Credit
မိသားစု ဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်
လွမ်းတယ် အမေ နဖူးလေးစမ်းပြီး အပူတိုင်းတတ်တဲ့ အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်။
ဘာစားချင်လည်းလို့ ခဏခဏ မေးတဲ့အမေ့ ရဲ့စကားသံလေးကို လွမ်းတယ်
လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့ အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်
ပူပူနွေးနွေးနဲ့ အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်
ငယ်ဘဝ ငယ်ညတွေက အမေ နဲ့ပတ်သက်သမျှ အရာအားလုံးကို လွမ်းတယ် အမေ
အခုတော့ အမေ ဝေးတစ်မြေ နယ်တစ်ခြားက စာသင်သား တစ်ယောက်ဘဝရဲ့ အဖြစ်ကို အမေ သိလေမလား
အမေ့ အမြင်မှာ မသိသာပေမယ့် သား ရင်မှာ အထိနာ ခဲ့ရသူပါ အမေ
မိုးထိလို့ အဖျားမိနေပေမယ့် မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ
သဒ္ဓါဆွမ်း မရပ်ရင် တစ်ထွာ ဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလား
ဝိကာလနေ အလွဲမှာ လူတကာလို စားသောက်ပိုင်ခွင့် က မရှိ
ဗိုက်ဆာဆာနဲ့ စာတွေအော်ကျတ် ခဲ့ရတဲ့ အဖြစ် အမေ သိလေမလား
ရွယ်တူ သူငယ်ချင်းတွေ ပျော်ပါးနေခိုက် ပျော်စရာ ဘေးကပ် အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့ အဖြစ်
အမေ သိလေမလား ယုယမဲ့သူမရှိ ပြုစုမဲ့သူ မရှိ အရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သား အဖြစ်
အမေ မြင်လှည့်ပါတော့ အမေ သာသနာက အေးချမ်းပါတယ် ဆိုတဲ့ အမေ့စကား သား ဘယ်လိုနားလည် ရမလဲ အမေ
တကယ်တော့ အမေ ထင်သလောက်မလွယ် တဲ့ဒီသာသနာမှာ ပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေ
အမေ့ ရည်မှန်းချက်တွေ တွက် ဝေဒနာတွေကို ကွယ်ဝှက် ဒေသနာတွေနဲ့ နေတတ်အောင် ကြိုးစားနေသူပါ အမေ
ဒါတွေ အမေ သိပါစေ လွမ်းတယ် အမေ အမေ့ကျေးဇူး စပ်နိုင်ကြပါစေ။
လွမ်းတယ် အမေ နဖူးလေးစမ်းပြီး အပူတိုင်းတတ်တဲ့ အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်။
ဘာစားချင်လည်းလို့ ခဏခဏ မေးတဲ့အမေ့ ရဲ့စကားသံလေးကို လွမ်းတယ်
လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့ အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်။