Local News

မုံ႐ြာၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္အား

မုံ႐ြာၿမိဳ႕အဝင္မွာ လက္နက္ျပ မိုက္ေၾကးခြဲ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို ဗုံးထုတိုက္ခိုက္၊

MFP ၊ ဒီဇင္ဘာ – ၇

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕အဝင္၊ ဘိုးဘြားရိပ္သာအနီး၊ မုံ႐ြာ – မႏၲေလး ကားလမ္းေပၚမွာ မူး႐ူးေသာက္စားၿပီး ခရီးသြား ျပည္သူကို လက္နက္ျပ မိုက္ေၾကးခြဲ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို မေန႔က ညေနပိုင္း ဒ႐ုန္းနဲ႔ ဗုံးထု တိုက္ခိုက္ခဲ့တယ္လို႔ KUG တပ္ရင္း GYZ က သတင္း ထုတ္ျပန္ပါတယ္။

ဒီဇင္ဘာ(၆)ရက္၊ ညေန(၄)နာရီခြဲက မုံ႐ြာၿမိဳ.၊ ဘိုးဘြားရိပ္သာအနီးမွာ အထိုင္ခ်တပ္စြဲေနၿပီး လမ္းေပၚတက္ကာ ျပည္သူကို လက္နက္ျပ မိုက္ေၾကးခြဲေနတဲ့ စစ္အုပ္စုကို KUG တပ္ရင္း GYZ ႏွင့္ GYZတပ္ခြဲ(၁)_ဗႏၶဳလႏွင့္အဖြဲ႕သားမ်ား ၊ Democratic Guerrilla Force(DGF) ႏွင့္ Urban Hunter Force (UHF) အဖြဲ႕ေတြ ပူးေပါင္းၿပီး ဗုံးထုတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ေဝဟင္မွ Drone ျဖင့္ မိုင္းခ်ရာတြင္ စကစ တစ္ဦး ေနရာတြင္ ခ်က္ခ်င္း ေသဆုံးခဲ့ၿပီး သုံးဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့သည္ဟု သိရသည္။ မိမိတို႔ဘက္မွ ရဲေဘာ္မ်ားမွာ ျပည္သူမ်ား ပို႔သေသာေမတၱာေၾကာင့္ အထိအခိုက္ မရွိ ျပန္လည္ ဆုတ္ခြာႏိုင္ခဲ့သည္” လို႔ KUG တပ္ရင္း GYZ က ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ မုံ႐ြာၿမိဳ႕အဝင္၊ ဘိုးဘြားရိပ္သာအနီးမွာ အထိုင္ခ်ေနၿပီး ခရီးသြားျပည္သူေတြကို ေန႔စဥ္ႏွင္အမွ် လက္နက္ျပ မိုက္ေၾကးခြဲ ေသာင္းက်န္းေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီဇင္ဘာ(၅)ရက္ မနက္ပိုင္းကလည္း မုံ႐ြာၿမိဳ႕အဝင္၊ ဘိုးဘြားရိပ္သာအနီး၊ မုံ႐ြာ – မႏၲ‌ေလး ကားလမ္းေပၚက ျပည္သူပိုင္ သုံးထပ္တိုက္ တစ္လုံးကို စီးနင္းကာ လက္နက္ကိုင္ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို Golden Eagle Force – Monywa V2၊ Black Dragon Special Task Force-Monywa ၊

Monywa Ranger Army၊ မိုင္းမင္းသား ေျမေအာက္ ေျပာက္က်ားတပ္ဖြဲ႕ႏွင့္ သေျပညိဳ ေျပာက္က်ားတပ္ဖြဲ႕ တို႔ ပူးေပါင္းၿပီး အလစ္အငိုက္ တိုက္ခိုက္ခဲ့ရာ စကစ ရွစ္ေယာက္ ေသၿပီး ျပည္သူ႔ရဲေဘည္တစ္ဦး က်ဆုံးခဲ့တယ္လို႔ Golden Eagle Force – Monywa က သတင္း ထုတ္ျပန္ထားပါတယ္။

တိုက္ခိုက္ခံရၿပီးေနာက္ စစ္အုပ္စုက လမ္းသြားလမ္းလာ ျပည္သူေတြႏွင့္ ရပ္ကြက္ေဒသခံေတြကို တေနကုန္ ရန္ျပဳ ပစ္ခတ္ ေသာင္းက်န္းလို႔ ျပည္သူ အမ်ိဳးသားႏွစ္ဦး ေသဆုံးကာ ျပည္သူ ေလးဦး ထက္မနည္း ဒဏ္ရာရၿပီး ရပ္ကြက္ကိုပါ မီးရႈိ႕မယ္လို႔ စစ္အုပ္စုက ဆက္လက္ ၿခိမ္းေျခာက္ ေသာင္းက်န္းေနတာေၾကာင့္ ေဒသခံ ျပည္သူေတြ ထြက္ေျပးေနရတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

မုံရွာမြို့အဝင်မှာ လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊

MFP ၊ ဒီဇင်ဘာ – ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ ဘိုးဘွားရိပ်သာအနီး၊ မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ မူးရူးသောက်စားပြီး ခရီးသွား ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်း ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ KUG တပ်ရင်း GYZ က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ(၆)ရက်၊ ညနေ(၄)နာရီခွဲက မုံရွာမြို.၊ ဘိုးဘွားရိပ်သာအနီးမှာ အထိုင်ချတပ်စွဲနေပြီး လမ်းပေါ်တက်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို KUG တပ်ရင်း GYZ နှင့် GYZတပ်ခွဲ(၁)_ဗန္ဓုလနှင့်အဖွဲ့သားများ ၊ Democratic Guerrilla Force(DGF) နှင့် Urban Hunter Force (UHF) အဖွဲ့တွေ ပူးပေါင်းပြီး ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဝေဟင်မှ Drone ဖြင့် မိုင်းချရာတွင် စကစ တစ်ဦး နေရာတွင် ချက်ချင်း သေဆုံးခဲ့ပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မိမိတို့ဘက်မှ ရဲဘော်များမှာ ပြည်သူများ ပို့သသောမေတ္တာကြောင့် အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” လို့ KUG တပ်ရင်း GYZ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အဝင်၊ ဘိုးဘွားရိပ်သာအနီးမှာ အထိုင်ချနေပြီး ခရီးသွားပြည်သူတွေကို နေ့စဉ်နှင်အမျှ လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာ(၅)ရက် မနက်ပိုင်းကလည်း မုံရွာမြို့အဝင်၊ ဘိုးဘွားရိပ်သာအနီး၊ မုံရွာ – မန္တ‌လေး ကားလမ်းပေါ်က ပြည်သူပိုင် သုံးထပ်တိုက် တစ်လုံးကို စီးနင်းကာ လက်နက်ကိုင် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို Golden Eagle Force – Monywa V2၊ Black Dragon Special Task Force-Monywa ၊

Monywa Ranger Army၊ မိုင်းမင်းသား မြေအောက် ပြောက်ကျားတပ်ဖွဲ့နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စကစ ရှစ်ယောက် သေပြီး ပြည်သူ့ရဲဘေည်တစ်ဦး ကျဆုံးခဲ့တယ်လို့ Golden Eagle Force – Monywa က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေနှင့် ရပ်ကွက်ဒေသခံတွေကို တနေကုန် ရန်ပြု ပစ်ခတ် သောင်းကျန်းလို့ ပြည်သူ အမျိုးသားနှစ်ဦး သေဆုံးကာ ပြည်သူ လေးဦး ထက်မနည်း ဒဏ်ရာရပြီး ရပ်ကွက်ကိုပါ မီးရှို့မယ်လို့ စစ်အုပ်စုက ဆက်လက် ခြိမ်းခြောက် သောင်းကျန်းနေတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။