Local News

ဘီယာဆိုင္ေရွ႕ ေသာ့ခတ္ထားတဲ့ မီးစက္ကို ကားနဲ႔ လာခိုး

ေလးေထာင့္ကန္လမ္းမွာ ဘီယာဆိုင္ေရွ႕က မီးစက္ျဖဳတ္ခိုးၿပီး အငွားကားနဲ႔ တင္သြား

မဲေခါင္၊ ဒီဇင္ဘာ ၆

ရန္ကုန္တိုင္း၊ သုမဂၤလာရပ္ကြက္၊ ေလးေထာင့္ကန္လမ္းေပၚမွာ ဖြင့္လွစ္ထားတဲ့ TAPROOM 254 ဘီယာဆိုင္က မီးစက္ကို အငွားကား တစ္စီးနဲ႔ လာေရာက္ ျဖဳတ္ခိုးမွု ျဖစ္ပြားခဲ့ပါတယ္။

ဒီဇင္ဘာ ၅ ရက္ေန႔ မနက္ ၄ နာရီ ဝန္းက်င္က အမ်ိဳးသား ၃ ဦးက မီးစက္ကို အငွားယာဥ္ေပၚသို့ တင္ေဆာင္ခိုးယူခဲ့ပုံမ်ားကို CCTV ကင္မရာမွာ ေတြ႕ရပါတယ္။

မီးပ်က္ခ်ိန္မွာ ဘီယာဆိုင္ အတြက္ အသုံးျပဳဖို့ ထားတဲ့ မီးစက္ ၂ လုံးကို ေသာ့ခတ္ထားေပမယ့္ ေသာ့ဖ်က္ ခိုးယူသြားတာ ျဖစ္တယ္လို့ ပတ္ဝန္းက်င္တြင္ ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။

“ေသာ့ကို ကတ္တာနဲ႔ျဖတ္ၿပီး သယ္သြားတာ။ ကားနဲ႔ဆို မီးစက္တစ္လုံးပဲ သယ္နိုင္လို့ တစ္လုံး က်န္ခဲ့တာ ေနမယ္။ သူတို့ ျပန္ေရာင္းစားလည္း သူခိုးေဈးပဲရမယ္။ သုံးေလးသိန္းထက္ ပိုမရပါဘူး။ ပိုင္ရွင္ကေတာ့ ျပန္ဝယ္ရင္ သိန္းဆယ္ခ်ီၿပီး ျပန္ကုန္မွာ။

သူခိုးေတြ လုယက္မွုေတြ ရန္ကုန္ၿမိဳ့မွာ အမ်ားႀကီး ျဖစ္ေနတာ။ ေထာင္က လႊတ္လိုက္ရင္လည္း သူခိုးေတြပဲ ပါလာတာ မ်ားတယ္” လို့ သူကေျပာပါတယ္။

အဲဒီ မီးစက္ေတြကို သံအိမ္ေဆာက္ၿပီး သံႀကိဳးတြဲ ေသာ့ခတ္ထားတဲ့ၾကားက သံႀကိဳးေတြျဖတ္ၿပီး ခိုးယူသြားတာပါ။

“ေခတ္ကာလကိုက သမာအာဇီဝနဲ႔ မလုပ္စားခ်င္တဲ့ အေခ်ာင္သမားေတြ အတြက္ ဥပေဒ ခ်ိဳးေဖာက္ဖို့ အေကာင္းဆုံး အခ်ိန္ျဖစ္ေနတာေပါ့” လို့ ဆိုင္ပိုင္ရွင္ျဖစ္သူက သူ႔ရဲ့ လူမွုကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ရန္ကုန္မွာ ေန႔စဥ္ ခိုးဆိုးလုယက္မွုေတြ အႏုၾကမ္းစီးမွုေတြ ဆက္တိုက္ ျဖစ္ေနေပမယ့္ တရားခံ ဖမ္းဆီးရရွိမွု နည္းပါးေနၿပီး ျပည္လူထုေတြရဲ့ ေန႔စဥ္ ဘဝေတြ လုံျခဳံမွု ကင္းမဲ့ေနပါတယ္။

MeKongNews

လေးထောင့်ကန်လမ်းမှာ ဘီယာဆိုင်ရှေ့က မီးစက်ဖြုတ်ခိုးပြီး အငှားကားနဲ့ တင်သွား

မဲခေါင်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ သုမင်္ဂလာရပ်ကွက်၊ လေးထောင့်ကန်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ TAPROOM 254 ဘီယာဆိုင်က မီးစက်ကို အငှားကား တစ်စီးနဲ့ လာရောက် ဖြုတ်ခိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်က အမျိုးသား ၃ ဦးက မီးစက်ကို အငှားယာဉ်ပေါ်သို့ တင်ဆောင်ခိုးယူခဲ့ပုံများကို CCTV ကင်မရာမှာ တွေ့ရပါတယ်။

မီးပျက်ချိန်မှာ ဘီယာဆိုင် အတွက် အသုံးပြုဖို့ ထားတဲ့ မီးစက် ၂ လုံးကို သော့ခတ်ထားပေမယ့် သော့ဖျက် ခိုးယူသွားတာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောပါတယ်။

“သော့ကို ကတ်တာနဲ့ဖြတ်ပြီး သယ်သွားတာ။ ကားနဲ့ဆို မီးစက်တစ်လုံးပဲ သယ်နိုင်လို့ တစ်လုံး ကျန်ခဲ့တာ နေမယ်။ သူတို့ ပြန်ရောင်းစားလည်း သူခိုးဈေးပဲရမယ်။ သုံးလေးသိန်းထက် ပိုမရပါဘူး။ ပိုင်ရှင်ကတော့ ပြန်ဝယ်ရင် သိန်းဆယ်ချီပြီး ပြန်ကုန်မှာ။

သူခိုးတွေ လုယက်မှုတွေ ရန်ကုန်မြို့မှာ အများကြီး ဖြစ်နေတာ။ ထောင်က လွှတ်လိုက်ရင်လည်း သူခိုးတွေပဲ ပါလာတာ များတယ်” လို့ သူကပြောပါတယ်။

အဲဒီ မီးစက်တွေကို သံအိမ်ဆောက်ပြီး သံကြိုးတွဲ သော့ခတ်ထားတဲ့ကြားက သံကြိုးတွေဖြတ်ပြီး ခိုးယူသွားတာပါ။

“ခေတ်ကာလကိုက သမာအာဇီဝနဲ့ မလုပ်စားချင်တဲ့ အချောင်သမားတွေ အတွက် ဥပဒေ ချိုးဖောက်ဖို့ အကောင်းဆုံး အချိန်ဖြစ်နေတာပေါ့” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရန်ကုန်မှာ နေ့စဉ် ခိုးဆိုးလုယက်မှုတွေ အနုကြမ်းစီးမှုတွေ ဆက်တိုက် ဖြစ်နေပေမယ့် တရားခံ ဖမ်းဆီးရရှိမှု နည်းပါးနေပြီး ပြည်လူထုတွေရဲ့ နေ့စဉ် ဘဝတွေ လုံခြုံမှု ကင်းမဲ့နေပါတယ်။

MeKongNews

ေလးေထာင့္ကန္လမ္းမွာ ဘီယာဆိုင္ေရွ႕က မီးစက္ျဖဳတ္ခိုးၿပီး အငွားကားနဲ႔ တင္သြား

မဲေခါင္၊ ဒီဇင္ဘာ ၆

ရန္ကုန္တိုင္း၊ သုမဂၤလာရပ္ကြက္၊ ေလးေထာင့္ကန္လမ္းေပၚမွာ ဖြင့္လွစ္ထားတဲ့ TAPROOM 254 ဘီယာဆိုင္က မီးစက္ကို အငွားကား တစ္စီးနဲ႔ လာေရာက္ ျဖဳတ္ခိုးမႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီဇင္ဘာ ၅ ရက္ေန႔ မနက္ ၄ နာရီ ဝန္းက်င္က အမ်ိဳးသား ၃ ဦးက မီးစက္ကို အငွားယာဥ္ေပၚသို႔ တင္ေဆာင္ခိုးယူခဲ့ပုံမ်ားကို CCTV ကင္မရာမွာ ေတြ႕ရပါတယ္။

မီးပ်က္ခ်ိန္မွာ ဘီယာဆိုင္ အတြက္ အသုံးျပဳဖို႔ ထားတဲ့ မီးစက္ ၂ လုံးကို ေသာ့ခတ္ထားေပမယ့္ ေသာ့ဖ်က္ ခိုးယူသြားတာ ျဖစ္တယ္လို႔ ပတ္ဝန္းက်င္တြင္ ေနထိုင္သူ တစ္ဦးက ေျပာပါတယ္။

“ေသာ့ကို ကတ္တာနဲ႔ျဖတ္ၿပီး သယ္သြားတာ။ ကားနဲ႔ဆို မီးစက္တစ္လုံးပဲ သယ္ႏိုင္လို႔ တစ္လုံး က်န္ခဲ့တာ ေနမယ္။ သူတို႔ ျပန္ေရာင္းစားလည္း သူခိုးေဈးပဲရမယ္။ သုံးေလးသိန္းထက္ ပိုမရပါဘူး။ ပိုင္ရွင္ကေတာ့ ျပန္ဝယ္ရင္ သိန္းဆယ္ခ်ီၿပီး ျပန္ကုန္မွာ။

သူခိုးေတြ လုယက္မႈေတြ ရန္ကုန္ၿမိဳ႕မွာ အမ်ားႀကီး ျဖစ္ေနတာ။ ေထာင္က လႊတ္လိုက္ရင္လည္း သူခိုးေတြပဲ ပါလာတာ မ်ားတယ္” လို႔ သူကေျပာပါတယ္။

အဲဒီ မီးစက္ေတြကို သံအိမ္ေဆာက္ၿပီး သံႀကိဳးတြဲ ေသာ့ခတ္ထားတဲ့ၾကားက သံႀကိဳးေတြျဖတ္ၿပီး ခိုးယူသြားတာပါ။

“ေခတ္ကာလကိုက သမာအာဇီဝနဲ႔ မလုပ္စားခ်င္တဲ့ အေခ်ာင္သမားေတြ အတြက္ ဥပေဒ ခ်ိဳးေဖာက္ဖို႔ အေကာင္းဆုံး အခ်ိန္ျဖစ္ေနတာေပါ့” လို႔ ဆိုင္ပိုင္ရွင္ျဖစ္သူက သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ရန္ကုန္မွာ ေန႔စဥ္ ခိုးဆိုးလုယက္မႈေတြ အႏုၾကမ္းစီးမႈေတြ ဆက္တိုက္ ျဖစ္ေနေပမယ့္ တရားခံ ဖမ္းဆီးရရွိမႈ နည္းပါးေနၿပီး ျပည္လူထုေတြရဲ႕ ေန႔စဥ္ ဘဝေတြ လုံၿခဳံမႈ ကင္းမဲ့ေနပါတယ္။

MeKongNews