Local News

အခက္အခဲမ်ား ႏွင့္ ရင္ဆိုင္လာေနရေသာ ရန္ကုန္ ယူဂ်ီ မ်ား

အခက္အခဲမ်ား ႏွင့္ ရင္ဆိုင္လာေနရေသာ ရန္ကုန္ ယူဂ်ီ မ်ား

ရန္ကုန္ရွိ ေျမေအာက္ ေတာ္လွန္ေရး အဖြဲ႕မ်ားသည္ လက္နက္မ်ား ဝယ္ယူရန္ ရံပုံေငြမ်ား ေလ်ာ့နည္းလာမႈ၊ ဖမ္းဆီးခံရမႈမ်ား ႏွင့္ အခ်ိဳ႕ အဖြဲ႕ဝင္မ်ားသည္ လုံၿခဳံရာ အရပ္မ်ားသို႔ ထြက္ေျပး တိမ္းေရွာင္ခဲ့ရမႈမ်ား ေၾကာင့္ လူအင္အား ေလ်ာ့နည္းလာၿပီး၊ ရံပုံေငြလည္း မလုံမ‌ေလာက္ ျဖစ္လာေန၍ အေျခအေန ယိမ္းယိုင္စ ျပဳလာေနသည္ဟု ၿပီးခဲ့သည့္ ႏွစ္ ဧၿပီလ မွ စ၍ ရန္ကုန္တြင္ ေျမေအာက္ ေတာ္လွန္ေရးကို ဆင္ႏႊဲလာသူ ကိုဇာနီ (အမည္ဝွက္)က Frontier Myanmar သို႔ ျဖစ္စဥ္မ်ားကို အေသးစိတ္ ေျပာျပခဲ့သည္။

“မိမိတို႔တြင္ လုပ္စရာ အမ်ား အျပားရွိေနေသး၍ အဖမ္းခံ၍ မျဖစ္” ဟုလည္း ဆိုသည္။ ေနာက္ဆုံး အႀကိမ္ အဓိက ထိုးႏွက္ခ်က္ တရပ္အျဖစ္ စစ္ဗိုလ္ခ်ဳပ္ေဟာင္း အုန္းသြင္အား ရွင္းလင္းခဲ့မႈႏွင့္ ဆက္စပ္ၿပီး “အင္ယား ၿမိဳ႕ျပတပ္ဖြဲ႕” ဝင္ ဆယ္ဦး ဖမ္းဆီးခံခဲ့ရၿပီး၊ ဒလ ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာ ၁၈ ႏွင့္ ၂၄ ရက္အၾကား ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္ ၂၁ ဦး လက္နက္မ်ား ႏွင့္ အတူ အဖမ္းဆီး ခံခဲ့ၾကရသည္။

ထိုသို႔ အဖမ္းခံလာရက ဆက္စပ္ပတ္သက္ေနသူ အားလုံး ပါ ေရွာင္တိမ္းခဲ့ၾကရျပန္၍ ခရီး မေပါက္ ျဖစ္လာရသည္။ လူမသိ သူမသိ အဖမ္းဆီးခံရက က်န္လူမ်ားကို အဖမ္းခံရသူအား အသုံးခ်ကာ မွ်ားေခၚ ဖမ္းဆီး သည့္ ဗ်ဳဟာ ကိုလည္း စစ္တပ္က က်င့္သုံးလာၾကသည္။ တခါတရံ တြင္ အလႈေငြ ထည့္ခ်င္ေသာ ျပည္သူ ဟန္ေဆာင္ကာ ဖမ္းဆီးမႈမ်ားလည္း ရွိေနသည္။ ဖုန္း ႏွင့္ စီစီတီဗီ မ်ားမွ တဆင့္ ေျခရာခံ ခဲ့ၾကျပန္သည္။

သို႔ေသာ္ ထိုသို႔ ဖမ္းဆီး ႏွိပ္စက္ခံရမႈ သတင္းမ်ား ၾကားေလ က်န္ အဖြဲ႕ဝင္မ်ား တြင္ ေၾကာက္စိတ္မ်ား မေပၚပဲ ပို၍ ပင္ ေဒါသထြက္လာၾကၿပီး စိတ္ဓါတ္မ်ား ပို၍ ခိုင္မာလာရစၿမဲ ျဖစ္သည္ဟု ကိုဇာနီ က ေျပာျပခဲ့သည္။ “ေသြးေၾကး ကို ရသည့္နည္းျဖင့္ ေပးဆပ္သြားရမည္သာ ျဖစ္သည္” ဟု ဆိုသည္။

ျပည္သူမ်ားကလည္း စစ္တပ္ႏွင့္ ရဲမ်ား ဖက္မွ ထိခိုက္ က်ဆုံးမႈ သတင္းမ်ား ၾကားရတိုင္း စိတ္အား တက္ႂကြလာရစၿမဲ ျဖစ္ေသာ္လည္း ေရရွည္ျဖစ္လာသည့္အခါ ေငြေၾကးအရ ထည့္ဝင္လႈဒန္းႏိုင္မႈ က်ဆင္းလာရသည့္ အျဖစ္ကလည္း အျပစ္ဆို၍ မရျပန္ေပ။ ရန္ကုန္တြင္ လူေနမႈ စားရိတ္က ေန႔စဥ္ႏွင့္ အမွ် ျမင့္တက္လာေနၿပီး ျပည္သူမ်ားလည္း တထြာမွ်ေသာ ဝမ္းကိုပင္ ျဖည့္ႏိုင္ဖို႔ ခက္ခဲသည္ထက္ ခက္ခဲလာေနၾကၿပီ ျဖစ္သည္။

အခ်ိဳ႕ကလည္း အျပစ္မဲ့ ျပည္သူမ်ား ထိခိုက္လာ၍ လက္တြန႔္လာမႈမ်ား ရွိေနသည္ဟု ဆိုသည္။ အင္းစိန္ေထာင္ ေပါက္ကြဲမႈ အား အျပစ္ဖို႔လာခဲ့ၾကသည္။ မိမိတို႔ စစ္ကြၽန္ ဘဝမွ လြတ္ေျမာက္ေရး အတြက္ အသက္ေပး၍ တိုက္ပြဲဝင္ေနသူမ်ားကို ေထာက္ပံ့ရမည္ ဆိုေသာ ျပည္သူမ်ားလည္း ရွိေနျပန္သည္။

ကိုဇာနီကမူ ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ေတာ္လွန္ေရးႀကီး ေအာင္ျမင္ၿပီး ေနာက္ တာဝန္ရွိ ‌ေခါင္းေဆာင္မ်ား ေပးသည့္ အျပစ္ကို ခံယူသြားမည္ဟု အဆုံးစြန္ ေျပာလာခဲ့သည္။ ျပည္သူ႔ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ားဖက္က ေတာ့ လူထုကို ထိခိုက္လည္း ဂ႐ုမစိုက္ဆိုေသာ စိတ္မ်ိဳးျဖင့္ ေဆာင္႐ြက္ခဲ့ျခင္း မရွိဟု ဆိုသည္။ အမ်ိဳးသား ညီၫြတ္ေရး အစိုးရသည္ မိမိတို႔ တပ္ဖြဲ႕ဝင္မ်ား လိုက္နာရမည့္ စစ္စည္းကမ္းကို အထူး အေလးေပးၿပီး ထိန္းခ်ဳပ္မႈမ်ား လုပ္လာခဲ့မႈမ်ားလည္း ရွိေနသည္။

ေနာက္ပိုင္းတြင္ ရန္သူဖက္က အက်အဆုံး မ်ားေစမည့္ စစ္ဆင္ေရးမ်ိဳး ဆင္ႏႊဲကာနီးတြင္ပင္ အနီးအနား၌ အရပ္သား တဦးတေလ ေတြ႕ရက ဖ်က္ပစ္ခဲ့ရသည္မ်ား ရွိေနသည္ဟု ဆိုသည္။ တန္ဖိုးႀကီး ပစ္မွတ္ high-value target မ်ား အျဖစ္ ဗိုလ္ခ်ဳပ္ေဟာင္း အုန္းသြင္အျပင္၊ ဗဟိုဘဏ္ ဒုဥကၠဌ ျဖစ္သူ သန္းသန္းေဆြ ႏွင့္ မိုင္တဲလ္၏ ဘ႑ာေရး တာဝန္ခံ စီအီးအို အဆင့္ရွိ ေရတပ္အရာရွိေဟာင္း သိန္းေအာင္ တို႔အား တိုက္ခိုက္ႏိုင္ခဲ့ၾကသည္။

သို႔ေသာ္ ရန္ကုန္လို လူဦးေရ ထူထပ္မႈ မရွိသည့္ အညာေဒသတြင္ ပို၍ ေအာင္ျမင္မႈမ်ား ရလာေနသည္။ၿမိဳ႕ျပ ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ားလည္း ရန္ကုန္တြင္ ေနဖို႔ထိုင္ဖို႔ ပင္ အခက္အခဲမ်ား ႀကဳံလာ၍ စစ္ကိုင္း၊ မေကြး ရွိ အင္အားစုမ်ား၊ တိုင္းရင္းသား လက္နက္ကိုင္မ်ား ႏွင့္ သြားေရာက္ ပူးေပါင္းရန္ ေျခလွမ္းျပင္ ေနၾကသည္။ ကိုဇာနီ အေျပာအရ ေျခာက္ဖြဲ႕ ခုႏွစ္ဖြဲ႕ ခန႔္ ထြက္ခြာကုန္ၾကၿပီ ျဖစ္သည္ဟု သိရသည္။

ရန္ကုန္တြင္ စစ္တပ္ ႏွင့္ အလိုေတာ္ရိမ်ားကို ပစ္ခတ္တိုက္ခိုက္မႈမ်ားက ေန႔စဥ္ႏွင့္ အမွ် ျဖစ္ေပၚေနေသာ္လည္း စစ္အုပ္ခ်ဳပ္ေရး ကို လႈပ္ယမ္းလာသည္ အထိ ျပဳလုပ္ႏိုင္စြမ္း မရွိေသးေပ။ သို႔ေသာ္ ၎တို႔ မ်က္ႏွာ ေန႔စဥ္ႏွင့္ အမွ် တံေတြး ႏွင့္ ေထြးခံေနရသည့္ အျဖစ္ကိုေတာ့ ဖန္တီးေပးႏိုင္ခဲ့သည္ဟု ဆိုသည္။

ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဒလန္ သတင္းေပး မ်ားကို အဓိက ထား ရွင္းလင္းမွ ျဖစ္မည္၊ ၎တို႔ အကူအညီမပါပဲ စစ္တပ္သည္ မ်က္စိကန္းေနသူလို လႈပ္ရွားေနရလိမ့္မည္ဟု ဆိုသည္။ဒလန္ ဆိုသူမ်ားထဲတြင္ စစ္တပ္ကို အလြန္အမင္း ေၾကာက္႐ြံ႕လာေနမႈမ်ားမွ သက္သာလို သက္သာျငား ယခင္ကထက္ ပို၍ ပူးေပါင္းလာျခင္းမ်ိဳးလည္း ရွိေနသည္။

အမ်ိဳးသား ညီၫြတ္‌ေရး အစိုးရ အဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ ဧၿပီ ႏွင့္ ေအာက္တိုဘာလ အၾကား ေတာင္ပိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမတြင္ စစ္တပ္ ႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူ ၂၂၀ ခန႔္ ကို ရွင္းလင္းပစ္ႏိုင္ခဲ့သည္ဟု သိရသည္။

မိမိတို႔ အေနျဖင့္ ေတာ္လွန္ေရး အတြက္ ဆက္လက္တိုက္ပြဲဝင္သြားမည္သာ ျဖစ္ၿပီး မီးေတာက္ႀကီး ျဖစ္လာသည္အထိ မီးပြားေလးမ်ား ကို ဆက္၍ ေမႊးေနရဦးမည္သာ ျဖစ္သည္ဟု ဆရာေက်ာင္း ဆိုသူ က ေျပာျပခဲ့သည္။

ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

အခက်အခဲများ နှင့် ရင်ဆိုင်လာနေရသော ရန်ကုန် ယူဂျီ များ

ရန်ကုန်ရှိ မြေအောက် တော်လှန်ရေး အဖွဲ့များသည် လက်နက်များ ဝယ်ယူရန် ရံပုံငွေများ လျော့နည်းလာမှု၊ ဖမ်းဆီးခံရမှုများ နှင့် အချို့ အဖွဲ့ဝင်များသည် လုံခြုံရာ အရပ်များသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရမှုများ ကြောင့် လူအင်အား လျော့နည်းလာပြီး၊ ရံပုံငွေလည်း မလုံမ‌လောက် ဖြစ်လာနေ၍ အခြေအနေ ယိမ်းယိုင်စ ပြုလာနေသည်ဟု ပြီးခဲ့သည့် နှစ် ဧပြီလ မှ စ၍ ရန်ကုန်တွင် မြေအောက် တော်လှန်ရေးကို ဆင်နွှဲလာသူ ကိုဇာနီ (အမည်ဝှက်)က Frontier Myanmar သို့ ဖြစ်စဉ်များကို အသေးစိတ် ပြောပြခဲ့သည်။

“မိမိတို့တွင် လုပ်စရာ အများ အပြားရှိနေသေး၍ အဖမ်းခံ၍ မဖြစ်” ဟုလည်း ဆိုသည်။ နောက်ဆုံး အကြိမ် အဓိက ထိုးနှက်ချက် တရပ်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း အုန်းသွင်အား ရှင်းလင်းခဲ့မှုနှင့် ဆက်စပ်ပြီး “အင်ယား မြို့ပြတပ်ဖွဲ့” ဝင် ဆယ်ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ဒလ မြို့နယ်အတွင်း အောက်တိုဘာ ၁၈ နှင့် ၂၄ ရက်အကြား တော်လှန်ရေး တပ်ဖွဲ့ဝင် ၂၁ ဦး လက်နက်များ နှင့် အတူ အဖမ်းဆီး ခံခဲ့ကြရသည်။

ထိုသို့ အဖမ်းခံလာရက ဆက်စပ်ပတ်သက်နေသူ အားလုံး ပါ ရှောင်တိမ်းခဲ့ကြရပြန်၍ ခရီး မပေါက် ဖြစ်လာရသည်။ လူမသိ သူမသိ အဖမ်းဆီးခံရက ကျန်လူများကို အဖမ်းခံရသူအား အသုံးချကာ မျှားခေါ် ဖမ်းဆီး သည့် ဗျုဟာ ကိုလည်း စစ်တပ်က ကျင့်သုံးလာကြသည်။ တခါတရံ တွင် အလှုငွေ ထည့်ချင်သော ပြည်သူ ဟန်ဆောင်ကာ ဖမ်းဆီးမှုများလည်း ရှိနေသည်။ ဖုန်း နှင့် စီစီတီဗီ များမှ တဆင့် ခြေရာခံ ခဲ့ကြပြန်သည်။

သို့သော် ထိုသို့ ဖမ်းဆီး နှိပ်စက်ခံရမှု သတင်းများ ကြားလေ ကျန် အဖွဲ့ဝင်များ တွင် ကြောက်စိတ်များ မပေါ်ပဲ ပို၍ ပင် ဒေါသထွက်လာကြပြီး စိတ်ဓါတ်များ ပို၍ ခိုင်မာလာရစမြဲ ဖြစ်သည်ဟု ကိုဇာနီ က ပြောပြခဲ့သည်။ “သွေးကြေး ကို ရသည့်နည်းဖြင့် ပေးဆပ်သွားရမည်သာ ဖြစ်သည်” ဟု ဆိုသည်။

ပြည်သူများကလည်း စစ်တပ်နှင့် ရဲများ ဖက်မှ ထိခိုက် ကျဆုံးမှု သတင်းများ ကြားရတိုင်း စိတ်အား တက်ကြွလာရစမြဲ ဖြစ်သော်လည်း ရေရှည်ဖြစ်လာသည့်အခါ ငွေကြေးအရ ထည့်ဝင်လှုဒန်းနိုင်မှု ကျဆင်းလာရသည့် အဖြစ်ကလည်း အပြစ်ဆို၍ မရပြန်ပေ။ ရန်ကုန်တွင် လူနေမှု စားရိတ်က နေ့စဉ်နှင့် အမျှ မြင့်တက်လာနေပြီး ပြည်သူများလည်း တထွာမျှသော ဝမ်းကိုပင် ဖြည့်နိုင်ဖို့ ခက်ခဲသည်ထက် ခက်ခဲလာနေကြပြီ ဖြစ်သည်။

အချို့ကလည်း အပြစ်မဲ့ ပြည်သူများ ထိခိုက်လာ၍ လက်တွန့်လာမှုများ ရှိနေသည်ဟု ဆိုသည်။ အင်းစိန်ထောင် ပေါက်ကွဲမှု အား အပြစ်ဖို့လာခဲ့ကြသည်။ မိမိတို့ စစ်ကျွန် ဘဝမှ လွတ်မြောက်ရေး အတွက် အသက်ပေး၍ တိုက်ပွဲဝင်နေသူများကို ထောက်ပံ့ရမည် ဆိုသော ပြည်သူများလည်း ရှိနေပြန်သည်။

ကိုဇာနီကမူ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် တော်လှန်ရေးကြီး အောင်မြင်ပြီး နောက် တာဝန်ရှိ ‌ခေါင်းဆောင်များ ပေးသည့် အပြစ်ကို ခံယူသွားမည်ဟု အဆုံးစွန် ပြောလာခဲ့သည်။ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များဖက်က တော့ လူထုကို ထိခိုက်လည်း ဂရုမစိုက်ဆိုသော စိတ်မျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိဟု ဆိုသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိတို့ တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စစ်စည်းကမ်းကို အထူး အလေးပေးပြီး ထိန်းချုပ်မှုများ လုပ်လာခဲ့မှုများလည်း ရှိနေသည်။

နောက်ပိုင်းတွင် ရန်သူဖက်က အကျအဆုံး များစေမည့် စစ်ဆင်ရေးမျိုး ဆင်နွှဲကာနီးတွင်ပင် အနီးအနား၌ အရပ်သား တဦးတလေ တွေ့ရက ဖျက်ပစ်ခဲ့ရသည်များ ရှိနေသည်ဟု ဆိုသည်။ တန်ဖိုးကြီး ပစ်မှတ် high-value target များ အဖြစ် ဗိုလ်ချုပ်ဟောင်း အုန်းသွင်အပြင်၊ ဗဟိုဘဏ် ဒုဥက္ကဌ ဖြစ်သူ သန်းသန်းဆွေ နှင့် မိုင်တဲလ်၏ ဘဏ္ဍာရေး တာဝန်ခံ စီအီးအို အဆင့်ရှိ ရေတပ်အရာရှိဟောင်း သိန်းအောင် တို့အား တိုက်ခိုက်နိုင်ခဲ့ကြသည်။

သို့သော် ရန်ကုန်လို လူဦးရေ ထူထပ်မှု မရှိသည့် အညာဒေသတွင် ပို၍ အောင်မြင်မှုများ ရလာနေသည်။မြို့ပြ တော်လှန်ရေး တပ်ဖွဲ့ဝင်များလည်း ရန်ကုန်တွင် နေဖို့ထိုင်ဖို့ ပင် အခက်အခဲများ ကြုံလာ၍ စစ်ကိုင်း၊ မကွေး ရှိ အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် သွားရောက် ပူးပေါင်းရန် ခြေလှမ်းပြင် နေကြသည်။ ကိုဇာနီ အပြောအရ ခြောက်ဖွဲ့ ခုနှစ်ဖွဲ့ ခန့် ထွက်ခွာကုန်ကြပြီ ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တွင် စစ်တပ် နှင့် အလိုတော်ရိများကို ပစ်ခတ်တိုက်ခိုက်မှုများက နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်နေသော်လည်း စစ်အုပ်ချုပ်ရေး ကို လှုပ်ယမ်းလာသည် အထိ ပြုလုပ်နိုင်စွမ်း မရှိသေးပေ။ သို့သော် ၎င်းတို့ မျက်နှာ နေ့စဉ်နှင့် အမျှ တံတွေး နှင့် ထွေးခံနေရသည့် အဖြစ်ကိုတော့ ဖန်တီးပေးနိုင်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များက ဒလန် သတင်းပေး များကို အဓိက ထား ရှင်းလင်းမှ ဖြစ်မည်၊ ၎င်းတို့ အကူအညီမပါပဲ စစ်တပ်သည် မျက်စိကန်းနေသူလို လှုပ်ရှားနေရလိမ့်မည်ဟု ဆိုသည်။ဒလန် ဆိုသူများထဲတွင် စစ်တပ်ကို အလွန်အမင်း ကြောက်ရွံ့လာနေမှုများမှ သက်သာလို သက်သာငြား ယခင်ကထက် ပို၍ ပူးပေါင်းလာခြင်းမျိုးလည်း ရှိနေသည်။

အမျိုးသား ညီညွတ်‌ရေး အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဧပြီ နှင့် အောက်တိုဘာလ အကြား တောင်ပိုင်း စစ်ဌာနချုပ် နယ်မြေတွင် စစ်တပ် နှင့် ပတ်သက်ဆက်နွယ်နေသူ ၂၂၀ ခန့် ကို ရှင်းလင်းပစ်နိုင်ခဲ့သည်ဟု သိရသည်။

မိမိတို့ အနေဖြင့် တော်လှန်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်သာ ဖြစ်ပြီး မီးတောက်ကြီး ဖြစ်လာသည်အထိ မီးပွားလေးများ ကို ဆက်၍ မွှေးနေရဦးမည်သာ ဖြစ်သည်ဟု ဆရာကျောင်း ဆိုသူ က ပြောပြခဲ့သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!