Local News

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ဘဂၤလားတိုက္၊ ဦးသာ့သနာေက်ာင္းတိုက္လို႔ နာမည္ၾကားလိုက္႐ုံနဲ႔

ဒုဗိုလ္ခ်ဳပ္ႀကီး ျမင့္ေဆြရဲ႕ ေထာက္ခံအားေပးမႈနဲ႔ မဘသေတြ မတရားသိမ္းပိုက္ခဲ့တဲ့ ဦးသာ့သနာေက်ာင္းတိုက္ (သို႔မဟုတ္) အမ်ိဳးသားေရး အစြန္းေရာက္ေတြရဲ႕ ဌာနခ်ဳပ္

By ဟိဏ္းေဝယံ

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ဘဂၤလားတိုက္၊ ဦးသာ့သနာေက်ာင္းတိုက္လို႔ နာမည္ၾကားလိုက္႐ုံနဲ႔ အမ်ိဳးသားေရး အစြန္းေရာက္ေတြ၊ မဘသေတြ ၊ အၾကမ္းဖက္ စစ္တပ္ကို ေထာက္ခံအားေပးသူေတြ စုေဝးရာ ေနရာအျဖစ္ အားလုံး သိရွိခဲ့ၾကၿပီျဖစ္ပါတယ္။

အဲဒီေက်ာင္းတိုက္ကို မဘသ အစြန္းေရာက္လည္းျဖစ္၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြ လုပ္ေဆာင္ခဲ့သူလို႔ စြပ္စြဲ ခံထားရတဲ့ အစြန္းေရာက္ သကၤန္းဝတ္ သုစိတၱက အဓိက ေနထိုင္ၿပီး အၾကမ္းဖက္စစ္တပ္အလိုက် အမ်ိဳးသားေရးနဲ႔ ဘာသာေရး အစြန္းေရာက္ ဝါဒ ရွင္သန္ႀကီးထြားေရး လႈပ္ရွားမႈေတြ လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

တကယ္ေတာ့ အဲဒီေက်ာင္းတိုက္ကို အစြန္းေရာက္ သုစိတၱက မတရား သိမ္းယူခဲ့တာ ျဖစ္ ပါတယ္။ ဦးသိန္းစိန္အစိုးရ လက္ထက္မွာ မဘသအဖြဲ႕ကပဲ မိုက္ေၾကးခြဲၿပီး သိမ္းယူထားတဲ့ ေက်ာင္းဆိုရင္ လည္း မမွားႏိုင္ပါဘူး။

မဘသ လက္ထဲ မေရာက္ခင္ ဗဟန္းၿမိဳ႕နယ္၊ ဘဂၤလားတိုက္၊ ဦးသာ့သနာေက်ာင္းတိုက္ကို ပိုင္ဆိုင္ သူ ေက်ာင္းထိုင္ ဆရာေတာ္ ဦးဥကၠံျဖစ္ပါတယ္။ ဦးဥကၠံက ေက်ာင္းတိုက္ကို အျခားဘုန္းႀကီးတစ္ဦးထံ ေငြနဲ႔ေရာင္းၿပီး လူထြက္ မိန္းမယူသြားခဲ့ပါတယ္။

ေက်ာင္းရဲ႕ ပထမပိုင္ရွင္ ဘုန္းႀကီး ဦးဥကၠံက ေက်ာင္းကိုေရာင္း၊ လူထြက္ ၊ မိန္းမယူၿပီး အဲဒီေက်ာင္း ေရာင္း ရတဲ့ေငြေတြနဲ႔ အျပင္မွာသုံးျဖဳန္းပါတယ္။ လူထြက္လို႔ ရွိသမွ်စည္းစိမ္အကုန္ ကုန္သြားေတာ့မွ ဦးကၠံက သကၤန္းျပန္ဝတ္ၿပီး အဲ့ေက်ာင္းေပၚတက္ေနတာ။ အဲဒီလိုတက္ေနေတာ့ ေက်ာင္းကို ဝယ္ ထား တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးက လက္မခံဘူး။

အဲဒီလို ေက်ာင္းထိုင္ဘုန္းႀကီးက လက္မခံေတာ့ ေမာင္းခ်တဲ့အခါ ဦးဥကၠံက မဘသအဖြဲ႕ေတြနဲ႔ေပါင္း၊ ေျမာက္ဒဂုံက ဘုန္းႀကီးလူမိုက္ေတြကိုေခၚ၊ ေနာက္ထပ္ တျခားလူမိုက္ေတြကိုလည္း သကၤန္းၿခဳံေပး၊ ဒီေက်ာင္းကိုျပန္ရရင္ သူတစ္ဝက္၊ မဘသတစ္ဝက္ ျပန္ခြဲယူမယ္ဆိုၿပီး ဘုန္းႀကီးအပါး ၅၀ ေက်ာ္ ေလာက္ ဒိုင္နာကားေတြနဲ႔ ဦးသာ့သနာေက်ာင္းကို ေရာက္ခ်လာၿပီး အဲ့ေက်ာင္းကို မိုက္ေၾကးခြဲ ဝင္ သိမ္း ထားတာ။ မိုက္ေၾကးခြဲ ဝင္႐ိုက္တဲ့အုပ္စုထဲမွာ ဝင္းကိုကိုလတ္ (စြေစာင္း) တို႔အုပ္စု ေတာင္ ပါ ပါေသးတယ္။

သူတို႔အားလုံးက အဲဒီဘုန္းႀကီးေက်ာင္းမွာေနေနတဲ့ မည္သူ႔ကိုမဆို ႐ိုက္ထုတ္ပစ္ၿပီး အကုန္ေမာင္းခ်၊ ေက်ာင္းကို ဝယ္ယူထားတဲ့ဘုန္းႀကီးဆို သကၤန္းတစ္စုံနဲ႔ ေက်ာင္းေပၚကေန ဆင္းေျပးရပါတယ္။

ေက်ာင္းဝယ္ယူခဲ့တဲ့ ဒုတိယပိုင္ရွင္ ေက်ာင္းထိုင္ဘုန္းႀကီးက သာသနာ့ေရးရာေတြေကာ သက္ဆိုင္ရာ ဌာန ေတြမွာေရာ တရားစြဲ၊ အမႈဖြင့္ေပမယ့္ ဘယ္အာဏာပိုင္အဖြဲ႕အစည္းကမွ မဘသအဖြဲ႕ရဲ႕ ေက်ာင္း တိုက္ မတရားဝင္ေရာက္သိမ္းပိုက္ မႈကို အေရးယူမေပးပါဘူး။

အဲ့ဒီအခ်ိန္အခါတုန္းက ဗိုလ္ခ်ဳပ္ျမင့္ေဆြက မဘသေတြရဲ႕ ေက်ာေထာက္ေနာက္ခံ ျဖစ္ေနၿပီး ဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ရာထူး ရယူထားခ်ိန္လည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ပိုင္ရွင္ ေက်ာင္းထိုင္ဘုန္းႀကီးလည္း ရန္ကုန္ကေနထြက္ၿပီး တျခားၿမိဳ႕မွာ သီတင္း သုံးေနရတယ္။

အဲဒီေက်ာင္းကို မဘသနဲ႔ အမ်ိဳးသားေရး အစြန္းေရာက္ လႈပ္ရွားမႈေတြ လုပ္ဖို႔ ေငြထုပ္ ေတြလာ ပို႔တဲ့ အထဲမွာ ႀကံ့ဖြတ္ပါတီက အထက္ပိုင္းလူႀကီးေတြပါသလို စစ္တပ္ဘက္က အရာရွိ အႀကီး ပိုင္းေတြ လည္း ဝင္ထြက္သြားလာေနၾကတဲ့အခ်ိန္လည္းျဖစ္ပါတယ္။

ေက်ာင္းကေမာင္းထုတ္ခံရတဲ့သူေတြက ေက်ာင္းအတြင္းက်န္ရွိေနတဲ့ သူတို႔ပစၥည္းအထုပ္အထည္ေတြ လာယူတာေတာင္ ေက်ာင္းဝင္းအနားအကပ္မခံဘူး။ ကပ္တာနဲ႔ ဟိုေကာင္က႐ိုက္မယ္၊ ဒီေကာင္က ႐ိုက္မယ္၊ ဟိုဘုန္းႀကီးက႐ိုက္မယ္၊ ဒီဘုန္းႀကီးက႐ိုက္မယ္နဲ႔ ေက်ာင္းထဲကို လုံးဝအဝင္မခံေတာ့ဘူး။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက အစိုးရတစ္ရပ္ ျဖစ္လာေတာ့မယ္ဆိုတာ စစ္အာဏာရွင္ေတြက ႀကိဳျမင္ခဲ့ၾကေတာ့ ဗဟန္း ဦးသာသနာ့ေက်ာင္းကို တိုင္းျပည္ကို အဖ်က္အေမွာက္လုပ္ဖို႔ လူယုတ္မာ ေတြ စုေဝးဖို႔ ဌာနခ်ဳပ္ အျဖစ္ ရည္႐ြယ္ၿပီး မဘသနဲ႔ စစ္တပ္က ရည္႐ြယ္ခ်က္ရွိရွိ လုယူ သိမ္းပိုက္ ခဲ့ၾက တာလည္းျဖစ္ပါတယ္။

ေက်ာင္းဖြဲ႕စည္းပုံက ေအာက္ေျခအုတ္ျမစ္ခ် ပ်ဥ္ေထာင္ႏွစ္ထပ္ေက်ာင္းျဖစ္ၿပီး ေျမေအာက္ခန္း လည္း ရွိပါတယ္။ အဲ့ဒီေျမေအာက္ခန္းထဲမွာ တုတ္၊ ဓါးလက္နက္ေတြ သိုေလွာင္ရာေနရာအျဖစ္ ထားရွိၿပီး၊ ယေန႔အခ်ိန္ထိဆို ခဲယမ္း၊ ေသနတ္၊ လက္ပစ္ဗုံးေတြေတာင္ သိမ္းဆည္းခဲ့ၾကပါတယ္။ ၂၀၁၇ ခုႏွစ္ NLD အစိုးရ ျဖဳတ္ခ်ေရး ေၾကးသြန္းသပိတ္နဲ႔ ဆက္စပ္ေနတဲ့ ဝရမ္းေျပးေက်ာက္ခဲက ျမ၀တီက ဝယ္လာတဲ့ လက္ပစ္ဗုံး ၅ လုံးကို အဲဒီေက်ာင္းမွာ ထားခဲ့တာပါ။

အဲဒီေက်ာင္းကို သိမ္းယူထားတဲ့ ယခင္မဘသအဖြဲ႕အစည္းကို ဘယ္သူေတြ ေနာက္ကြယ္က ႀကိဳးကိုင္ ထား သလဲဆို သိႏိုင္ပါၿပီ။
မဘသ အစြန္းေရာက္ သကၤန္းဝတ္ သုစိတၱ ရဲ႕ တပည့္ေတြ ဦးေဆာင္တဲ့ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အမ်ိဳးသားေရးအစည္းအ႐ုံးMyanmar National Organization (MNO) အဖြဲ႕ ဖြဲ႕စည္းတာ၊ စစ္ တပ္ေထာက္ခံေရး သပိတ္ေတြ၊ NLD အစိုးရ ျဖဳတ္ခ်ေရး သပိတ္ေတြ၊ ဘာသာေရးနဲ႔လူမ်ိဳးေရး အဓိက ႐ုဏ္းေတြ ဖန္တီးဖို႔ႀကိဳးစားမႈေတြအားလုံးက အဲဒီ ေက်ာင္းတိုက္မွာပဲအေျချပဳတာ ျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ စစ္တပ္က အာဏာသိမ္းမႈ စတင္ျဖစ္ေပၚၿပီး ျပည္သူလူထုက လက္မခံႏိုင္လို႔ ဆႏၵျပမႈေတြ ျဖစ္ေနၾကခ်ိန္မွာ ဗဟန္းေရခဲဆိုင္ မွတ္တိုင္ (ေ႐ႊေကာင္းေဟာ့ေပါ့အနီး) ဆႏၵျပျပည္သူလူထုရဲ႕ ကားမွန္ေတြကို သကၤန္းဝတ္ တခ်ိဳ႕က အၾကမ္းဖက္ ႐ိုက္ႏွက္ခဲ့တဲ့ ျဖစ္စဥ္ကို အားလုံး မွတ္မိ ၾကမယ္ထင္ပါတယ္။ ဒီျဖစ္စဥ္ဟာဆိုရင္လည္း သုစိတၱ ဥိးေဆာင္တဲ့ ဘဂၤလားတိုက္ ဦးသာသနာ့ ေက်ာင္းမွာ ေနထိုင္တဲ့ အမ်ိဳးသားေရးအမည္ခံ အစြန္းေရာက္ မဘသ သကၤန္းဝတ္ေတြက ေက်ာင္း တိုက္ အေျချပဳၿပီး ျပည္သူလူထုကို အၾကမ္းဖက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

စစ္ေကာင္စီဘက္က အဲဒီလို ျပည္သူလူထုရဲ႕ ကားမွန္ေတြကို ႐ိုက္ခြဲ ဖ်က္ဆီးခဲ့တဲ့ အစြန္းေရာက္ မဘသနဲ႔ အမ်ိဳးသားေရးေတြကို မဖမ္းဆီးခဲ့တဲ့အျပင္ အကာအကြယ္ေတာင္ေပးခဲ့ၾကပါေသးတယ္။

မဘသ သကၤန္းဝတ္ သုစိတၱေနထိုင္ရာ ဘဂၤလားတိုက္ ဦးသာသနာေက်ာင္းတိုက္ဟာ တိုင္းျပည္ကို ဖ်က္ဆီးေနတဲ့ စစ္အာဏာသိမ္းမႈမွာ ဘယ္လို အခန္းက႑က ပါဝင္ခဲ့လဲဆိုတာ သတိထားမိႏိုင္ ၾကၿပီ ထင္ပါတယ္။

ဘဂၤလားတိုက္၊ ဦးသာ့သနာေက်ာင္းတိုက္ဆိုတာဟာ စစ္တပ္နဲ႔ မဘသ၊ အမ်ိဳးသားေရး သမားေတြ လက္တြဲညီညီ တိုင္းျပည္ေခ်ာက္ထဲ ဆြဲခ်ခဲ့တဲ့ သမိုင္း၊ စစ္အာဏာရွင္ ပံ့ပိုးေရးအတြက္ အဓိက လႈပ္ရွား ခဲ့ၾကတဲ့ ေနရာဌာနခ်ဳပ္အျဖစ္ ရာဇဝင္ အမည္းစက္ က်န္ရစ္ခဲ့ၿပီျဖစ္ပါတယ္။

ဓာတ္ပုံ- ျမင့္ေဆြနဲ႔ မဘသ အစြန္းေရာက္ သကၤန္းဝတ္ သုစိတၱ။

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ ထောက်ခံအားပေးမှုနဲ့ မဘသတွေ မတရားသိမ်းပိုက်ခဲ့တဲ့ ဦးသာ့သနာကျောင်းတိုက် (သို့မဟုတ်) အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဌာနချုပ်

By ဟိဏ်းဝေယံ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်လို့ နာမည်ကြားလိုက်ရုံနဲ့ အမျိုးသားရေး အစွန်းရောက်တွေ၊ မဘသတွေ ၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံအားပေးသူတွေ စုဝေးရာ နေရာအဖြစ် အားလုံး သိရှိခဲ့ကြပြီဖြစ်ပါတယ်။

အဲဒီကျောင်းတိုက်ကို မဘသ အစွန်းရောက်လည်းဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တက အဓိက နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ အမျိုးသားရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒ ရှင်သန်ကြီးထွားရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တကယ်တော့ အဲဒီကျောင်းတိုက်ကို အစွန်းရောက် သုစိတ္တက မတရား သိမ်းယူခဲ့တာ ဖြစ် ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မဘသအဖွဲ့ကပဲ မိုက်ကြေးခွဲပြီး သိမ်းယူထားတဲ့ ကျောင်းဆိုရင် လည်း မမှားနိုင်ပါဘူး။

မဘသ လက်ထဲ မရောက်ခင် ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ကို ပိုင်ဆိုင် သူ ကျောင်းထိုင် ဆရာတော် ဦးဥက္ကံဖြစ်ပါတယ်။ ဦးဥက္ကံက ကျောင်းတိုက်ကို အခြားဘုန်းကြီးတစ်ဦးထံ ငွေနဲ့ရောင်းပြီး လူထွက် မိန်းမယူသွားခဲ့ပါတယ်။

ကျောင်းရဲ့ ပထမပိုင်ရှင် ဘုန်းကြီး ဦးဥက္ကံက ကျောင်းကိုရောင်း၊ လူထွက် ၊ မိန်းမယူပြီး အဲဒီကျောင်း ရောင်း ရတဲ့ငွေတွေနဲ့ အပြင်မှာသုံးဖြုန်းပါတယ်။ လူထွက်လို့ ရှိသမျှစည်းစိမ်အကုန် ကုန်သွားတော့မှ ဦးက္ကံက သင်္ကန်းပြန်ဝတ်ပြီး အဲ့ကျောင်းပေါ်တက်နေတာ။ အဲဒီလိုတက်နေတော့ ကျောင်းကို ဝယ် ထား တဲ့ ကျောင်းထိုင်ဘုန်းကြီးက လက်မခံဘူး။

အဲဒီလို ကျောင်းထိုင်ဘုန်းကြီးက လက်မခံတော့ မောင်းချတဲ့အခါ ဦးဥက္ကံက မဘသအဖွဲ့တွေနဲ့ပေါင်း၊ မြောက်ဒဂုံက ဘုန်းကြီးလူမိုက်တွေကိုခေါ်၊ နောက်ထပ် တခြားလူမိုက်တွေကိုလည်း သင်္ကန်းခြုံပေး၊ ဒီကျောင်းကိုပြန်ရရင် သူတစ်ဝက်၊ မဘသတစ်ဝက် ပြန်ခွဲယူမယ်ဆိုပြီး ဘုန်းကြီးအပါး ၅၀ ကျော် လောက် ဒိုင်နာကားတွေနဲ့ ဦးသာ့သနာကျောင်းကို ရောက်ချလာပြီး အဲ့ကျောင်းကို မိုက်ကြေးခွဲ ဝင် သိမ်း ထားတာ။ မိုက်ကြေးခွဲ ဝင်ရိုက်တဲ့အုပ်စုထဲမှာ ဝင်းကိုကိုလတ် (စွစောင်း) တို့အုပ်စု တောင် ပါ ပါသေးတယ်။

သူတို့အားလုံးက အဲဒီဘုန်းကြီးကျောင်းမှာနေနေတဲ့ မည်သူ့ကိုမဆို ရိုက်ထုတ်ပစ်ပြီး အကုန်မောင်းချ၊ ကျောင်းကို ဝယ်ယူထားတဲ့ဘုန်းကြီးဆို သင်္ကန်းတစ်စုံနဲ့ ကျောင်းပေါ်ကနေ ဆင်းပြေးရပါတယ်။

ကျောင်းဝယ်ယူခဲ့တဲ့ ဒုတိယပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးက သာသနာ့ရေးရာတွေကော သက်ဆိုင်ရာ ဌာန တွေမှာရော တရားစွဲ၊ အမှုဖွင့်ပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ မဘသအဖွဲ့ရဲ့ ကျောင်း တိုက် မတရားဝင်ရောက်သိမ်းပိုက် မှုကို အရေးယူမပေးပါဘူး။

အဲ့ဒီအချိန်အခါတုန်းက ဗိုလ်ချုပ်မြင့်ဆွေက မဘသတွေရဲ့ ကျောထောက်နောက်ခံ ဖြစ်နေပြီး ဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး ရယူထားချိန်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးလည်း ရန်ကုန်ကနေထွက်ပြီး တခြားမြို့မှာ သီတင်း သုံးနေရတယ်။

အဲဒီကျောင်းကို မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေ လုပ်ဖို့ ငွေထုပ် တွေလာ ပို့တဲ့ အထဲမှာ ကြံ့ဖွတ်ပါတီက အထက်ပိုင်းလူကြီးတွေပါသလို စစ်တပ်ဘက်က အရာရှိ အကြီး ပိုင်းတွေ လည်း ဝင်ထွက်သွားလာနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ကျောင်းကမောင်းထုတ်ခံရတဲ့သူတွေက ကျောင်းအတွင်းကျန်ရှိနေတဲ့ သူတို့ပစ္စည်းအထုပ်အထည်တွေ လာယူတာတောင် ကျောင်းဝင်းအနားအကပ်မခံဘူး။ ကပ်တာနဲ့ ဟိုကောင်ကရိုက်မယ်၊ ဒီကောင်က ရိုက်မယ်၊ ဟိုဘုန်းကြီးကရိုက်မယ်၊ ဒီဘုန်းကြီးကရိုက်မယ်နဲ့ ကျောင်းထဲကို လုံးဝအဝင်မခံတော့ဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရတစ်ရပ် ဖြစ်လာတော့မယ်ဆိုတာ စစ်အာဏာရှင်တွေက ကြိုမြင်ခဲ့ကြတော့ ဗဟန်း ဦးသာသနာ့ကျောင်းကို တိုင်းပြည်ကို အဖျက်အမှောက်လုပ်ဖို့ လူယုတ်မာ တွေ စုဝေးဖို့ ဌာနချုပ် အဖြစ် ရည်ရွယ်ပြီး မဘသနဲ့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုယူ သိမ်းပိုက် ခဲ့ကြ တာလည်းဖြစ်ပါတယ်။

ကျောင်းဖွဲ့စည်းပုံက အောက်ခြေအုတ်မြစ်ချ ပျဉ်ထောင်နှစ်ထပ်ကျောင်းဖြစ်ပြီး မြေအောက်ခန်း လည်း ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းထဲမှာ တုတ်၊ ဓါးလက်နက်တွေ သိုလှောင်ရာနေရာအဖြစ် ထားရှိပြီး၊ ယနေ့အချိန်ထိဆို ခဲယမ်း၊ သေနတ်၊ လက်ပစ်ဗုံးတွေတောင် သိမ်းဆည်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် NLD အစိုးရ ဖြုတ်ချရေး ကြေးသွန်းသပိတ်နဲ့ ဆက်စပ်နေတဲ့ ဝရမ်းပြေးကျောက်ခဲက မြဝတီက ဝယ်လာတဲ့ လက်ပစ်ဗုံး ၅ လုံးကို အဲဒီကျောင်းမှာ ထားခဲ့တာပါ။

အဲဒီကျောင်းကို သိမ်းယူထားတဲ့ ယခင်မဘသအဖွဲ့အစည်းကို ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင် ထား သလဲဆို သိနိုင်ပါပြီ။
မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ ရဲ့ တပည့်တွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံးMyanmar National Organization (MNO) အဖွဲ့ ဖွဲ့စည်းတာ၊ စစ် တပ်ထောက်ခံရေး သပိတ်တွေ၊ NLD အစိုးရ ဖြုတ်ချရေး သပိတ်တွေ၊ ဘာသာရေးနဲ့လူမျိုးရေး အဓိက ရုဏ်းတွေ ဖန်တီးဖို့ကြိုးစားမှုတွေအားလုံးက အဲဒီ ကျောင်းတိုက်မှာပဲအခြေပြုတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ပြီး ပြည်သူလူထုက လက်မခံနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေကြချိန်မှာ ဗဟန်းရေခဲဆိုင် မှတ်တိုင် (ရွှေကောင်းဟော့ပေါ့အနီး) ဆန္ဒပြပြည်သူလူထုရဲ့ ကားမှန်တွေကို သင်္ကန်းဝတ် တချို့က အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်ကို အားလုံး မှတ်မိ ကြမယ်ထင်ပါတယ်။ ဒီဖြစ်စဉ်ဟာဆိုရင်လည်း သုစိတ္တ ဥိးဆောင်တဲ့ ဘင်္ဂလားတိုက် ဦးသာသနာ့ ကျောင်းမှာ နေထိုင်တဲ့ အမျိုးသားရေးအမည်ခံ အစွန်းရောက် မဘသ သင်္ကန်းဝတ်တွေက ကျောင်း တိုက် အခြေပြုပြီး ပြည်သူလူထုကို အကြမ်းဖက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အဲဒီလို ပြည်သူလူထုရဲ့ ကားမှန်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့တဲ့ အစွန်းရောက် မဘသနဲ့ အမျိုးသားရေးတွေကို မဖမ်းဆီးခဲ့တဲ့အပြင် အကာအကွယ်တောင်ပေးခဲ့ကြပါသေးတယ်။

မဘသ သင်္ကန်းဝတ် သုစိတ္တနေထိုင်ရာ ဘင်္ဂလားတိုက် ဦးသာသနာကျောင်းတိုက်ဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာသိမ်းမှုမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့လဲဆိုတာ သတိထားမိနိုင် ကြပြီ ထင်ပါတယ်။

ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ဆိုတာဟာ စစ်တပ်နဲ့ မဘသ၊ အမျိုးသားရေး သမားတွေ လက်တွဲညီညီ တိုင်းပြည်ချောက်ထဲ ဆွဲချခဲ့တဲ့ သမိုင်း၊ စစ်အာဏာရှင် ပံ့ပိုးရေးအတွက် အဓိက လှုပ်ရှား ခဲ့ကြတဲ့ နေရာဌာနချုပ်အဖြစ် ရာဇဝင် အမည်းစက် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ- မြင့်ဆွေနဲ့ မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ။