Local News

မုံ႐ြာၿမိဳ႕အဝင္က စစ္ေကာင္စီစစ္ေဆးေရးဂိတ္

စစ္တပ္ဂိတ္ကို ထပ္ၿပီးတိုက္ခိုက္ခံရရင္ အနီးကရပ္ကြက္ေတြကိုမီးရႈိ႕မယ္ဆိုလို႔ ေဒသခံေတြေ႐ြ႕ေျပာင္းေနရ

မုံ႐ြာ၊ ဒီဇင္ဘာလ ၆၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕အဝင္က စစ္ေကာင္စီစစ္ေဆးေရးဂိတ္ (ေရဦးဆန္ဆိုင္ဂိတ္) ကို PDF ေတြဘက္က ထပ္ၿပီးပစ္ခတ္တိုက္ခိုက္ရင္ အဲ့ဒီဂိတ္အနီးကရပ္ကြက္ေတြကို စစ္တပ္ကျပန္ၿပီးမီးရႈိ႕မယ္ဆိုတဲ့သတင္းေၾကာင့္ ေဒသခံေထာင္ေက်ာ္ ထြက္ေျပးေနရတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလ ၅ ရက္မေန႔ကမနက္ပိုင္းမွာ အဲ့ဒီဂိတ္ကို PDF ေတြဘက္က လာေရာက္ပစ္ၿပီးေနာက္ ဒီသတင္းထြက္ေပၚလာလို႔ ရပ္ကြက္ေနျပည္သူေတြဟာ ေနအိမ္ေတြ၊ ဆိုင္ေတြပိတ္ၿပီး ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းသြားၾကတယ္လို႔ ေဒသခံအမ်ိဳးသမီးတဦးက ေျပာပါတယ္။

“မေန႔က ဂိတ္ပစ္ခံရၿပီး ေန႔လည္ပိုင္းမွာ သတင္းထြက္လာတယ္။ သူတို႔ဂိတ္ကို လာထပ္ပစ္ရင္ အေရွ႕ကလာပစ္ရင္ အေနာက္ရပ္ကြက္ကို မီးရႈိ႕မယ္။ အေနာက္ကလာပစ္ရင္ အေရွ႕ရပ္ကြက္ကို မီးရႈိ႕မယ္ဆိုၿပီး သတင္းထြက္လာတာ။

ေကာလဟာလေတာ့မဟုတ္ဘူး။ သူတို႔တပ္မိသားစုေတြဆီက အသံထြက္လာတာ။ ၿပီးေတာ့ ပစ္ခတ္မႈျဖစ္ထားလို႔ ညဘက္ရပ္ကြက္ထဲဝင္ေမႊမယ္ဆိုတဲ့ အသံလည္းထြက္လာလို႔ ရပ္ကြက္ေနသူေတြက ေၾကာက္လန႔္ၿပီး ေျပးကုန္တာ”လို႔ ေျပာပါတယ္။

ရပ္ကြက္ေတြကို မီးရႈိ႕မယ္ဆိုတဲ့သတင္းေၾကာင့္ ေ႐ႊကုန္း၊ ၿမိဳ႕ဝင္၊ နတ္လူထိပ္ပန္၊ ေညာင္ပင္ေစာင့္ အပါအဝင္ရပ္ကြက္ ၄ ခုက ေဒသခံ ၁၀၀၀ ေက်ာ္ေ႐ႊ႕ေျပာင္းေနၾကတယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာလ ၆ ရက္ဒီကေန႔မနက္ပိုင္းမွာလည္း ေ႐ႊကုန္းနဲ႔ ၿမိဳ႕ဝင္ရပ္ကြက္ကေဒသခံေတြကို မနက္ ၁၀ နာရီေနာက္ဆုံးထားေျပာင္းေ႐ႊ႕ဖို႔ နဲ႔ မေ႐ႊ႕ရင္ မီးရႈိ႕မယ္ဆိုတဲ့ သတင္းထပ္ထြက္လာလို႔ ရပ္ကြက္ထဲမွာ လူေတာင္မရွိေတာ့ဘူးလို႔ သိရပါတယ္။

ဒီဇင္ဘာလ ၅ ရက္မေန႔က ျဖစ္ပြားခဲ့တဲ့ပစ္ခတ္မႈမွာေတာ့ စစ္ေကာင္စီဘက္က ၆ ဦးခန႔္ထိခိုက္ေသဆုံးတာရွိသလို PDF ဘက္ကလည္း ၁ ဦးက်ဆုံးၿပီး၊ စစ္ေကာင္စီဘက္ကပစ္ခတ္လို႔ ေဒသခံကေလး ၁ ဦးေသဆုံးကာ ၁ ဦးဒဏ္ရာ ရရွိခဲ့ပါေသးတယ္။

အဲဒီပစ္ခတ္မႈမွာ ေသဆုံးသြားတဲ့ PDF ရဲေဘာ္အေလာင္းကိုေတာ့ စစ္ေကာင္စီတပ္က သူတို႔တပ္စြဲရာဂိတ္ အေနာက္ဘက္ရွိသစ္ပင္မွာ ႀကိဳးနဲ႔ ေစာက္ထိုးဆြဲထားရွိထားတယ္လို႔ သိရပါတယ္။

သတင္း – ေက်ာ္ႀကီး၊ စာတည္း – လင္း

ေျမလတ္အသံ

စစ်တပ်ဂိတ်ကို ထပ်ပြီးတိုက်ခိုက်ခံရရင် အနီးကရပ်ကွက်တွေကိုမီးရှို့မယ်ဆိုလို့ ဒေသခံတွေရွေ့ပြောင်းနေရ

မုံရွာ၊ ဒီဇင်ဘာလ ၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် (ရေဦးဆန်ဆိုင်ဂိတ်) ကို PDF တွေဘက်က ထပ်ပြီးပစ်ခတ်တိုက်ခိုက်ရင် အဲ့ဒီဂိတ်အနီးကရပ်ကွက်တွေကို စစ်တပ်ကပြန်ပြီးမီးရှို့မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံထောင်ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်မနေ့ကမနက်ပိုင်းမှာ အဲ့ဒီဂိတ်ကို PDF တွေဘက်က လာရောက်ပစ်ပြီးနောက် ဒီသတင်းထွက်ပေါ်လာလို့ ရပ်ကွက်နေပြည်သူတွေဟာ နေအိမ်တွေ၊ ဆိုင်တွေပိတ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“မနေ့က ဂိတ်ပစ်ခံရပြီး နေ့လည်ပိုင်းမှာ သတင်းထွက်လာတယ်။ သူတို့ဂိတ်ကို လာထပ်ပစ်ရင် အရှေ့ကလာပစ်ရင် အနောက်ရပ်ကွက်ကို မီးရှို့မယ်။ အနောက်ကလာပစ်ရင် အရှေ့ရပ်ကွက်ကို မီးရှို့မယ်ဆိုပြီး သတင်းထွက်လာတာ။

ကောလဟာလတော့မဟုတ်ဘူး။ သူတို့တပ်မိသားစုတွေဆီက အသံထွက်လာတာ။ ပြီးတော့ ပစ်ခတ်မှုဖြစ်ထားလို့ ညဘက်ရပ်ကွက်ထဲဝင်မွှေမယ်ဆိုတဲ့ အသံလည်းထွက်လာလို့ ရပ်ကွက်နေသူတွေက ကြောက်လန့်ပြီး ပြေးကုန်တာ”လို့ ပြောပါတယ်။

ရပ်ကွက်တွေကို မီးရှို့မယ်ဆိုတဲ့သတင်းကြောင့် ရွှေကုန်း၊ မြို့ဝင်၊ နတ်လူထိပ်ပန်၊ ညောင်ပင်စောင့် အပါအဝင်ရပ်ကွက် ၄ ခုက ဒေသခံ ၁၀၀၀ ကျော်ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၆ ရက်ဒီကနေ့မနက်ပိုင်းမှာလည်း ရွှေကုန်းနဲ့ မြို့ဝင်ရပ်ကွက်ကဒေသခံတွေကို မနက် ၁၀ နာရီနောက်ဆုံးထားပြောင်းရွှေ့ဖို့ နဲ့ မရွှေ့ရင် မီးရှို့မယ်ဆိုတဲ့ သတင်းထပ်ထွက်လာလို့ ရပ်ကွက်ထဲမှာ လူတောင်မရှိတော့ဘူးလို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်မနေ့က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုမှာတော့ စစ်ကောင်စီဘက်က ၆ ဦးခန့်ထိခိုက်သေဆုံးတာရှိသလို PDF ဘက်ကလည်း ၁ ဦးကျဆုံးပြီး၊ စစ်ကောင်စီဘက်ကပစ်ခတ်လို့ ဒေသခံကလေး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

အဲဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ PDF ရဲဘော်အလောင်းကိုတော့ စစ်ကောင်စီတပ်က သူတို့တပ်စွဲရာဂိတ် အနောက်ဘက်ရှိသစ်ပင်မှာ ကြိုးနဲ့ စောက်ထိုးဆွဲထားရှိထားတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

မြေလတ်အသံ