Local News

အုပ္ခ်ဳပ္ေရးမႉးေတြစုဖြင့္ထားတဲ့ KTV နဲ႔ အႏွိပ္ခန္း ဗုံးကြဲ လူႏွစ္ဆယ္ေက်ာ္အဖမ္းခံရ

အုပ္ခ်ဳပ္ေရးမႉးေတြပိုင္တဲ့ KTV နဲ႔ အႏွိပ္ခန္း ဗုံးခြဲခံရၿပီးေနာက္ လူႏွစ္ဆယ္ေက်ာ္အဖမ္းခံရ

DeltaNewsAgency

ဧရာဝတီတိုင္းေဒသႀကီး၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ေစာ္ကဲေခ်ာင္း တံတားအနီးက အုပ္ခ်ဳပ္ေရးမႉးနဲ႔ လုပ္ငန္းရွင္တခ်ိဳ႕ပိုင္တဲ့ KTV နဲ႔ အႏွိပ္ခန္းမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၁ ရက္ေန႔က ဗုံးေပါက္ကြဲမႈျဖစ္ၿပီးတဲ့ေနာက္ပိုင္း ေဒသခံေတြကို ဆက္တိုက္ဖမ္းဆီးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ဗုံးခြဲခံရၿပီး ေနာက္တစ္ေန႔မွာဘဲ မသကၤာဘူး၊ ေမးစရာရွိတယ္ဆိုၿပီး ေသနတ္ေတြနဲ႔ ခ်ိန္ၿပီးဖမ္းသြားတာ ခုထိျပန္မလႊတ္ေပးေသးဘူး။ ေနတိုင္းလိုလို ဖမ္းေနတာ မေန႔က (ႏိုဝင္ ၂၅ ရက္ေန႔) အထိ ဖမ္းေနတုန္းပဲ” လို႔ ေမာ္ကြၽန္းၿမိဳ႕ခံတစ္ဦးက DNA ကို ေျပာပါတယ္။

ေပါက္ကြဲမႈ ျဖစ္ၿပီးေနာက္ အဖမ္းခံထားရသူေတြထဲမွာ ေက်းလက္ေန ေတာင္သူလယ္သမားေတြလည္း ပါဝင္ၿပီး စစ္ေကာင္စီသတင္းေပးေတြက လက္ညႇိဳးထိုးေနသူအားလုံးကို ဖမ္းဆီးတဲ့ပုံစံျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ေဖာက္ခြဲခံရတုန္းက လူေတြေတာ့မေသဘူး ၊ ဆိုင္နဲ႔အသုံးအေဆာင္ပစၥည္းေတြေတာ့ အနဲအက်ဥ္း ပ်က္စီးတာရွိတယ္။ ဒါေပမယ့္အဖမ္းခံထားရတဲ့ လူေတြကမ်ားတယ္။ ဖမ္းၿပီးရင္ ႐ိုက္ၾကမွာ ႏွက္ၾကမွာပဲ။ ျပန္လႊတ္ေပးတဲ့အခါ ပိုက္ဆံကေပးရအုန္းမယ္ ထင္ပါတယ္ ” လို႔ အဖမ္းခံရသူေတြရဲ႕ မိသားစုေတြနဲ႔ နီးစပ္သူတစ္ဦးက ဆိုပါတယ္။

ေပါက္ကြဲမႈျဖစ္တဲ့ ဒီ KTV နဲ႔ အႏွိပ္ခန္းဟာဆိုရင္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ေရယာဥ္အသင္းဥကၠဌနဲ႔ အမွတ္ ၇ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးဝင္းေဆြ၊ အမွတ္ ၁၁ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးေက်ာ္ေမာင္တို႔ စုေပါင္းဖြင့္လွစ္ထားတာ ျဖစ္တယ္လို႔လည္း ၿမိဳ႕ခံေတြက ေျပာၾကပါတယ္။

ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး ဘယ္အဖြဲ႕အစည္းက လုပ္ေဆာင္တယ္ဆိုတာ သတင္းထုတ္ျပန္ထားတာမရွိေသးပါဘူး။ စစ္ေကာင္စီဘက္ကေတာ့ အၾကမ္းဖက္ေတြေဖာက္ခြဲတာဆိုၿပီး စြပ္စြဲသတင္းထုတ္ျပန္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္တိုင္းမွာ ေပါက္ကြဲမႈ ဒါမွမဟုတ္ ပစ္ခတ္မႈ ျဖစ္ပြားတိုင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ေဒသခံေတြကို ရမ္းသမ္းဖမ္းဆီးေလ့ရွိတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ပထမပတ္မွာလည္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ေပၚက ပ်ဴေစာထီးေခါင္းေဆာင္လို႔ဆိုတဲ့ဦးခင္ေမာင္ၾကည္ကို ေတာ္လွန္ေရး အင္အားစုေတြက ပစ္ခတ္ရွင္းလင္းခဲ့ၿပီးေနာက္ ၿမိဳ႕ခံ ၃၀ ေက်ာ္ေလာက္ကို စစ္တပ္က ဖမ္းဆီးသြားပါတယ္။

အုပ်ချုပ်ရေးမှူးတွေပိုင်တဲ့ KTV နဲ့ အနှိပ်ခန်း ဗုံးခွဲခံရပြီးနောက် လူနှစ်ဆယ်ကျော်အဖမ်းခံရ

DeltaNewsAgency

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲချောင်း တံတားအနီးက အုပ်ချုပ်ရေးမှူးနဲ့ လုပ်ငန်းရှင်တချို့ပိုင်တဲ့ KTV နဲ့ အနှိပ်ခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးခွဲခံရပြီး နောက်တစ်နေ့မှာဘဲ မသင်္ကာဘူး၊ မေးစရာရှိတယ်ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီးဖမ်းသွားတာ ခုထိပြန်မလွှတ်ပေးသေးဘူး။ နေတိုင်းလိုလို ဖမ်းနေတာ မနေ့က (နိုဝင် ၂၅ ရက်နေ့) အထိ ဖမ်းနေတုန်းပဲ” လို့ မော်ကျွန်းမြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် အဖမ်းခံထားရသူတွေထဲမှာ ကျေးလက်နေ တောင်သူလယ်သမားတွေလည်း ပါဝင်ပြီး စစ်ကောင်စီသတင်းပေးတွေက လက်ညှိုးထိုးနေသူအားလုံးကို ဖမ်းဆီးတဲ့ပုံစံဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖောက်ခွဲခံရတုန်းက လူတွေတော့မသေဘူး ၊ ဆိုင်နဲ့အသုံးအဆောင်ပစ္စည်းတွေတော့ အနဲအကျဉ်း ပျက်စီးတာရှိတယ်။ ဒါပေမယ့်အဖမ်းခံထားရတဲ့ လူတွေကများတယ်။ ဖမ်းပြီးရင် ရိုက်ကြမှာ နှက်ကြမှာပဲ။ ပြန်လွှတ်ပေးတဲ့အခါ ပိုက်ဆံကပေးရအုန်းမယ် ထင်ပါတယ် ” လို့ အဖမ်းခံရသူတွေရဲ့ မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဒီ KTV နဲ့ အနှိပ်ခန်းဟာဆိုရင် မော်လမြိုင်ကျွန်းမြို့နယ် ရေယာဉ်အသင်းဥက္ကဌနဲ့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဝင်းဆွေ၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်မောင်တို့ စုပေါင်းဖွင့်လှစ်ထားတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်တွေဖောက်ခွဲတာဆိုပြီး စွပ်စွဲသတင်းထုတ်ပြန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တိုင်းမှာ ပေါက်ကွဲမှု ဒါမှမဟုတ် ပစ်ခတ်မှု ဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ရမ်းသမ်းဖမ်းဆီးလေ့ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်မှာလည်း မော်လမြိုင်ကျွန်းမြို့ပေါ်က ပျူစောထီးခေါင်းဆောင်လို့ဆိုတဲ့ဦးခင်မောင်ကြည်ကို တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် မြို့ခံ ၃၀ ကျော်လောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။