Local News

စစ္ျဖစ္မယ္ၾကားလို႔ ေလာက္ကိုင္က ျပည္သူေတြ ကားႀကီး ကားငယ္ေတြနဲ႔ ေ႐ႊ႕ေျပာင္း

MNDAA နဲ႔ အာဏာလု စစ္ေကာင္စီတပ္ေတြ စစ္ေၾကညာတယ္ဆိုလို႔ ေလာက္ကိုင္က ျပည္သူေတြ ကားႀကီး ကားငယ္ေတြနဲ႔ ေျပးၾကျပန္ၿပီ…႐ုပ္သံၾကည့္ရန္

Connect Burma | ဒီဇင္ဘာ ၆

ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ MNDAA နဲ႔ အာဏာလု စစ္ေကာင္စီတပ္ေတြ စစ္ျဖစ္မယ္ၾကားလို႔ ေလာက္ကိုင္ေဒသခံေတြ ကားႀကီး ကားငယ္ေတြနဲ႔ ေ႐ႊ႕ေျပာင္းေနၾကတယ္လို႔ ေဒသခံေတြ ႐ိုက္ကူးေဖာ္ျပတဲ့ ႐ုပ္သံနဲ႔ ဓာတ္ပုံေတြအရ သိရပါတယ္။

ေလာက္ကိုင္ၿမိဳ႕ဟာ MNDAA ရဲ႕ စစ္ေဒသလည္းပါဝင္သလို အာဏာလု စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ လက္ေအာက္ခံ ျပည္သူ႔စစ္တပ္ဖြဲ႕ေတြပါ ေျချခင္းလိမ္တဲ့ နယ္စပ္ၿမိဳ႕တစ္ခုျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကလည္း တိုက္ပြဲအႀကီးအက်ယ္ ျဖစ္ပြားခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္လို႔ MNDAA သတင္းထုတ္ျပန္ေရးျဖစ္တဲ့ ကိုးကန႔္သတင္းစဥ္ကေတာ့ ျပည္သူလူထုကို တစ္စုံတစ္ရာ ထုတ္ျပန္တာ အသိေပးတာ မေတြ႕ရေသးပါဘူး။

Video – CJ (မူရင္း႐ိုက္ကူးေဖာ္ျပသူ The in Min Tun Facebook အေကာင့္မွ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါတယ္)

သွ်မ္းျပည္ေျမာက္ပိုင္း ေလာက္ကိုင္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲျဖစ္ပြားမည့္ သတင္းေၾကာင့္ (Laukkai City) အနီးရွိ ကားကြင္းမွ လိုင္းကားမ်ား အလုအယက္ ငွားရမ္းၿပီး ကားမလုံေလာက္မႈ ျဖစ္ေနေၾကာင္း သတင္းသိရ သည္။

ယေန႔ ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ ေလာက္ကိုင္ၿမိဳ႕တြင္း တိုက္ပြဲျပင္းထန္လာႏိုင္မည့္ သတင္းေၾကာင့္ ေလာက္ကိုင္ ေရာက္ အလုပ္သမားမ်ားက ဇာတိေျမ အိမ္ျပန္ရန္အတြက္ (Laukkai City) အနီးရွိ ကားကြင္းမွ လိုင္းကားမ်ား ငွားမေလာက္ ျဖစ္ေနေၾကာင္း ေဒသခံ ကားသမား တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

“အလုပ္သမားေတြကေတာ့ စိုးရိမ္ၾကလို႔ အိမ္ျပန္ဖို႔ ျပင္ေနၾကၿပီ၊ ကားေတြကို အလုအယက္ငွားေနၾကလို႔ အဆင္း ကားက မေလာက္ေတာ့ဘူး၊ တိုက္ပြဲျဖစ္မယ္ဆိုလို႔ စိုးရိမ္မႈေတြက ျမင့္ေနၾကတယ္ေလ၊ ကားခ ကေတာ့ ပုံမွန္ျဖစ္ ေနတုန္းပါပဲ” ဟု ေဒသခံ ကားသမား တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၂၈ ႏွင့္ ၂၉ ႏွစ္ရက္တာအတြင္း ခ်င္းေ႐ႊေဟာ္ေဒသ နမ့္ဖာေတာင္ေဒသတြင္ စစ္ေကာင္စီ ႏွင့္ ကိုးကန႔္တပ္မေတာ္ (MNDAA) တို႔ တိုက္ပြဲအျပင္းထန္ျဖစ္ပြားခဲ့ၿပီး ထိုေလာက္ကိုင္ၿမိဳ႕ထဲအထိ တိုက္ပြဲျဖစ္လာႏိုင္ သည့္ သတင္းေၾကာင့္ တခ်ိဳ႕ ျပည္သူမ်ားက ေနရပ္ကို ႀကိဳတင္တိမ္းေရွာင္ထြက္ေျပး ေနလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕မွ ဇာတိေျမ ျပန္မည့္ အလုပ္သမားမ်ား မ်ားျပားေနသည့္အတြက္ ကားကြင္း မွ လိုင္းကားမ်ား ငွားမေလာက္သျဖင့္ ေလာက္ကိုင္ေဒသခံမွ အိမ္စီးကားမ်ားလည္း ဝင္ဆြဲေနေၾကာင္း သတင္းသိရသည္။

“အခုက ေလာက္ကိုင္ – ကြမ္လုံ ကားခကို ၆ ေသာင္းက်ပ္ ေပးေနရတယ္၊ အခုက ကားကြင္းမွာ ကားမေလာက္ဘူးဗ် အခုဆို ေလာက္ကိုင္က အိမ္စီးကားေတြပါ ကားခ ေကာင္းေကာင္းရေတာ့ ဝင္ဆြဲေနၾကတယ္ဗ်” ဟု ေလာက္ကိုင္ ၿမိဳ႕ မွ အသက္ ၃၀ ဝန္းက်င္ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

လက္ရွိ အိမ္ျပန္ရန္ ႀကိဳးစားေနၾကသည့္ ေလာက္ကိုင္ေရာက္ အလုပ္သမားမ်ားသည္ သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိး၊ သီေပါ၊ မူဆယ္၊ ေက်ာက္မဲ စသည့္ ေဒသခံမ်ား ႏွင့္ ေျမျပန္႔မွ ျပည္သူတခ်ိဳ႕ ျဖစ္ေၾကာင္း သတင္း သိရသည္။

ေလာက္ကိုင္ၿမိဳ႕နယ္ထဲတြင္ ေလာင္းကစားဝိုင္း အမ်ားအျပားရွိၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားက ေလာင္းကစားဝိုင္းမ်ား ႏွင့္ အြန္လိုင္းဂိမ္း၊ ဘာသာျပန္ အလုပ္အကိုင္မ်ား သြားေရာက္ လုပ္ကိုင္ၾကသည့္ ေနရာျဖစ္သည္။

MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ကြေညာတယ်ဆိုလို့ လောက်ကိုင်က ပြည်သူတွေ ကားကြီး ကားငယ်တွေနဲ့ ပြေးကြပြန်ပြီ…ရုပ်သံကြည့်ရန်

Connect Burma | ဒီဇင်ဘာ ၆

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA နဲ့ အာဏာလု စစ်ကောင်စီတပ်တွေ စစ်ဖြစ်မယ်ကြားလို့ လောက်ကိုင်ဒေသခံတွေ ကားကြီး ကားငယ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေ ရိုက်ကူးဖော်ပြတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

လောက်ကိုင်မြို့ဟာ MNDAA ရဲ့ စစ်ဒေသလည်းပါဝင်သလို အာဏာလု စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေပါ ခြေခြင်းလိမ်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ MNDAA သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ကိုးကန့်သတင်းစဉ်ကတော့ ပြည်သူလူထုကို တစ်စုံတစ်ရာ ထုတ်ပြန်တာ အသိပေးတာ မတွေ့ရသေးပါဘူး။

Video – CJ (မူရင်းရိုက်ကူးဖော်ပြသူ The in Min Tun Facebook အကောင့်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ငှားရမ်းပြီး ကားမလုံလောက်မှု ဖြစ်နေကြောင်း သတင်းသိရ သည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာနိုင်မည့် သတင်းကြောင့် လောက်ကိုင် ရောက် အလုပ်သမားများက ဇာတိမြေ အိမ်ပြန်ရန်အတွက် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ ငှားမလောက် ဖြစ်နေကြောင်း ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလုပ်သမားတွေကတော့ စိုးရိမ်ကြလို့ အိမ်ပြန်ဖို့ ပြင်နေကြပြီ၊ ကားတွေကို အလုအယက်ငှားနေကြလို့ အဆင်း ကားက မလောက်တော့ဘူး၊ တိုက်ပွဲဖြစ်မယ်ဆိုလို့ စိုးရိမ်မှုတွေက မြင့်နေကြတယ်လေ၊ ကားခ ကတော့ ပုံမှန်ဖြစ် နေတုန်းပါပဲ” ဟု ဒေသခံ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိုလောက်ကိုင်မြို့ထဲအထိ တိုက်ပွဲဖြစ်လာနိုင် သည့် သတင်းကြောင့် တချို့ ပြည်သူများက နေရပ်ကို ကြိုတင်တိမ်းရှောင်ထွက်ပြေး နေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လောက်ကိုင်မြို့မှ ဇာတိမြေ ပြန်မည့် အလုပ်သမားများ များပြားနေသည့်အတွက် ကားကွင်း မှ လိုင်းကားများ ငှားမလောက်သဖြင့် လောက်ကိုင်ဒေသခံမှ အိမ်စီးကားများလည်း ဝင်ဆွဲနေကြောင်း သတင်းသိရသည်။

“အခုက လောက်ကိုင် – ကွမ်လုံ ကားခကို ၆ သောင်းကျပ် ပေးနေရတယ်၊ အခုက ကားကွင်းမှာ ကားမလောက်ဘူးဗျ အခုဆို လောက်ကိုင်က အိမ်စီးကားတွေပါ ကားခ ကောင်းကောင်းရတော့ ဝင်ဆွဲနေကြတယ်ဗျ” ဟု လောက်ကိုင် မြို့ မှ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အိမ်ပြန်ရန် ကြိုးစားနေကြသည့် လောက်ကိုင်ရောက် အလုပ်သမားများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မူဆယ်၊ ကျောက်မဲ စသည့် ဒေသခံများ နှင့် မြေပြန့်မှ ပြည်သူတချို့ ဖြစ်ကြောင်း သတင်း သိရသည်။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်။