Local News

လူမဲ့သပိတ္လုပ္တဲ့ေနရာ ရွင္းလင္းတဲ့ ရဲေတြ

လူမဲ့သပိတ္လုပ္တဲ့ေနရာ ရွင္းလင္းတဲ့ရဲေတြ မိုင္းဆြဲခံရၿပီး ၃ ဦး ေ-သဆုံး

ေရနံေခ်ာင္း၊ ႏိုဝင္ဘာ ၂၇၊ ၂၀၂၂။

မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕ လူမဲ့သပိတ္လုပ္တဲ့ေနရာ ရွင္းလင္းတဲ့ ရဲေတြကို မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ People’s Defence Force Yenangyaung ဗိုလ္စံသွ်ားက ေျမလတ္အသံကို ေျပာပါတယ္။

ယေန႔ ႏိုဝင္ဘာလ ၂၇ ရက္ နံနက္ ၅ နာရီ ၃၀ မိနစ္ခန႔္မွာ လက္မွတ္ကုန္းရဲစခန္းက ထြက္လာၿပီး လူမဲ့သပိတ္လုပ္တဲ့ေနရာ လာေရာက္ရွင္းတဲ့ ရဲသားေတြကို လက္မွတ္ကုန္းနယ္ေျမနဲ႔ တြင္းကုန္းၾကားထဲမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“က်ေနာ္တို႔ အခုမနက္ ၅ နာရီမွာ ၂ ဖြဲ႕ေပါင္းၿပီး လူမဲ့သပိတ္လုပ္ခဲ့တယ္။ လူမဲ့သပိတ္လုပ္တဲ့ေနရာကို မနက္ ၅ နာရီခြဲေလာက္မွာ လက္မွတ္ကုန္းနယ္ေျမ ရဲစခန္း ရဲေခြးေတြက လာေရာက္ရွင္းလင္းတယ္။

လူမဲ့သပိတ္လုပ္တဲ့ေနရာကေတာ့ လက္မွတ္ကုန္းနယ္ေျမနဲ႔ တြင္းကုန္းၾကားထဲမွာပါ။ လာေရာက္ရွင္းလင္းတာကို မိုင္းဆြဲတိုက္ခိုက္ခဲ့တာ။ ပေဒသာမိုင္း ၂ လုံးဆြဲခဲ့တာ။ ေသဆုံးမႈ ၃ ေယာက္ရွိပါတယ္။ ရဲ**ေတြေသတာ” လို႔ ဗိုလ္စံသွ်ားက ေျပာပါတယ္။

မိုင္းဆြဲတိုက္ခိုက္မႈကို People’s Defence Force Yenangyaung ႏွင့္ Hunter Dragon Group တို႔ ပူးေပါင္းၿပီး မိုင္းဆြဲခဲ့တာလို႔ သိရပါတယ္။

ႏိုဝင္ဘာလ ၂၄ ရက္ေန႔ကလည္း ကိုင္းလယ္ရဲစခန္းကို People’s Defence Force Yenangyaung အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ ပစ္ခိုက္တိုက္ခိုက္ခဲ့လို႔ စစ္သား ၁၀ ဦးေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

သတင္း-ဒိန္းဂ်ား

ေျမလတ္အသံ

လူမဲ့သပိတ်လုပ်တဲ့နေရာ ရှင်းလင်းတဲ့ရဲတွေ မိုင်းဆွဲခံရပြီး ၃ ဦး ေ-သဆုံး

ရေနံချောင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၂၂။

မကွေးတိုင်း၊ ရေနံချောင်းမြို့ လူမဲ့သပိတ်လုပ်တဲ့နေရာ ရှင်းလင်းတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force Yenangyaung ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ လက်မှတ်ကုန်းရဲစခန်းက ထွက်လာပြီး လူမဲ့သပိတ်လုပ်တဲ့နေရာ လာရောက်ရှင်းတဲ့ ရဲသားတွေကို လက်မှတ်ကုန်းနယ်မြေနဲ့ တွင်းကုန်းကြားထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ အခုမနက် ၅ နာရီမှာ ၂ ဖွဲ့ပေါင်းပြီး လူမဲ့သပိတ်လုပ်ခဲ့တယ်။ လူမဲ့သပိတ်လုပ်တဲ့နေရာကို မနက် ၅ နာရီခွဲလောက်မှာ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း ရဲခွေးတွေက လာရောက်ရှင်းလင်းတယ်။

လူမဲ့သပိတ်လုပ်တဲ့နေရာကတော့ လက်မှတ်ကုန်းနယ်မြေနဲ့ တွင်းကုန်းကြားထဲမှာပါ။ လာရောက်ရှင်းလင်းတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ပဒေသာမိုင်း ၂ လုံးဆွဲခဲ့တာ။ သေဆုံးမှု ၃ ယောက်ရှိပါတယ်။ ရဲ**တွေသေတာ” လို့ ဗိုလ်စံသျှားက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို People’s Defence Force Yenangyaung နှင့် Hunter Dragon Group တို့ ပူးပေါင်းပြီး မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ကိုင်းလယ်ရဲစခန်းကို People’s Defence Force Yenangyaung အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း-ဒိန်းဂျား

မြေလတ်အသံ