Local News

အဲ့လောက်ရုပ်ပေါက်တဲ့ပွဲ တခါမှမမြင်ဖူးဘူး





လေးစားစွာဖြင့်

MIU FC

MFF Futsal Open cup 2022 နောက်ဆုံးဗိုလ်လု ပွဲစဉ်ကို MIU FC အသင်းနှင့် VUC FC အသင်းတို့ ၂၆.၁၁.၂၀၂၂ (စနေနေ့) နေ့လည် ၃း၃၀ နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ VUC FC အသင်းမှ ၅-၄ ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းကို ဂုဏ်ပြုအပ်ပါသည်။

ပွဲစဉ်ပြီးချိန်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်အတွင်းတွင် ပါဝင်ပတ်သက်ခဲ့သူများကိုလည်း အသင်းမှ ထုတ်ပယ်ခြင်းအားဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် လိုအပ်သည့် အရေးယူမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကိစ္စရပ်များအတွက် ကြည့်ရှုသူ ပရိတ်သတ်များ၊ တာဝန်ရှိသူများနှင့် စိတ်အနှောင့်အယှက်ဖြစ်ရ သူများအားလုံးကို MIU FC အသင်းမှ လေးစားစွာဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

လေးစားစွာဖြင့်