Knowledge

အိုလာရင္သားသမီးေတြ ပစ္ပယ္တာခံရတာပါပဲဆိုတဲ့ အသက္ ၇၇ႏွစ္အ႐ြယ္ ဆိုက္ကားဆရာအဘိုးအိုေျပာတဲ့ ကိုယ္ေတြ႕အျဖစ္

အိုလာရင္သားသမီးေတြ ပစ္ပယ္တာခံရတာပါပဲဆိုတဲ့ အသက္ ၇၇ႏွစ္အ႐ြယ္ ဆိုက္ကားဆရာအဘိုးအိုေျပာတဲ့ ကိုယ္ေတြ႕အျဖစ္

က်ေနာ္ကားေပၚကဆင္းဆင္းခ်င္ပဲ ဆိုက္ကားဆရာတခ်ိဳ႕ ေရာက္လာတယ္။ သန္ျမန္တဲ့လူေတြမို႔ အတင္တိုးေဝွ႔ၿပီး သူ႔ထက္ငါဦးေအာင္ ေမးၾကတယ္။ အကိုဘယ္သြားမွာလဲ ဘယ္ပို႔ေပးရမလဲေပါ့။

က်ေနာ့္မွာလဲ ပစၥည္းက မ်ားမ်ားစားစား သယ္စရာပါမလာေတာ့ က်ေနာ္ဆိုက္ကားမငွားေတာ့ဘူးအကိုတို႔လို႔ ေျပာလိုက္တယ္။ ကိုလဲၿမိဳ႕သားမဟုတ္ေတာ့ ေတာ္ယုံအထုပ္နဲ႔ ေတာ္ယုံခရီးဆို ကိုယ္တိုင္ထမ္းၿပီး လမ္းေလ်ာက္ေလ့ရွိတယ္။

အဲ့လိုနဲ႔ ဆိုက္ကားဆရာေတြ လူစုခြဲေနာက္ဆုတ္သြားမွ ေနာက္ကအဖိုးအိုတေယာက္ကိုျမင္လိုက္ရတယ္။ ငါ့တူေလးဘယ္ကိုသြားမွာလဲ ဦးေလးဆိုက္ကားနဲ႔လိုက္ပို႔ပါရေစတဲ့ ေမးလိုက္တဲ့ပုံကလဲ တျခားဆိုက္ကားဆရာေတြနဲ႔မတူဘူးဗ်။

တျခားဆိုက္ကားဆရာေတြဆို ဆိုက္ကားေခၚမလား ဘာညာေမးတယ္။ အခုအဖိုးအိုကေတာ့ ဦးေလး ဆိုက္ကားနဲ႔လိုက္ပို႔ပါရေစတဲ့။ က်ေနာ္လဲဘာမွစဥ္းစားမေနေတာ့ဘူး ဟုတ္ကဲ့လိုက္ပို႔ပါဥိးေလးဆိုၿပီးေျပာလိုက္တယ္။

တျခားဆိုက္ကားဆရာေတြကေတာင္ ေနာက္က တီးတိုးေဝဖန္သံၾကားလိုက္မိပါတယ္။ ဒီေကာင္အ႐ူး စိတ္မမွန္ဘူးဆိုပဲ။ အဲ့လိုနဲ႔က်ေနာ္တို႔ ဆိုက္ကားနဲ႔ထြက္လာၾကရင္း က်ေနာ္ကနဲနဲစပ္စုၾကည့္တယ္။

ဦးေလး ဦးေလးမွာသားသမီးမရွိဘူးလားဆိုေတာ့ရွိတာေပါ့ငါ့တူရယ္ အႀကီးေကာင္ကရဲထဲမွာဒုရဲအုပ္ အလတ္မကေက်ာင္းအုပ္ဆရာမ အငယ္ဆုံးသားကေတာ့ မွန္လုံကားေမာင္းတယ္ တဲ့ဦးေလးနဲ႔အတူေနၾကတာလား ဆိုေတာ့မဟုတ္ပါဘူး သူတို႔အိမ္ေထာင္ေတြနဲ႔ပါ။

သူတို႔က တာဝန္က်ရာနယ္ေတြမွာပါတဲ့ ဒါဆိုဦးေလးတို႔အဖိုးအဖြား၂ေယာက္ထဲေနတာေပါ့ေနာ္ ဆိုေတာ့မဟုတ္ပါဘူးဦးေလးတေယာက္ထဲေနတာပါ ဦးေလးမိန္းမကဆုံးသြားၿပီ တဲ့ ဘာလို႔သားသမီးေတြနဲ႔လိုက္မေနတာလဲဦးေလး လို႔က်ေနာ္ထပ္ေမးလိုက္တယ္။ ေနခ်င္တာေပါ့ငါ့တူရယ္ ေနလဲေနၿပီးပါၿပီ။

မိဘေတြအိုလာရင္ သားသမီးေတြက ပယ္ထားၾကတာ။ တစ္ကယ္ေတာ့မိဘဆိုတာ အိုပယ္ေတြပါ တဲ့။ က်ေနာ္အရမ္းစိတ္မေကာင္းျဖစ္သြားတယ္။

ရင္ထဲမွာဆို႔တက္လာလို႔ ဘာမွဆက္မေမးႏိုင္ေတာ့ဘူး။ က်ေနာ္သြားမဲ့လမ္းဆုံေရာက္ေတာ့မွ မနဲအသံထြက္ေမးလိုက္ရတယ္။

ဦးေလးဘယ္ေလာက္က်လဲဗ် ဆိုေတာ့၅၀၀ ပါငါ့တူတဲ့။ က်ေနာ္အိပ္ထဲက ၁၀၀၀၀ တန္၂႐ြက္ထုပ္ေပးလိုက္တယ္။ မယုံႏိုင္သလို အံ့ၾသတဲ့ အၾကည့္ေတြနဲ႔က်ေနာ္ကို ေျပာတယ္ ၅၀၀ ပဲက်တာေလ ငါ့တူတဲ့။

ဟုတ္ပါတယ္ က်န္တဲ့ပိုက္ဆံက ဦးေလးကို က်ေနာ္ကန္ေတာ့တာပါဆိုေတာ့ တုန္တုန္ယင္ယင္လက္ေတြနဲ႔ လွမ္းယူလိုက္တယ္။ ဆုေတြလဲ မဆုံးႏိုင္ေအာင္ ေပးေနပါေတာ့တယ္။

ေနာက္ထပ္ ၅ လေလာက္ရွိလို႔ က်ေနာ္ အဲ့ဒီဆိုက္ကားဂိတ္ကို ျပန္ေရာက္ေတာ့ ဒီဂိတ္ကဆိုက္ကားဆရာဦးေလးႀကီးေရာလို႔ အနားကကြမ္းယာဆိုင္ကို ေမးၾကည့္တဲ့အခါ အခုေဆာင္းအဝင္ လြန္ခဲ့တဲ့ တလကပဲ သူ႔ရဲ႕တဲအိမ္ေလးထဲမွာ တေယာက္ထဲဆုံးသြားၿပီး ၃ရက္ေလာက္ေနမွ ရပ္ကြက္ကသိတယ္တဲ့။

ေနာင္ဘဝေတြမွာ အခုလိုအျဖစ္မ်ိဳးနဲ႔ မႀကဳံပါေစနဲ႔ဦးေလးရယ္လို႔ ဆုေတာင္းေပး႐ုံကလြဲၿပီးက်ေနာ္ ဘာမ်ားတတ္ႏိုင္ေတာ့မွာလဲဗ်ာ။

ဘယ္သူမွ အျပစ္မတင္လိုပါ။ ဘဝကံေႂကြးကို ခု႐ြယ္ထိေပးဆပ္ေနရတဲ့ အသက္(၇၇)ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ အဖိုးအိုတေယာက္ ဝမ္းစာေရးကိုပင္ပမ္းႀကီး စြာလုပ္ကိုင္ေနရတာေတြ႕လို႔တတ္ႏိုင္သေလာက္ ေလးအကူညီေပးခဲ့မိပါတယ္။

သံေဝဂ ရစရာပါ မိဘတေယာက္ဟာ သားသမီးမ်ားစြာကိုျပဳစုလုပ္ေႂကြးႏိုင္ေပမဲ့ သားသမီးတစုဟာ အတုံ႔အလွည့္ မျပန္ႏိုင္ၾကတာကအင္မတန္ကိုဘဲ ဝမ္းနည္းစရာတခုပါ။ သူ႔ကံနဲ႔သူေတာ့မွန္ပါတယ္။

တန္ဖိုးအလြန္ႀကီးမားတဲ့ မိဘႏွစ္ပါးကိုေတာ့ မေသခင္ တတ္ႏိုင္သေလာက္ ကိုယ္အငါတ္ခံၿပီးျပဳစု လုပ္ေႂကြးကာ မိဘေက်းဇူးတရားေတြကို ဆပ္ေပးၾကပါလို႔ လူငယ္မ်ားစြာကိုတိုက္တြန္းလိုက္ပါရေစခင္ဗ်ာ…။

အိုလာရင်သားသမီးတွေ ပစ်ပယ်တာခံရတာပါပဲဆိုတဲ့ အသက် ၇၇နှစ်အရွယ် ဆိုက်ကားဆရာအဘိုးအိုပြောတဲ့ ကိုယ်တွေ့အဖြစ်

ကျနော်ကားပေါ်ကဆင်းဆင်းချင်ပဲ ဆိုက်ကားဆရာတချို့ ရောက်လာတယ်။ သန်မြန်တဲ့လူတွေမို့ အတင်တိုးဝှေ့ပြီး သူ့ထက်ငါဦးအောင် မေးကြတယ်။ အကိုဘယ်သွားမှာလဲ ဘယ်ပို့ပေးရမလဲပေါ့။

ကျနော့်မှာလဲ ပစ္စည်းက များများစားစား သယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူးအကိုတို့လို့ ပြောလိုက်တယ်။ ကိုလဲမြို့သားမဟုတ်တော့ တော်ယုံအထုပ်နဲ့ တော်ယုံခရီးဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်။

အဲ့လိုနဲ့ ဆိုက်ကားဆရာတွေ လူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ်။ ငါ့တူလေးဘယ်ကိုသွားမှာလဲ ဦးလေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့ မေးလိုက်တဲ့ပုံကလဲ တခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျ။

တခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလား ဘာညာမေးတယ်။ အခုအဖိုးအိုကတော့ ဦးလေး ဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့။ ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ်။

တခြားဆိုက်ကားဆရာတွေကတောင် နောက်က တီးတိုးဝေဖန်သံကြားလိုက်မိပါတယ်။ ဒီကောင်အရူး စိတ်မမှန်ဘူးဆိုပဲ။ အဲ့လိုနဲ့ကျနော်တို့ ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ်။

ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလားဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမ အငယ်ဆုံးသားကတော့ မှန်လုံကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့မဟုတ်ပါဘူး သူတို့အိမ်ထောင်တွေနဲ့ပါ။

သူတို့က တာဝန်ကျရာနယ်တွေမှာပါတဲ့ ဒါဆိုဦးလေးတို့အဖိုးအဖွား၂ယောက်ထဲနေတာပေါ့နော် ဆိုတော့မဟုတ်ပါဘူးဦးလေးတယောက်ထဲနေတာပါ ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ်။ နေချင်တာပေါ့ငါ့တူရယ် နေလဲနေပြီးပါပြီ။

မိဘတွေအိုလာရင် သားသမီးတွေက ပယ်ထားကြတာ။ တစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့။ ကျနော်အရမ်းစိတ်မကောင်းဖြစ်သွားတယ်။

ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး။ ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှ မနဲအသံထွက်မေးလိုက်ရတယ်။

ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့။ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ်။ မယုံနိုင်သလို အံ့သြတဲ့ အကြည့်တွေနဲ့ကျနော်ကို ပြောတယ် ၅၀၀ ပဲကျတာလေ ငါ့တူတဲ့။

ဟုတ်ပါတယ် ကျန်တဲ့ပိုက်ဆံက ဦးလေးကို ကျနော်ကန်တော့တာပါဆိုတော့ တုန်တုန်ယင်ယင်လက်တွေနဲ့ လှမ်းယူလိုက်တယ်။ ဆုတွေလဲ မဆုံးနိုင်အောင် ပေးနေပါတော့တယ်။

နောက်ထပ် ၅ လလောက်ရှိလို့ ကျနော် အဲ့ဒီဆိုက်ကားဂိတ်ကို ပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာဦးလေးကြီးရောလို့ အနားကကွမ်းယာဆိုင်ကို မေးကြည့်တဲ့အခါ အခုဆောင်းအဝင် လွန်ခဲ့တဲ့ တလကပဲ သူ့ရဲ့တဲအိမ်လေးထဲမှာ တယောက်ထဲဆုံးသွားပြီး ၃ရက်လောက်နေမှ ရပ်ကွက်ကသိတယ်တဲ့။

နောင်ဘဝတွေမှာ အခုလိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံကလွဲပြီးကျနော် ဘာများတတ်နိုင်တော့မှာလဲဗျာ။

ဘယ်သူမှ အပြစ်မတင်လိုပါ။ ဘဝကံကြွေးကို ခုရွယ်ထိပေးဆပ်နေရတဲ့ အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အဖိုးအိုတယောက် ဝမ်းစာရေးကိုပင်ပမ်းကြီး စွာလုပ်ကိုင်နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ်။

သံဝေဂ ရစရာပါ မိဘတယောက်ဟာ သားသမီးများစွာကိုပြုစုလုပ်ကြွေးနိုင်ပေမဲ့ သားသမီးတစုဟာ အတုံ့အလှည့် မပြန်နိုင်ကြတာကအင်မတန်ကိုဘဲ ဝမ်းနည်းစရာတခုပါ။ သူ့ကံနဲ့သူတော့မှန်ပါတယ်။

တန်ဖိုးအလွန်ကြီးမားတဲ့ မိဘနှစ်ပါးကိုတော့ မသေခင် တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာ မိဘကျေးဇူးတရားတွေကို ဆပ်ပေးကြပါလို့ လူငယ်များစွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ…။