Local News
ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်သင်္ချိုင်းက ဝင်လာမဆဲ တသဲသဲအရုပ်က အစွမ်းပြချက် ဂေါင်းကြီးတို့ရေ….ရုပ်သံကို ရှိုးလိုက်..
မတ္တရာတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၇
မန္တလေး၊ မတ္တရာမြို့နယ်တွင် စစ်ကား ၁ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မတ္တရာအခြေစိုက် နတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၅၄ မိနစ်တွင် တောင်ခေါင်းနှင့် ဇီးဖြူပင် အကြားဝင်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်ကား အကြီး ၁ စီးကို မတ္တရာအခြေစိုက် နတ်ဆိုး (မြေအောက် တော်လှန်ရေးအဖွဲ့)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” မနေ့က ဒီဇင်ဘာ ၆ ရက်နေ့ တုန်းက ကျွန်တော်တို့ နတ်ဆိုးအဖွဲ့ကနေ တောင်ခေါင်းနဲ့ ဇီးဖြူပင်ကြားကို ဝင်လာတဲ့ စစ်ကားအကြီးတစ်စီးကို ရွေ့လျားမိုင်းနှစ်လုံးနဲ့ဆွဲခဲ့ပါတယ်။ စစ်သား ၃ ဦးသေတယ်။
ဒဏ်ရာရတာတော့ တော်တော် များတယ်” ဟု မတ္တရာမြို့နယ် အခြေစိုက်နတ်ဆိုး (မြေအောက်တော်လှန်ရေးအဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။