Local News

သူခိုးေသာင္းၾကမ္းခ်ိန္ တိုင္တန္းမႈကိုအေလးမထားခဲ့သည့္အုပ္ႀကီး သူ႔အိမ္ေဖာက္ခံရမွ ကင္းလွည့္ၿပီးသူခိုးကိုအသည္းအသန္ရွာေန

သူခိုးေသာင္းၾကမ္းခ်ိန္ တိုင္တန္းမႈကိုအေလးမထားခဲ့သည့္အုပ္ႀကီး သူ႔အိမ္ေဖာက္ခံရမွ ကင္းလွည့္ၿပီးသူခိုးကိုအသည္းအသန္ရွာေန

ရန္ကုန္၊ ဒီဇင္ဘာ (၅)

လူငယ့္ေခတ္

မဂၤလာဒုံၿမိဳ႕နယ္၊ ၂/ခ ရပ္ကြက္အတြင္း သူခိုးမ်ားေသာင္းၾကမ္းေနသျဖင့္ သြားေရာက္အသိေပးသည္ကို မသိဟန္​ေဆာင္ခဲ့သည့္ စစ္​ေကာင္စီခန္႔အုပ္ခ်ဳပ္​ေရးမႉး၏ ေနအိမ္အေဖာက္ခံရၿပီးေနာက္ ရပ္ကြက္အတြင္း ကင္းလွည့္ၿပီး သူခိုးကိုအသည္းသန္ရွာေနေၾကာင္း ယင္းရပ္ကြက္တြင္ေနထိုင္သူမ်ားထံမွ သိရသည္။

ထိုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၏ေနအိမ္မွာ ႏိုဝင္ဘာလ (၁၈) ရက္က အေဖာက္ခံခဲ့ရျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိသူခိုးကိုဖမ္းမမိေသးဟု ရပ္ကြပ္ေဒသခံမ်ားက ဆိုၾကသည္။

“သူခိုးေတြေသာင္းၾကမ္းေနပါတယ္လို႔ ရပ္ကြက္ကေျပာေတာ့ အင္တင္တင္နဲ႔ဘာမွမလုပ္ေပးဘူး။ သူ႔အိမ္ပါ ဝင္အခိုးခံရမွ သူ႔လူေတြနဲ႔ကင္းေတြပတ္ၿပီး သူခိုးရွာေနတာအခုထိပဲ” ဟု ယင္းရပ္ကြက္တြင္ေနထိုင္သူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

အဆိုပါရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေနအိမ္အ​ေဖာက္ခံရခ်ိန္ ဖုန္းသုံးလုံးပါသြားေၾကာင္းသိရၿပီး ရပ္ကြက္အတြင္းသတင္းမ​ေပါက္​ၾကား​ေအာင္ ဖုံးဖိထားသည္ဟုလည္း ၎တို႔က ဆိုၾကသည္။

ယင္းျဖစ္စဥ္မတိုင္ခင္က အဆိုပါရပ္ကြက္တြင္ ေန႔စဥ္ရက္ဆက္ သူခိုးမ်ားေသာင္းၾကမ္းေနၿပီး သြားေရာက္တိုင္တန္းခ်ိန္က အေလးနက္မထားခဲ့သျဖင့္ ယခုအုပ္ခ်ဳပ္ေရးမႉး၏ ေနအိမ္အေဖာက္ခံရသည့္အေပၚ ရပ္ကြက္ေဒသခံမ်ားက အားရဝမ္းသာျဖစ္ေနၾကသည္ဟုလည္း ၎တို႔ကေျပာသည္။

လက္ရွိအခ်ိန္၌ ကင္းမၾကာခဏလွည့္ေနျခင္းေၾကာင့္ ေဖာက္ထြင္းခံရမႈမ်ား အနည္းငယ္ၿငိမ္သြားသည္ဟု လည္းသိရသည္။

( ရန္ကုန္အတြင္း ကင္းလွည့္ေနသည့္ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္မ်ား/ ဓာတ္ပုံ – လူငယ့္ေခတ္ )

Lungekhit

သူခိုးသောင်းကြမ်းချိန် တိုင်တန်းမှုကိုအလေးမထားခဲ့သည့်အုပ်ကြီး သူ့အိမ်ဖောက်ခံရမှ ကင်းလှည့်ပြီးသူခိုးကိုအသည်းအသန်ရှာနေ

ရန်ကုန်၊ ဒီဇင်ဘာ (၅)

လူငယ့်ခေတ်

မင်္ဂလာဒုံမြို့နယ်၊ ၂/ခ ရပ်ကွက်အတွင်း သူခိုးများသောင်းကြမ်းနေသဖြင့် သွားရောက်အသိပေးသည်ကို မသိဟန်ဆောင်ခဲ့သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ နေအိမ်အဖောက်ခံရပြီးနောက် ရပ်ကွက်အတွင်း ကင်းလှည့်ပြီး သူခိုးကိုအသည်းသန်ရှာနေကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူများထံမှ သိရသည်။

ထိုရပ်ကွက် အုပ်ချုပ်ရေးမှူး၏နေအိမ်မှာ နိုဝင်ဘာလ (၁၈) ရက်က အဖောက်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိသူခိုးကိုဖမ်းမမိသေးဟု ရပ်ကွပ်ဒေသခံများက ဆိုကြသည်။

“သူခိုးတွေသောင်းကြမ်းနေပါတယ်လို့ ရပ်ကွက်ကပြောတော့ အင်တင်တင်နဲ့ဘာမှမလုပ်ပေးဘူး။ သူ့အိမ်ပါ ဝင်အခိုးခံရမှ သူ့လူတွေနဲ့ကင်းတွေပတ်ပြီး သူခိုးရှာနေတာအခုထိပဲ” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အဖောက်ခံရချိန် ဖုန်းသုံးလုံးပါသွားကြောင်းသိရပြီး ရပ်ကွက်အတွင်းသတင်းမပေါက်ကြားအောင် ဖုံးဖိထားသည်ဟုလည်း ၎င်းတို့က ဆိုကြသည်။

ယင်းဖြစ်စဉ်မတိုင်ခင်က အဆိုပါရပ်ကွက်တွင် နေ့စဉ်ရက်ဆက် သူခိုးများသောင်းကြမ်းနေပြီး သွားရောက်တိုင်တန်းချိန်က အလေးနက်မထားခဲ့သဖြင့် ယခုအုပ်ချုပ်ရေးမှူး၏ နေအိမ်အဖောက်ခံရသည့်အပေါ် ရပ်ကွက်ဒေသခံများက အားရဝမ်းသာဖြစ်နေကြသည်ဟုလည်း ၎င်းတို့ကပြောသည်။

လက်ရှိအချိန်၌ ကင်းမကြာခဏလှည့်နေခြင်းကြောင့် ဖောက်ထွင်းခံရမှုများ အနည်းငယ်ငြိမ်သွားသည်ဟု လည်းသိရသည်။

( ရန်ကုန်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ/ ဓာတ်ပုံ – လူငယ့်ခေတ် )

Lungekhit