Local News

ယမန္ေန႔ည ေလျပင္းတိုက္ခတ္မႈ ရန္ကုန္

ယမန္ေန႔ည ေလျပင္းတိုက္ခတ္မႈ ရန္ကုန္ျမစ္အတြင္း ေမာ္ေတာ္ ၁ စင္း၊ သမၼာန္ႏွင့္ ပိုက္ေလွ ၁ဝ စီးေက်ာ္နစ္ျမဳပ္

ဧရာဝတီတိုင္းမ္

ဒီဇင္ဘာလ ၁ ရက္

ရန္ကုန္တိုင္း၊ ဒလႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္တို႔တြင္ ယမန္ ေန႔ ညပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေမာ္ေတာ္တစ္စင္းအပါအဝင္ သမၼာန္ႏွင့္ ငါးဖမ္းပိုက္ေလွမ်ား နစ္ျမဳပ္သြားေၾကာင္း ေလွပိုင္ရွင္မ်ား၏ ေျပာျပခ်က္အရ သိရွိရသည္။

ယမန္ေန႔ ႏိုဝင္ဘာ ၃၀ ရက္ေန႔ ည ၈ နာရီခြဲအခ်ိန္ခန္႔တြင္ ရန္ကုန္တိုင္းအတြင္းရွိၿမိဳ႕နယ္အခ်ိဳ႕တြင္ ေလျပင္းတိုက္ ခတ္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ရန္ကုန္ျမစ္အတြင္း၌ ဒလႏွင့္ရန္ကုန္ကူးေနသည့္ စက္သမၼာန္ ၃ စင္း တိမ္းေမွာက္ခဲ့ေၾကာင္း သိရွိရသည္။

“ညက သမၼာန္ ၃ စီးေမွာက္တယ္။ ေလေတြ တအားတိုက္ေနခ်ိန္ ျမစ္အလယ္ကိုေက်ာ္လာပီးမွ ျဖစ္ေတာ့ ေတာ္ေသးတာပဲေျပာရမယ္။ လူေတြဘာမွမျဖစ္လို႔” ဟု သမၼာန္ေမာင္းႏွင္သူတစ္ဦးမွ ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ထို႔အျပင္ ရန္ကုန္တိုင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေသာင္ပုန္ေက်း႐ြာ၊ ႐ြာသစ္ကမ္းနားရွိ ျမစ္အတြင္း ရပ္ထား သည့္ ေမာ္ေတာ္ႏွင့္ ငါးဖမ္းပိုက္ေလွမ်ား ေမ်ာပါနစ္ျမဳပ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္း လူမႈကူညီေရးအသင္းမ်ားထံကသိရသည္။

“လႈိင္းေတြက တအားတက္လာၿပီး ေလွေတြအခ်င္း ခ်င္း႐ိုက္မိၿပီး ခ်ည္ထားတဲ့ ႀကိဳးေတြျပတ္ကုန္တာ။ ေမာ္ေတာ္ႀကီးတစ္စီးနဲ႔ ပိုက္ေလွ ၁၀ စီေက်ာ္ေမ်ာပါၿပီး နစ္ျမဳပ္သြားတယ္”ဟု ေဒသအေျခစိုက္ လူမႈကူညီေရးအသင္း တာဝန္ရွိသူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ယမန္႔ေန႔ညပိုင္းက တိုက္ခတ္ခဲ့သည့္ ေလျပင္းအရွိန္ေၾကာင့္ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ အိမ္ ေခါင္မိုး မ်ားလန္ျခင္း၊ သစ္ပင္ႏွင့္ ဓာတ္တိုင္မ်ားပါလမ္းေပၚ သို႔ က်ိဳးက်မႈမ်ားျဖစ္ေပၚမူရွိခဲ့ေၾကာင္းသိရသည္။

AyeyarwaddyTimes

ယမန်နေ့ည လေပြင်းတိုက်ခတ်မှု ရန်ကုန်မြစ်အတွင်း မော်တော် ၁ စင်း၊ သမ္မာန်နှင့် ပိုက်လှေ ၁ဝ စီးကျော်နစ်မြုပ်

ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၁ ရက်

ရန်ကုန်တိုင်း၊ ဒလနှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ယမန် နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မော်တော်တစ်စင်းအပါအဝင် သမ္မာန်နှင့် ငါးဖမ်းပိုက်လှေများ နစ်မြုပ်သွားကြောင်း လှေပိုင်ရှင်များ၏ ပြောပြချက်အရ သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့တွင် လေပြင်းတိုက် ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြစ်အတွင်း၌ ဒလနှင့်ရန်ကုန်ကူးနေသည့် စက်သမ္မာန် ၃ စင်း တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

“ညက သမ္မာန် ၃ စီးမှောက်တယ်။ လေတွေ တအားတိုက်နေချိန် မြစ်အလယ်ကိုကျော်လာပီးမှ ဖြစ်တော့ တော်သေးတာပဲပြောရမယ်။ လူတွေဘာမှမဖြစ်လို့” ဟု သမ္မာန်မောင်းနှင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ပုန်ကျေးရွာ၊ ရွာသစ်ကမ်းနားရှိ မြစ်အတွင်း ရပ်ထား သည့် မော်တော်နှင့် ငါးဖမ်းပိုက်လှေများ မျောပါနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံကသိရသည်။

“လှိုင်းတွေက တအားတက်လာပြီး လှေတွေအချင်း ချင်းရိုက်မိပြီး ချည်ထားတဲ့ ကြိုးတွေပြတ်ကုန်တာ။ မော်တော်ကြီးတစ်စီးနဲ့ ပိုက်လှေ ၁၀ စီကျော်မျောပါပြီး နစ်မြုပ်သွားတယ်”ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန့်နေ့ညပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းအရှိန်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အိမ် ခေါင်မိုး များလန်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များပါလမ်းပေါ် သို့ ကျိုးကျမှုများဖြစ်ပေါ်မူရှိခဲ့ကြောင်းသိရသည်။

AyeyarwaddyTimes