Local News










Connect Burma

မုံရွာမြို့ဝင် စစ်ဆေးရေးဂိတ် အလစ်အငိုက် တိုက်ခိုက်ခံရပြီး ၈ဦးသေဆုံး၊ ရဲဘော်တစ်ဦးနဲ့ ပြည်သူနှစ်ဦးလည်း ကျဆုံး

Connect Burma| ဒီဇင်ဘာ ၆

မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်အနီးက အာဏာလု စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မုံရွာနယ်ပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်တိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ပြည်သူပိုင် ၃ ထပ်တိုက်အဆောက်အအုံကို အဓမ္မနေရာယူ နောက်ခံထားတဲ့နေရာဖြစ်ပြီး မနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီခန့်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

စစ်ဆေးရေးလုပ်နေတဲ့ စစ်သားနှစ်ဦး(မူရင်း စစ်ခွေး)၊ ဘန်ကာသဲအိတ်ထပ်ကာ ဝပ်ကျင်းထဲက ၅ဦး၊ ဝရံတာပေါ်က တစ်ဦး စုပေါင်း ၈ဦးသေဆုံးခဲ့တယ်လို့ Black Dragon Special Task Force-Monywa က ပြောပါတယ်။

စစ်ဆင်ရေးအတွင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။

စစ်ဆင်ရေးအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်လို့ အခြား အရပ်သား ပြည်သူ နှစ်ဦးကျဆုံးခဲ့ရတာကြောင့် ယခုဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း Black Dragon Special Task Force-Monywa က ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa၊ Golden Eagle Force-Monywa၊ Monywa Ranger Army၊ မိုင်းမင်းသား မြေအောက်ပျောက်ကြားတပ်ဖွဲ့နဲ သပြေညို ပျောက်ကြားတပ်ဖွဲ့ တို့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။