Local News

မူးျမစ္တံတားက်ိဳးလို႔ စစ္ေရွာင္ျပည္သူေလးဦးေရထဲေမ်ာပါ

မူးျမစ္တံတားက်ိဳးလို႔ စစ္ေရွာင္ျပည္သူေလးဦးေရထဲေမ်ာပါ

ေျမလတ္အသံ ၊ ဒီဇင္ဘာ ၃ ၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္ထဲ စစ္ေကာင္စီတပ္ဖြဲ႕ေတြစစ္ေၾကာင္းထိုးလာခ်ိန္ ျပည္သူေတြကေၾကာက္လန႔္ၿပီး မူးျမစ္တံတားေပၚကေနထြက္ေျပးတိမ္းေရွာင္ရင္းတံတားက်ိဴးလို႔ ျပည္သူေလးဦးေရထဲေမွ်ာ္ပါသြားတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာ ၃ ရက္ ဒီေန႔မနက္ပိုင္းေလာက္မွာ ဒီပဲယင္းဘက္ကိုဝင္ေရာက္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာအင္အား ၇၀ ေလာက္နဲ႔ မေန႔ညကတည္း ေရဦးနယ္ထဲကဆည္ႀကီး႐ြာမွာ တညတာစခန္းခ်ခဲ့ၿပီး ဒီေန႔မနက္မွာေတာ့မူးျမစ္ကမ္းကေန ခင္ဦးနယ္ဘက္ကိုကူးကာ လမ္းတဝက္ေလာက္မွာ ပဲဒီပဲယင္းၿမိဳ႕နယ္ထဲကိုျပန္လည္ဝင္ေရာက္လာခဲ့လို႔ ျပည္သူေတြမွာထြက္ေျပးတိမ္းေရွာင္ရင္း ဖမ္းဆီးရမိသူေတြရွိသလိုတံတားေပၚကေနျပဳတ္က်လို႔ ေရထဲေမွ်ာသြားတဲ့သူေတြလည္းရွိတယ္လို႔ဆိုပါတယ္။

“ေရထဲကေနေမ်ာသြားတဲ့ျပည္သူေလးဦးကဘာမွမျဖစ္ဘူးလို႔ၾကားတယ္ မူးျမစ္တံတားကလည္း ဝါးနဲ႔လုပ္ထားတဲ့တံတားဝါးကပ္ေလးေတြ ကပ္ထားတဲ့ယာရီတံတားဆိုေတာ့ ေလေျခေခ်ာ္ၿပီးျပဳတ္က်သြားတာျဖစ္လိမ့္မယ္ ႐ြာသားတခ်ိဳ႕ကလည္းမူးျမစ္ကမ္းေဘးမွာ ေသာင္ျပင္လိုဟာမ်ိဳးျဖစ္တဲ့အပင္ေလးေတြေပါက္ေနတဲ့ ကိုင္းေတာေလးေတြၾကားမွာဝပ္ေနၾကတယ္။

အဲဒါကိုစစ္**ေတြကေတြ႕သြားၿပီးဖမ္းသြားတယ္လို႔ၾကားရတယ္ ေနာက္ဆက္တြဲကေတာ့ဘာမွမသိရေသးဘူး” လို႔ ဒီပဲယင္းၿမိဳ႕နယ္ညီေနာင္မ်ားကေျပာပါတယ္

ေ႐ႊဘို − ဒီပဲယင္း −ေရဦးအစပ္မွာရွိတဲ့ေက်း႐ြာေတြထဲကို စစ္ေကာင္စီတပ္ဖြဲ႕က စစ္ေၾကာင္းထိုးဝင္ေရာက္လာတာေၾကာင့္ေက်း႐ြာ ၁၀ ႐ြာက ေဒသခံျပည္သူ (၅၀၀၀)ေက်ာ္မွာထြက္ေျပးတိမ္းေရွာင္ေနရတာပါ။

ယခုလက္ရွိ ညေန ၃ နာရီခ်ိန္ေလာက္မွာ အဲဒီစစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက အဖြဲ႕ ၂ ဖြဲ႕ခြဲၿပီ ေညာင္လွေက်း႐ြာကိုမီးရႈိ႕မႈစတင္ျပဳလုပ္ေနတယ္လို႔ ေျမျပင္သတင္းအရင္းျမစ္ထံက သိရပါတယ္။

သတင္း-နန္း

ေျမလတ္အသံ

မူးမြစ်တံတားကျိုးလို့ စစ်ရှောင်ပြည်သူလေးဦးရေထဲမျောပါ

မြေလတ်အသံ ၊ ဒီဇင်ဘာ ၃ ၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးလာချိန် ပြည်သူတွေကကြောက်လန့်ပြီး မူးမြစ်တံတားပေါ်ကနေထွက်ပြေးတိမ်းရှောင်ရင်းတံတားကျိူးလို့ ပြည်သူလေးဦးရေထဲမျှော်ပါသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်ပိုင်းလောက်မှာ ဒီပဲယင်းဘက်ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်အား ၇၀ လောက်နဲ့ မနေ့ညကတည်း ရေဦးနယ်ထဲကဆည်ကြီးရွာမှာ တညတာစခန်းချခဲ့ပြီး ဒီနေ့မနက်မှာတော့မူးမြစ်ကမ်းကနေ ခင်ဦးနယ်ဘက်ကိုကူးကာ လမ်းတဝက်လောက်မှာ ပဲဒီပဲယင်းမြို့နယ်ထဲကိုပြန်လည်ဝင်ရောက်လာခဲ့လို့ ပြည်သူတွေမှာထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးရမိသူတွေရှိသလိုတံတားပေါ်ကနေပြုတ်ကျလို့ ရေထဲမျှောသွားတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။

“ရေထဲကနေမျောသွားတဲ့ပြည်သူလေးဦးကဘာမှမဖြစ်ဘူးလို့ကြားတယ် မူးမြစ်တံတားကလည်း ဝါးနဲ့လုပ်ထားတဲ့တံတားဝါးကပ်လေးတွေ ကပ်ထားတဲ့ယာရီတံတားဆိုတော့ လေခြေချော်ပြီးပြုတ်ကျသွားတာဖြစ်လိမ့်မယ် ရွာသားတချို့ကလည်းမူးမြစ်ကမ်းဘေးမှာ သောင်ပြင်လိုဟာမျိုးဖြစ်တဲ့အပင်လေးတွေပေါက်နေတဲ့ ကိုင်းတောလေးတွေကြားမှာဝပ်နေကြတယ်။

အဲဒါကိုစစ်**တွေကတွေ့သွားပြီးဖမ်းသွားတယ်လို့ကြားရတယ် နောက်ဆက်တွဲကတော့ဘာမှမသိရသေးဘူး” လို့ ဒီပဲယင်းမြို့နယ်ညီနောင်များကပြောပါတယ်

ရွှေဘို − ဒီပဲယင်း −ရေဦးအစပ်မှာရှိတဲ့ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ (၅၀၀၀)ကျော်မှာထွက်ပြေးတိမ်းရှောင်နေရတာပါ။

ယခုလက်ရှိ ညနေ ၃ နာရီချိန်လောက်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဖွဲ့ ၂ ဖွဲ့ခွဲပြီ ညောင်လှကျေးရွာကိုမီးရှို့မှုစတင်ပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်ထံက သိရပါတယ်။

သတင်း-နန်း

မြေလတ်အသံ