TachileikNewsAgency
စစ်ကောင်စီတပ်က ပေါ်တာဆွဲ၍ စစ်ထဲရောက်လာသူ သေနတ်ယူကာ CDF ကန်ပက်လက်ထံ ခိုလှုံ
အာဏာသိမ်းစစ်ကောင်စီက ပေါ်တာဆွဲသဖြင့် စစ်တပ်သို့ဝင်ခဲ့ရသူ ခေါလေး(ခ)ကျော်ဝင်းမောင်(ခ)ကျော်စိုင်းခန့် CDF Kanpetlet ထံ ခိုလှုံလာကြောင်း ယနေ့နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။
၎င်းသည် စစ်တပ်ကပေါ်တာဆွဲပြီးနောက် တိုက်ပွဲပြင်းထန်နေသည့်ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စေလွှတ်ခြင်းခံခဲ့ရသဖြင့် လက်နက်နှင့်အတူ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် CDF Kanpetlet သည် ၎င်းအား လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။