံ- SSPP/SSA တပ္ဖြဲ႕ဝင္မ်ား။

မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးထားသည့် SSPP/SSA တပ်ဖွဲ့နှင့် စစ် ကောင်စီ တပ်တို့ သီပေါတွင် တိုက်ပွဲဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာ ကျေးရွာ တွင် ရှမ်းနှစ်သစ် ကူး ပွဲနှင့် ကောက်သစ်ဆွမ်းကပ် အလှူပွဲ အတွက် လုံခြုံရေးယူပေးထားသည့် SSPP/SSA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ဖြစ် ပွားကြောင်း SSPP က သတင်း ထုတ်ပြန်သည်။

SSPP/SSA အဖွဲ့သည့် မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ကမ်းလှမ်း ချက်ကို လက်ခံပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးထားသည့် အဖွဲ့ ဖြစ် သည်။

ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်အလှူပွဲကို ကျင်းပပြုလုပ်နေစဉ် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်အစောပိုင်း စစ်ကောင်စီ တပ် ဖွဲ့ ခလရ ၆၈ နှင့် ခလရ ၂၃ မှ အင်အား ၈၀ ခန့်က ကုန်းသာရွာထဲသို့ ထိုး စစ် ဆင် ဝင်ရောက်လာကြောင်း၊

လုံခြုံရေးယူထားသည့် SSPP/SSA တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ် ကောင်စီဘက်မှ သေဆုံးသူ များ ရှိပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ ၆၀၀ ခန့် လုံယွန်းဘုန်းကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေး တင်းမာ နေ ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- SSPP/SSA တပ်ဖွဲ့ဝင်များ။