Articles

မိခ်က္ကေတာ့ တခါထဲကို တန္းထိုးရပ္သြားတာပဲ

တမူး – ကေလးအာရွလမ္းပိုင္းတြင္ လက္နက္မ်ားသယ္ေဆာင္လာေသာ စစ္ေကာင္စီယာဥ္တန္းကို ကေလး PDF မိုင္းအဖြဲ႕ မိုင္းဆြဲတိုက္ခိုက္

အိုက္ေမာင္/People’s Spring

တမူး – ကေလးအာရွလမ္းမႀကီးအတိုင္း လက္နက္မ်ားသယ္ေဆာင္လာေသာ စစ္ေကာင္စီယာဥ္တန္းကို ကေလး PDF မိုင္းအဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့သည့္ ႐ုပ္သံမွတ္တမ္းကို ယေန႔ ထုတ္ျပန္သည္။

စစ္ေကာင္စီယာဥ္တန္းကို တမူး-ကေလးအာရွလမ္းမႀကီး (၅၆)မိုင္ေက်း႐ြာႏွင့္ ျမေလးေတာင္ ၾကားတြင္ ႏိုဝင္ဘာ ၂၆ရက္က မိုင္း ၆လုံးျဖင့္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ အဆိုပါ တိုက္ခိုက္မႈ ႐ုပ္သံမွတ္တမ္းကို Heroes of Kalayက ယေန႔(ႏိုဝင္ဘာ ၂၈ရက္)နံနက္အေစာပိုင္းတြင္ ထုတ္ျပန္လာသည္။

” မိုင္းထိခ်က္က ေကာင္းလြန္းၿပီး စခေတြ အဲဒီေနရာမွာတင္ ရပ္သြားတယ္။ မေန႔က ညေနကေတာ့ လမ္းေဘးဝန္းက်င္႐ြာေတြကို ဝင္ေမႊၿပီး ဆက္ထြက္လာေနၿပီ”ဟု ကေလး PDFမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ႏိုဝင္ဘာ ၂၆ရက္က တိုက္ခိုက္ခံရမႈတြင္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းမွ ေမာ္ေတာ္ယာဥ္ ၂ႏွစ္စီး ထိခိုက္ပ်က္စီးမႈရွိခဲ့ေၾကာင္းႏွင့္ ယာဥ္တန္းနံေဘးတြင္ လိုက္ပါလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပား ထိခိုက္ေသဆုံးမႈ ရွိခဲ့သည္ဟု ကေလး PDFက သတင္းထုတ္ျပန္သည္။

စစ္ေကာင္စီယာဥ္တန္းသည္ ႏိုဝင္ဘာ ၁၅ရက္တြင္ တမူးၿမိဳ႕မွ ထြက္ခြာလာျခင္းျဖစ္သည္။စစ္ေကာင္စီက အိႏၵိယႏိုင္ငံဘက္မွ တင္သြင္းလာသည့္ စစ္လက္နက္ပစၥည္းမ်ားကို တမူး-ကေလးလမ္းမႀကီးအတိုင္းသယ္ယူလာျခင္းဟု ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကသတင္းရ၍ ၾကားျဖတ္တိုက္ခိုက္ေနၾကသည္။

ႏိုဝင္ဘာ ၂၁ရက္ကလည္း တမူး-ကေလးအာရွလမ္းမႀကီး ကံမၼႀကီးေက်း႐ြာအနီးတြင္ ပေဒသာမိုင္း၁၁လုံးျဖင့္ တမူးၿမိဳ႕ ျပည္သူ႔ ကာကြယ္ေရး တပ္မေတာ္တပ္ရင္း(၃)က ၾကားျဖတ္ေဖာက္ခြဲ တိုက္ခိုက္ခဲ့သည္။ထို႔ေနာက္ တမူး-ကေလး အာရွလမ္းမႀကီး မိုင္တိုင္(၅၆)အနီးတြင္ ကေလး PDF မိုင္းအဖြဲ႕ႏွင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားက ထပ္မံတိုက္ခိုက္​​ျခင္းျဖစ္သည္။ တိုက္ခိုက္မႈႏွစ္ႀကိမ္စလုံးတြင္ စစ္ေကာင္စီယာဥ္တန္းမွာ အထိနာခဲ့သည္။

အဆိုပါ ယာဥ္တန္းကို ႏိုဝင္ဘာ ၂၆ရက္ကလည္း ဒ႐ုန္းႏွင့္ အျခားလက္နက္ႀကီးမ်ားျဖင့္လည္း ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ေနာက္ဆုံးမိုင္းခြဲတိုက္ခိုက္မႈတြင္ လမ္းသားျပတ္ထြက္သြားၿပီး စစ္ေကာင္စီယာဥ္တန္းမ်ား ေရွ႕ဆက္မတိုးႏိုင္ေတာ့ဘဲ ျမေလးေတာင္ေတာင္ေျခ၌ ညအိပ္ရပ္နားခဲ့သည္ဟု ကနဦးသိရေၾကာင္း PDFက ထုတ္ျပန္ထားသည္။

ယမန္ေန႔တြင္ အဆိုပါ ယာဥ္တန္းသည္ ျပန္လည္ထြက္ခြာလာခဲ့ရာ ကံလွေက်း႐ြာအေရာက္တြင္ ၎ေက်း႐ြာေန ျပည္သူမ်ား၏ေနအိမ္မ်ားကို ေဖာက္ထြင္း၍ ျပည္သူပိုင္ပစၥည္းမ်ားကို အဓမၼလုယက္ယူေဆာင္သြားခဲ့ေၾကာင္း၊ ညေနပိုင္းတြင္ စစ္ေကာင္စီယာဥ္တန္းသည္ ကံလွေက်း႐ြာမွ ဆက္လက္ထြက္ခြာလာခဲ့ၿပီး ကံဦးေက်း႐ြာတြင္ ညအိပ္ရပ္နားခဲ့ေၾကာင္းလည္း အသိေပးထားသည္။

႐ုပ္သံ – Heroes of Kalay

တမူး – ကလေးအာရှလမ်းပိုင်းတွင် လက်နက်များသယ်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းကို ကလေး PDF မိုင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

အိုက်မောင်/People’s Spring

တမူး – ကလေးအာရှလမ်းမကြီးအတိုင်း လက်နက်များသယ်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းကို ကလေး PDF မိုင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းကို တမူး-ကလေးအာရှလမ်းမကြီး (၅၆)မိုင်ကျေးရွာနှင့် မြလေးတောင် ကြားတွင် နိုဝင်ဘာ ၂၆ရက်က မိုင်း ၆လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို Heroes of Kalayက ယနေ့(နိုဝင်ဘာ ၂၈ရက်)နံနက်အစောပိုင်းတွင် ထုတ်ပြန်လာသည်။

” မိုင်းထိချက်က ကောင်းလွန်းပြီး စခတွေ အဲဒီနေရာမှာတင် ရပ်သွားတယ်။ မနေ့က ညနေကတော့ လမ်းဘေးဝန်းကျင်ရွာတွေကို ဝင်မွှေပြီး ဆက်ထွက်လာနေပြီ”ဟု ကလေး PDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၆ရက်က တိုက်ခိုက်ခံရမှုတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ မော်တော်ယာဉ် ၂နှစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းနှင့် ယာဉ်တန်းနံဘေးတွင် လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ကလေး PDFက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းသည် နိုဝင်ဘာ ၁၅ရက်တွင် တမူးမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။စစ်ကောင်စီက အိန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်းသယ်ယူလာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းရ၍ ကြားဖြတ်တိုက်ခိုက်နေကြသည်။

နိုဝင်ဘာ ၂၁ရက်ကလည်း တမူး-ကလေးအာရှလမ်းမကြီး ကံမ္မကြီးကျေးရွာအနီးတွင် ပဒေသာမိုင်း၁၁လုံးဖြင့် တမူးမြို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်တပ်ရင်း(၃)က ကြားဖြတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ထို့နောက် တမူး-ကလေး အာရှလမ်းမကြီး မိုင်တိုင်(၅၆)အနီးတွင် ကလေး PDF မိုင်းအဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှစ်ကြိမ်စလုံးတွင် စစ်ကောင်စီယာဉ်တန်းမှာ အထိနာခဲ့သည်။

အဆိုပါ ယာဉ်တန်းကို နိုဝင်ဘာ ၂၆ရက်ကလည်း ဒရုန်းနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆုံးမိုင်းခွဲတိုက်ခိုက်မှုတွင် လမ်းသားပြတ်ထွက်သွားပြီး စစ်ကောင်စီယာဉ်တန်းများ ရှေ့ဆက်မတိုးနိုင်တော့ဘဲ မြလေးတောင်တောင်ခြေ၌ ညအိပ်ရပ်နားခဲ့သည်ဟု ကနဦးသိရကြောင်း PDFက ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် အဆိုပါ ယာဉ်တန်းသည် ပြန်လည်ထွက်ခွာလာခဲ့ရာ ကံလှကျေးရွာအရောက်တွင် ၎င်းကျေးရွာနေ ပြည်သူများ၏နေအိမ်များကို ဖောက်ထွင်း၍ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မလုယက်ယူဆောင်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်ကောင်စီယာဉ်တန်းသည် ကံလှကျေးရွာမှ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကံဦးကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်းလည်း အသိပေးထားသည်။

ရုပ်သံ – Heroes of Kalay