Local News

ပြည်သူများအားအသိပေးထုတ်ပြန်ကြေညာခြင်း

ပြည်သူများအားအသိပေးထုတ်ပြန်ကြေညာခြင်း

Dog Killres People’s Defence Force (MMU)

ရက်စွဲ။ ။ ၂၀၂၂ခုနှစ်နိုဝင်ဘာလ၂၇ရက်


ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၇ ရက်








Ayeyarwaddy_Times

ကြေးနီသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကားတစ်စီး လမ်းဘေးထိုးကျ၊ သေဆုံးတဲ့ အလောင်းတွေကို PDF တွေက မီးသင်္ဂြိုဟ်ပေးခဲ့ရ(ရုပ်/သံ)

ဧရာဝတီတိုင်းမ်

နိုဝင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာဘက်မှ စစ်ကိုင်းဘက်ကို ကြေးနီတင်ဆောင်လာသည့် စစ်ကောင်စီ ယာဉ် ၁၀ စီးကို နိုဝင်ဘာလ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၄ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PKDF ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းမှာ အလ္လကပ္ပ နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကာ ၁ စီး လမ်းဘေးထိုးကျကာ စစ်ကောင်စီတပ်သားများ အသေအပျောက်များခဲ့ကြောင်း PKDF တပ်ဖွဲ့ဝင်များက ပြောသည်။

“ဝမ်းပြည့်နှင့်အလ္လကပ္ပကြားမှာ လမ်းဘေးထိုးကျသွားတဲ့ ကားနဲ့ပစ္စည်းတွေ ပြီးတော့ စစ်ကောင်စီတပ်သား သေဆုံးတဲ့အလောင်းတွေနဲ့ သွေးနံ့တွေက လမ်းသွားလမ်းလာတွေ အနံ့မခံနိုင်ပဲ ပုတ်နေလို့ ကျွန်တော်တို့ မီးရှို့ပေးခဲ့ရတယ်။

ကျွန်တော် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး ” ဟု PKDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် လမ်းဘေးထိုးကျနေသည့် စစ်ကားကိုပြုပြင်ရန် မြင်းမူမှ လမ်းလျှောက်လာသည့် စစ်ကောင်စီတပ်သားများ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း PKDF တပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ စစ်ကောင်းစီတပ်သားများကို People’s Knight Defense Force Myinmu ( PKDF- MMU )နှင့်တူ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ PAFD၊ TAUNGTHA People Defense Force (TTAPDF)

ID.B.B.F- MMU I PAFD oog Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PKDF ထံကသိရသည်။

Ayeyarwaddy_Times