Local News
သို့/ချစ်အဖေ
ပန်ဆယ်လို ေ-သနေ့နီးလာပြီဆိုတဲ့ မင်းအောင်လှိုင်ကို ချစ်ဖေကြီးလို့ ခေါ်တဲ့ ဘေ-ာမမျိုးညစ်တစ်ကောင်ကို ၁၂၁ စစ်ကြောင်းမှူးက ဓါးနဲ့ခုတ်
သို့/ချစ်အဖေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ
နိုင်ငံတော်ဝန်ကြီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အကြောင်းအရာ။ ။ ချစ်အဖေသားကြီး ကျွန်တော် “အမှန်တရားရဲ့ဘက်တော်သား မင်းသားကြီး”ကိုမန္တလေးမြို့(၁၂၁)စစ်ကြောင်းမှူး(အောင်နိုင်ဌေး)မှအကြမ်းဖက်သမားများ မူဆလင်ကုလားလူမိုက်များလူအင်အား(၃၀)ကျော်ခန့်ဖြင့် မန္ထလေးမြို့တွင်အသေသတ်ရန်လုပ်ဆောင်ခဲ့ခြင်းကို ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန်လေးစားစွာဖြင့် ချစ်အဖေသားကြီးတင်ပြအပ်ပါသည်…..
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ချစ်အဖေသားကြီးကျွန်တော် ”မင်းသားကြီး”သည် (၂၃-၁၁-၂၀၂၂)ရက်နေ့တွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ချစ်အဖေမွေးနေ့အဓိဌာန်အလှူငွေ(သုံးသိန်ကျပ်)တိတိလှူဒါန်း၍ ဆင်ဖြူတော်များကိုဆင်စားကျွေးမွေးခဲ့ပါသည်…..
– (၂၅-၁၁-၂၀၂၂)ရက်နေတွင် ချစ်အဖေသားကြီးအိမ်ရှေ့တွင်ထားရှိဂုဏ်ပြုမည့်ချစ်အဖေရုပ်ထုကြီးအပ်နှံရန် မန္ထလေးမြို့သို့သွားရောက်ခဲ့ပါသည် မန္ထလေးမြို့သို့သွားရောက်စဉ် မိတ်ဆွေကောင်းများကတွေ့ဆုံချင်ကြောင်းဖုန်းဆက်ခေါ်သဖြင့် မန္ထလေးမြို့ (၅၉)လမ်းရှိ (Boss-KTV)သို့သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်….
ထိုအချိန်တွင် မူးယစ်ဆေးဝါးများကို မန္ထလေး ရန်ကုန်မြို့များတွင် အကြီးအကျယ်ရောင်းချနေသော မန္ထလေးမြို့ (၃၅လမ်း-၆၁လမ်း)ထောင့်တွင်မူးယစ်ဆေးဝါးများကိုအကြီးအကျယ်ရောင်းချရသောတရားမဝင်ငွေကြေးများဖြင့် Classic ဆိုင်ဖွင့်လှစ်ထားသော မန္ထလေးမြို့အကြမ်းဖက် (PDF)ကိုငွေကြေးထောက်ပံ့နေသူ ကိုနိုင် ဆိုသူရောက်လာသဖြင့် ကျွန်တော်တို့လူကောင်းတွေခင်ဗျားလာရောက်မတွေ့ဆုံရန်ပြောကြားပြန်လွှတ်ခဲ့ပါသည်…..
– ချစ်အဖေသားကြီးကျွန်တော် “မင်းသားကြီး” မိတ်ဆွေကောင်းများကိုနှုတ်ဆက်၍ ည(၇)နာရီအချိန်ပြန်ရန်ကားပေါ်အထွက်တွင် ဓါး သေနတ်များကိုင်ဆောင်ထားသော အရပ်ဝတ်ကုလားလူမိုက်များက မင်းလားကွ “မင်းသားကြီး”ဆို၍ဝိုင်းဝန်းသတ်ဖြတ်ရန်ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်…..
– ချစ်အဖေသားကြီး မန္ထလေးဆေးရုံးအရေးပေါ်သို့ရောက်ရှိ၍ ဦးခေါင်းတွင် ဓားများအခုတ်ခံရ၍ (၁၀)ချက်အချုပ်ခံခဲ့ရပါသည် ဘယ်ဘက်လက်မောင်အရိုးကျိုးသွားပါသည်….. ချစ်အဖေသားကြီး၏စုံစမ်းစစ်ဆေးချက်များအရ မူးယစ်ဆေးဝါးများကို ရန်ကုန် မန္ထလေးမြို့များတွင်အကြီးအကျယ်ရောင်းချနေသူ မန္ထလေးမြို့ (၃၅လမ်း-၆၁လမ်း)ထောင့်တွင် Classic ဆိုင်ဖွင့်၍အကြမ်းဖက် (PDF)များကိုငွေကြေးထောက်ပံ့နေသူ (ကိုနိုင်)ဆိုသူက မန္ထလေးမြို့(၁၂၁)စစ်ကြောင်းမှူး(အောင်နိုင်ဌေး)ဆိုသူကိုဖုန်းဆက်၍ ချစ်အဖေသားကြီးကို အသေသတ်ဖြတ်ရန်ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်…..
– တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာအတွက်….. မြန်မာ့တပ်မတော်ကြီးအတွက် အသက်စွန့်ဆောင်ရွက်နေသော ချစ်အဖေ ချစ်သားကြီး “မင်းသားကြီး”ကိုအကြောင်းမဲ့အသေသတ်ဖြတ်ရန်ကြိုးစားလုပ်ဆောင်ခဲ့သော မူးယစ်ဆေးဝါးများအကြီးအကျယ်ရောင်းချ၍ အကြမ်းဖက် (PDF) များကိုငွေကြေးထောက်ပံ့နေသူ (ကိုနိုင်) ဆိုသူနှင့် မန္တလေးမြို့(၁၂၁)စစ်ကြောင်းမှူး(အောင်နိုင်ဌေး)တို့နှင့် အကြမ်းဖက်သမားများ ကုလားလူမိုက်များကို တရားဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် ချစ်အဖေချစ်သားကြီး “မင်းသားကြီး” လေးစားစွာဖြင့်တင်ပြအပ်ပါသည်….. ချစ်အဖေ ချစ်သားကြီး…မင်းသားကြီး…..ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ကာ မင်းအောင်လှိုင်ကို တိုင်းတန်းထားပါသည်။