Local News

ေလးႀကိမ္ေျမာက္ ေထာင္ထပ္က်မွာစိုးရိမ္ေပမယ့္ ေ႐ြးစရာလမ္းမရွိလို႔ ျမန္မာ့ဒီမိုကေရစီအေရး ဆက္လက္ ေဖာ္ေဆာင္သြားမယ္လို႔ ကိုျမေအး ေျပာ

ေလးႀကိမ္ေျမာက္ ေထာင္ထပ္က်မွာစိုးရိမ္ေပမယ့္ ေ႐ြးစရာလမ္းမရွိလို႔ ျမန္မာ့ဒီမိုကေရစီအေရး ဆက္လက္ ေဖာ္ေဆာင္သြားမယ္လို႔ ကိုျမေအး ေျပာ

မဲေခါင္၊ ႏိုဝင္ဘာ ၃၀

ႏိုဝင္ဘာ ၁၇ ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းသား ၆၀၀၀ နီးပါး လႊတ္ေပးခဲ့မႈမွာ ပါဝင္လာတဲ့ ၈၈ ေက်ာင္းသားမ်ိဳးဆက္ေခါင္းေဆာင္၊ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူ ကိုျမေအးက သုံးႀကိမ္ေျမာက္ ေထာင္က်ခဲ့ၿပီးျဖစ္လို႔ ေလးႀကိမ္ေျမာက္ ေထာင္ထပ္က်မွာစိုးရိမ္ေပမယ့္ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ေကာင္းစားေရး ဟာ စစ္မွန္တဲ့ဒီမိုကေရစီရရွိမွသာျဖစ္ႏိုင္တာေၾကာင့္ ေ႐ြးစရာလမ္းမရွိဘဲ ဒီမိုကေရစီအေရးကို အၾကမ္းမဖက္ လမ္းစဥ္နဲ႔ ဆက္လက္ေတာင္းဆိုလႈပ္ရွားသြားမယ္လို႔ ဗီအိုေအနဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟေျပာၾကားသြားပါတယ္။

ႏိုဝင္ဘာ ၂၉ ရက္ေန႔က ဗီအိုေအ အဂၤလိပ္ပိုင္းသတင္းမွာ အသက္ ၅၆ ႏွစ္ရွိၿပီျဖစ္တဲ့ ကိုျမေအးနဲ႔ အင္တာဗ်ဴး အစီအစဥ္ေဖာ္ျပပါရွိလာတာျဖစ္ၿပီး အင္းစိန္ေထာင္အတြင္း ဖမ္းဆီးခံရတဲ့လူငယ္ေတြ အမ်ားႀကီးေရာက္လာရာမွာ ႏွိပ္စက္ခံထားရမႈေတြကို မ်က္ျမင္ကိုယ္ေတြ႕ျမင္ခဲ့ရၿပီး အရင္ အာဏာသိမ္းစစ္တပ္ျဖစ္စဥ္ေတြထက္ ဒီတစ္ႀကိမ္ ညႇင္းပန္းႏွိပ္စက္မႈက အဆိုးဆုံးျဖစ္တယ္လို႔လည္း အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာဆိုသြားတယ္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး ဒီေန႔မွာပဲ ကိုျမေအးေနအိမ္ကို စစ္သားေတြ ေရာက္ရွိလာခ်ိန္ အျပင္မွာ ကားေမာင္းေနရင္းက သူ႔မွာ ဘာျပစ္မႈမွ မလုပ္ထားလို႔ မေၾကာက္ဘဲ အိမ္ျပန္လာရင္း ဖမ္းဆီးခံခဲ့ရတာျဖစ္ေၾကာင္း၊ ဖမ္းခံရတဲ့ျဖစ္စဥ္မွာ အမႈက ျပည္သူ႔အစိုးရလက္ထက္ ၂၀၁၄ ခုႏွစ္မွာ တ႐ုတ္ အရာရွိတစ္ဦးထံ ပို႔ခဲ့တဲ့ အီးေမးလ္ေၾကာင့္ျဖစ္ၿပီး အဲဒီတုန္းက ျပည္သူအစိုးရဟာ တိုင္းရင္းသားလက္နက္ကိုင္ ေတြနဲ႔ အျပစ္အခတ္ရပ္စဲေရးသေဘာတူညီမႈစာခ်ဳပ္ဖို႔ တ႐ုတ္အစိုးရရဲ႕ အကူအညီေတာင္းခံမႈ ကိစၥျဖစ္တယ္လို႔ ကိုျမေအးက ေျပာၿပီး ဒီအီးေမးလ္ေၾကာင့္ ၅၀၅ (ဂ) နဲ႔ တရားစြဲလို႔ ေထာင္ဒဏ္ ႏွစ္ႏွစ္ခ်မွတ္ခံလိုက္ရတာျဖစ္ ေၾကာင္း၊ လြတ္ၿငိမ္းနဲ႔ျပန္လြတ္လာခ်ိန္မွာ ျပစ္ဒဏ္ျပည့္ဖို႔ ႏွစ္လသာလိုေတာ့ေၾကာင္းလည္း ထည့္သြင္းေျပာ ဆိုခဲ့တယ္။

“ေရၾကည္အိုင္ေထာက္လွမ္းေရးမွာ ၃၅ ရက္ၾကာတယ္။ မတ္လမွာ အင္းစိန္ေထာင္ေရာက္တယ္။ ႏွိပ္စက္တာ ဘာညာမရွိခဲ့ပါဘူး။ လမ္းေပၚက ျပည္သူေတြ ဆႏၵျပေနတဲ့အသံေတြၾကားေနရေတာ့ ေျပာင္းလဲမႈတစ္ခုခုေတာ့ ျဖစ္မယ္လို႔ပဲ ေထာင္ထဲကေန ေတြးေနမိတယ္။ လူငယ္ေတြ ေထာင္ထဲကို အမ်ားအျပားေရာက္ေရာက္လာေတာ့ အံ့ဩရတယ္။ စစ္ေၾကာေရးမွာကတည္းက လူငယ္ေတြကို ႏွိပ္စက္ညႇင္းပန္းသံေတြၾကားေနရတာပါ။ ေထာင္ထဲ ေရာက္လာတဲ့ လူငယ္မ်ားစြာဟာ ႏွိပ္စက္ခံထားရလို႔ ဖူးေရာင္ဒဏ္ရာေတြပရဗြနဲ႔။ ေခါင္းမွာပတ္တီးေတြစည္းထားသူေတြလည္းမနည္းဘူး။

လက္က်ိဳးလို႔ ပတ္တီးသိုင္းထားရတဲ့လူငယ္ေတြလည္း အမ်ားႀကီးေတြ႕ရတယ္။ အရင္ ေထာင္က်ခဲ့တဲ့အေတြ႕အႀကဳံအားလုံးထက္ ဆိုး႐ြားတဲ့ ျမင္ကြင္းေတြကို ျမင္ခဲ့ရ တယ္။ ကြၽန္ေတာ့္ရဲ႕ ညီအစ္ကိုေတြလိုျဖစ္တဲ့ ကိုဂ်င္မီနဲ႔ ေဇယ်ာေသာ္ အပါအဝင္ ေလးေယာက္ကို ႀကိဳးေပး သတ္တာသိရေတာ့ အရမ္း စိတ္မေကာင္းႀကီးစြာျဖစ္ရတယ္။ ကိုဂ်င္မီက ကြၽန္ေတာ္တို႔နဲ႔ တိုင္းျပည္ဒီမိုကေရစီရေရး တစ္ေလွ်ာက္လုံးအတူလက္တြဲလုပ္လာၾကသူေတြ။ လူငယ္ေတြကိုလည္း ဒီလို ထပ္ႀကိဳးေပးသတ္ျဖတ္မွာ စိုးရိမ္ခဲ့တယ္။ မိသားစုနဲ႔လည္း မေတြ႕ရဘူး။ ေထာင္အခန္းထဲမွာ တီဗီမရွိဘူး။

သူတို႔ထုတ္တဲ့ သတင္းစာပဲ ဖတ္ရတာေတာင္ ေထာင္အာဏာပိုင္ေတြက ဖမ္းဆီးတဲ့သတင္းေတြ၊ ေသဆုံးသတင္းပါတဲ့ေနရာေတြကို ျဖတ္ထားလို႔ ဒီလိုမျဖတ္ေအာင္ ေတာင္းဆိုခဲ့ၾကရတယ္။ အ႐ိုးသားဆုံးနဲ႔ အပြင့္လင္းဆုံးေျပာရရင္ ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္ေထာင္ထဲဝင္ရမွာ စိုးရိမ္ပူပန္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ္ တို႔ႏိုင္ငံ ပိုမိုေကာင္းမြန္တဲ့အနာဂတ္ျဖစ္တည္လာေစဖို႔ ဒီမိုကေရစီစနစ္ကသာ အေကာင္းဆုံးနည္းလမ္းလို႔ ယုံၾကည္တဲ့အတြက္ ေ႐ြးခ်ယ္စရာလမ္းမရွိဘူး။ ကြၽန္ေတာ့္ရဲ႕ ႏိုင္ငံေရးအျမင္ေတြကို ဆက္လက္ထုတ္ေဖာ္ၿပီး ႏိုင္ငံအတြက္ အလုပ္ေတြ ဆက္လုပ္သြားရမွာပဲ” လို႔ ကိုျမေအးက ေျပာသြားခဲ့တယ္။

ကိုျမေအးဟာ ၈၈ ေတာ္လွန္ေရးသပိတ္မွာ ေခါင္းေဆာင္အျဖစ္ပါဝင္ခဲ့လို႔ ၁၉၈၉ ခုႏွစ္မွာ ဖမ္းဆီးခံရၿပီး ပထမဆုံး အႀကိမ္အျဖစ္ ေထာင္ဒဏ္ ရွစ္ႏွစ္ခ်မွတ္ခံခဲ့ရတယ္။ ၁၉၉၆ ခုႏွစ္မွာ ေထာင္ကလြတ္လာၿပီးေနာက္ ဒီမိုကေရစီအေရး ဆက္လက္လႈပ္ရွားခဲ့ၿပီး ၂၀၀၇ ခုႏွစ္မွာ ဒုတိယအႀကိမ္ ဖမ္းဆီးခံရတယ္။ ဒုတိယအႀကိမ္မွာ ေထာင္ဒဏ္ ၆၅ ႏွစ္နဲ႔ ၆ လ ခ်မွတ္ခံရၿပီး ၂၀၁၂ ဇန္နဝါရီ ၁၃ ရက္ေန႔မွာ တျခားေက်ာင္းသားေခါင္းေဆာင္ေတြနဲ႔အတူ ျပန္လြတ္ေျမာက္လာတယ္။ တတိယအႀကိမ္အျဖစ္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး ၂၀၂၂ ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ လြတ္ၿငိမ္းနဲ႔ ျပတ္လြတ္ေျမာက္လာတာျဖစ္ပါတယ္။

MeKongNews

လေးကြိမ်မြောက် ထောင်ထပ်ကျမှာစိုးရိမ်ပေမယ့် ရွေးစရာလမ်းမရှိလို့ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက် ဖော်ဆောင်သွားမယ်လို့ ကိုမြအေး ပြော

မဲခေါင်၊ နိုဝင်ဘာ ၃၀

နိုဝင်ဘာ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ နီးပါး လွှတ်ပေးခဲ့မှုမှာ ပါဝင်လာတဲ့ ၈၈ ကျောင်းသားမျိုးဆက်ခေါင်းဆောင်၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုမြအေးက သုံးကြိမ်မြောက် ထောင်ကျခဲ့ပြီးဖြစ်လို့ လေးကြိမ်မြောက် ထောင်ထပ်ကျမှာစိုးရိမ်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကောင်းစားရေး ဟာ စစ်မှန်တဲ့ဒီမိုကရေစီရရှိမှသာဖြစ်နိုင်တာကြောင့် ရွေးစရာလမ်းမရှိဘဲ ဒီမိုကရေစီအရေးကို အကြမ်းမဖက် လမ်းစဉ်နဲ့ ဆက်လက်တောင်းဆိုလှုပ်ရှားသွားမယ်လို့ ဗီအိုအေနဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောကြားသွားပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က ဗီအိုအေ အင်္ဂလိပ်ပိုင်းသတင်းမှာ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ကိုမြအေးနဲ့ အင်တာဗျူး အစီအစဉ်ဖော်ပြပါရှိလာတာဖြစ်ပြီး အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံရတဲ့လူငယ်တွေ အများကြီးရောက်လာရာမှာ နှိပ်စက်ခံထားရမှုတွေကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရပြီး အရင် အာဏာသိမ်းစစ်တပ်ဖြစ်စဉ်တွေထက် ဒီတစ်ကြိမ် ညှင်းပန်းနှိပ်စက်မှုက အဆိုးဆုံးဖြစ်တယ်လို့လည်း အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုသွားတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီး ဒီနေ့မှာပဲ ကိုမြအေးနေအိမ်ကို စစ်သားတွေ ရောက်ရှိလာချိန် အပြင်မှာ ကားမောင်းနေရင်းက သူ့မှာ ဘာပြစ်မှုမှ မလုပ်ထားလို့ မကြောက်ဘဲ အိမ်ပြန်လာရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း၊ ဖမ်းခံရတဲ့ဖြစ်စဉ်မှာ အမှုက ပြည်သူ့အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ တရုတ် အရာရှိတစ်ဦးထံ ပို့ခဲ့တဲ့ အီးမေးလ်ကြောင့်ဖြစ်ပြီး အဲဒီတုန်းက ပြည်သူအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အပြစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ဖို့ တရုတ်အစိုးရရဲ့ အကူအညီတောင်းခံမှု ကိစ္စဖြစ်တယ်လို့ ကိုမြအေးက ပြောပြီး ဒီအီးမေးလ်ကြောင့် ၅၀၅ (ဂ) နဲ့ တရားစွဲလို့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံလိုက်ရတာဖြစ် ကြောင်း၊ လွတ်ငြိမ်းနဲ့ပြန်လွတ်လာချိန်မှာ ပြစ်ဒဏ်ပြည့်ဖို့ နှစ်လသာလိုတော့ကြောင်းလည်း ထည့်သွင်းပြော ဆိုခဲ့တယ်။

“ရေကြည်အိုင်ထောက်လှမ်းရေးမှာ ၃၅ ရက်ကြာတယ်။ မတ်လမှာ အင်းစိန်ထောင်ရောက်တယ်။ နှိပ်စက်တာ ဘာညာမရှိခဲ့ပါဘူး။ လမ်းပေါ်က ပြည်သူတွေ ဆန္ဒပြနေတဲ့အသံတွေကြားနေရတော့ ပြောင်းလဲမှုတစ်ခုခုတော့ ဖြစ်မယ်လို့ပဲ ထောင်ထဲကနေ တွေးနေမိတယ်။ လူငယ်တွေ ထောင်ထဲကို အများအပြားရောက်ရောက်လာတော့ အံ့ဩရတယ်။ စစ်ကြောရေးမှာကတည်းက လူငယ်တွေကို နှိပ်စက်ညှင်းပန်းသံတွေကြားနေရတာပါ။ ထောင်ထဲ ရောက်လာတဲ့ လူငယ်များစွာဟာ နှိပ်စက်ခံထားရလို့ ဖူးရောင်ဒဏ်ရာတွေပရဗွနဲ့။ ခေါင်းမှာပတ်တီးတွေစည်းထားသူတွေလည်းမနည်းဘူး။

လက်ကျိုးလို့ ပတ်တီးသိုင်းထားရတဲ့လူငယ်တွေလည်း အများကြီးတွေ့ရတယ်။ အရင် ထောင်ကျခဲ့တဲ့အတွေ့အကြုံအားလုံးထက် ဆိုးရွားတဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရ တယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေလိုဖြစ်တဲ့ ကိုဂျင်မီနဲ့ ဇေယျာသော် အပါအဝင် လေးယောက်ကို ကြိုးပေး သတ်တာသိရတော့ အရမ်း စိတ်မကောင်းကြီးစွာဖြစ်ရတယ်။ ကိုဂျင်မီက ကျွန်တော်တို့နဲ့ တိုင်းပြည်ဒီမိုကရေစီရရေး တစ်လျှောက်လုံးအတူလက်တွဲလုပ်လာကြသူတွေ။ လူငယ်တွေကိုလည်း ဒီလို ထပ်ကြိုးပေးသတ်ဖြတ်မှာ စိုးရိမ်ခဲ့တယ်။ မိသားစုနဲ့လည်း မတွေ့ရဘူး။ ထောင်အခန်းထဲမှာ တီဗီမရှိဘူး။

သူတို့ထုတ်တဲ့ သတင်းစာပဲ ဖတ်ရတာတောင် ထောင်အာဏာပိုင်တွေက ဖမ်းဆီးတဲ့သတင်းတွေ၊ သေဆုံးသတင်းပါတဲ့နေရာတွေကို ဖြတ်ထားလို့ ဒီလိုမဖြတ်အောင် တောင်းဆိုခဲ့ကြရတယ်။ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောရရင် ကျွန်တော် နောက်တစ်ကြိမ်ထောင်ထဲဝင်ရမှာ စိုးရိမ်ပူပန်တာပေါ့။ ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံ ပိုမိုကောင်းမွန်တဲ့အနာဂတ်ဖြစ်တည်လာစေဖို့ ဒီမိုကရေစီစနစ်ကသာ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်တဲ့အတွက် ရွေးချယ်စရာလမ်းမရှိဘူး။ ကျွန်တော့်ရဲ့ နိုင်ငံရေးအမြင်တွေကို ဆက်လက်ထုတ်ဖော်ပြီး နိုင်ငံအတွက် အလုပ်တွေ ဆက်လုပ်သွားရမှာပဲ” လို့ ကိုမြအေးက ပြောသွားခဲ့တယ်။

ကိုမြအေးဟာ ၈၈ တော်လှန်ရေးသပိတ်မှာ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့လို့ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ပထမဆုံး အကြိမ်အဖြစ် ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံခဲ့ရတယ်။ ၁၉၉၆ ခုနှစ်မှာ ထောင်ကလွတ်လာပြီးနောက် ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ဖမ်းဆီးခံရတယ်။ ဒုတိယအကြိမ်မှာ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ခံရပြီး ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တခြားကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ပြန်လွတ်မြောက်လာတယ်။ တတိယအကြိမ်အဖြစ် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းနဲ့ ပြတ်လွတ်မြောက်လာတာဖြစ်ပါတယ်။

MeKongNews