Local News



ရန်ကုန်၊ နိုဝင်ဘာ ၂၅




မြင်းမူတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကား ၁ စီး လမ်းဘေးထိုးကျပြီး ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီး လမ်းဘေးထိုးကျပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသည့် စစ်ကား ၁၁ စီးကို မွန်းလွဲ ၁၂ နာရီခန့်တွင် ဝမ်းပြည့် ကျေးရွာနှင့် အလကပ ကြားတွင် ကားကွယ်ရေး တပ်ဖွဲ့များက မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး လမ်းဘေးထိုးကျကာ ထိခိုက် သေဆုံးမှု ရှိကြောင်း သိသည်။

Knight Commanders (PDF)တပ်ဖွဲ့၊ Black Dragon special task force၊ တောင်သာ PDFနှင့် စစ်ကိုင်းခရိုင် တပ်ရင်း(၁) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။