Local News

စီစဥ္သူက ၿပဳံးေနရင္ သတိထားဆိုတဲ့ “ေဘာေက်ာ္ဟဲ”။

တမဟ-၅ ရဲ႕ နယ္ေျမအမ်ားစုက စကစ တပ္ ေျခမခ်ဖူးဘူး။ တပ္မဟာ-၅ ဂြင္မွာ ၾကင္စိုး တရက္တည္းမွာ “ေဆာင္တို” မိတယ္။ လယ္တိုး၊ ညာတခိုက်ိဳး၊ ေခါပုတ္ စခန္း ၃ ခု တၿပိဳင္နက္ က်။ အေကာင္ႀကီး တေကာင္ပါလို႔ အေလာင္းဆြဲထုတ္သြားၿပီး ရဟတ္ယာဥ္နဲ႔ လာ မ သြားတယ္တဲ့။

ဒီစခန္းေတြရဲ႕ ရိကၡာကို ကုန္းလမ္းက ပို႔လို႔ မရဘူး။ ထိုင္း ဖက္ကေန သံလြင္ျမစ္ကို ျဖတ္ပို႔ရတယ္။ တခါတေလမ်ား ထိုင္းက စိတ္မၾကည္လို႔ ေလွဆိပ္ေတြ ပိတ္လိုက္ရင္ စခန္း ၃ ခု ေရာေယာင္ၿပီး ပုန္းေၾကာင္ ကုန္ေရာ။

၅ ဂြင္က စစ္ပြဲသတင္းကို ပြဲၿပီး မီးေသ ျပာက်ဳံးၿပီးမွ ထုတ္ေလ့ရွိတယ္။ ခုကာလမွာ ၾကင္စိုးရဲ႕ ဘယ္စခန္း မဆို ဝင္တိုက္ရင္ က်ေနက်မို႔ သိပ္မထူးဆန္းေပမင့္ ဒီပြဲကေတာ့ နဲနဲ ဆန္းတယ္။ ဒ႐ုမ္း ဒါဇင္ခ်ီနဲ႔ Airdrop ဗုံး ၃ မ်ိဳးေလာက္ သုံးၿပီး၊ ရာခ်ီ က်ဲ။ စခန္းကုန္းေပၚက ေကာင္ေတြ ႏွာေခါင္းထယ္ထိုးၿပီး ဖ်င္ေတာင္ေနမွ လ်ပ္တျပက္ (တၿပိဳင္နက္) ဝင္သိမ္းသြားတာ။ ေခတ္သစ္ သတင္းမွာ KNLA၊ KNDO ပူးေပါင္းတပ္ေတြလို႔ ဆိုေဘမက္ NUG ရဲ႕ တပ္ေတြ၊ Commando ေတြပါ ဝင္ေဆာ္တာေတာ့ ေအာ္တိုသိ။

၅ ခ်ည့္သာေလာလို႔ မေမးေလနက္၊ ၄ ဂြင္မွာ ရွယ္ပလန္နဲ႔ ဝုန္းေနလို႔ ထားဝယ္ၿမိဳ႕ေပၚမွာေတာင္ ႏြား႐ိုင္းသြင္းခ်ိန္ ေက်ာ္ရင္ အျပင္မထြက္ၾကေတာ့ဘူးတဲ့။ ၾကင္စိုးရဲ႕ ေဇာက္တပ္က မထင္ရင္ မထင္သလို ပစ္လို႔တဲ့။ ၁ ဂြင္မွာ ၿငိမ္းသလားေတာ့ မေမးနဲ႔ ညဖက္ က်ိဳက္ထီး႐ိုးရင္ျပင္ေပၚမွာ ဘုရားဖူးရင္း လက္နက္ႀကီးသံ တစ္ခ်က္ ပုတီးတစ္လုံး ခ်ရင္ေတာင္ ကိုးနဝင္း မိုးမလင္းခင္ ျပတ္တယ္ ဆိုပဲ။

၆ မွာေတာ့ ေဇာက္တပ္က လည္တယ္။ ေၾကာက္ကန္ကန္ၿပီး ႐ြာေတြကို ၂၄ နာရီ ပါတ္လုံး ေလွ်ာက္ထုေနတယ္။ ေမာ္တာနဲ႔ေတာင္ မဟုတ္ေတာ့ဘူး။ ေဟာင္ဝစ္ဇာ နဲ႔။ သူတို႔မွာ အေပါမ်ားဆုံးက က်ည္၊ အရွားပါးဆုံးက သတၱိ။ ညအေမွာင္မွာ သရဲေၾကာက္လို႔ ေသးပန္းရင္း လမ္းေလွ်ာက္ေနတဲ့ ကေလးငယ္လိုပါပဲ။

ေသေဘာဘိုးစခန္းကလည္း ရသာရလိုက္တာ ေနရာယူထားတဲ့ေကာင္ေတြ ဖ်င္မခ်ရဲဘူးတဲ့။ မၾကာခင္ ေျပးရမွာ သိတာကိုး။ ၃ ထပ္ေကြ႕လည္း ခုခ်ိန္ထိ မျဖတ္ရဲဘူးတဲ့။ ျမဝတီ ေဝါေလလမ္းက သူတို႔ ငယ္ေၾကာက္လို ျဖစ္သြားၿပီ။

မၾကာခင္ MOD ရဲ႕ ေတာင္ပိုင္း စစ္ေဒသမွာ Raise of Cobra တို႔၊ Crouching Tiger တို႔၊ House of Dragon တို႔ ဇာတ္ကားေတြ ႐ိုက္ဦးမွာမို႔ ေစာင့္ၾကည့္ၾကေပဦး။

ဆို႔စ္ – က်ဴးလိေပါင္ သတင္းစဥ္ (ကရင္ေျမကို လာပါ့ .. တကယ္ေဆာ္တယ္ေနာ့ က႑)

စီစဉ်သူက ပြုံးနေရင် သတိထားဆိုတဲ့ “ဘောကျော်ဟဲ”။

တမဟ-၅ ရဲ့ နယ်မြေအများစုက စကစ တပ် ခြေမချဖူးဘူး။ တပ်မဟာ-၅ ဂွင်မှာ ကြင်စိုး တရက်တည်းမှာ “ဆောင်တို” မိတယ်။ လယ်တိုး၊ ညာတခိုကျိုး၊ ခေါပုတ် စခန်း ၃ ခု တပြိုင်နက် ကျ။ အကောင်ကြီး တကောင်ပါလို့ အလောင်းဆွဲထုတ်သွားပြီး ရဟတ်ယာဉ်နဲ့ လာ မ သွားတယ်တဲ့။

ဒီစခန်းတွေရဲ့ ရိက္ခာကို ကုန်းလမ်းက ပို့လို့ မရဘူး။ ထိုင်း ဖက်ကနေ သံလွင်မြစ်ကို ဖြတ်ပို့ရတယ်။ တခါတလေများ ထိုင်းက စိတ်မကြည်လို့ လှေဆိပ်တွေ ပိတ်လိုက်ရင် စခန်း ၃ ခု ရောယောင်ပြီး ပုန်းကြောင် ကုန်ရော။

၅ ဂွင်က စစ်ပွဲသတင်းကို ပွဲပြီး မီးသေ ပြာကျုံးပြီးမှ ထုတ်လေ့ရှိတယ်။ ခုကာလမှာ ကြင်စိုးရဲ့ ဘယ်စခန်း မဆို ဝင်တိုက်ရင် ကျနေကျမို့ သိပ်မထူးဆန်းပေမင့် ဒီပွဲကတော့ နဲနဲ ဆန်းတယ်။ ဒရုမ်း ဒါဇင်ချီနဲ့ Airdrop ဗုံး ၃ မျိုးလောက် သုံးပြီး၊ ရာချီ ကျဲ။ စခန်းကုန်းပေါ်က ကောင်တွေ နှာခေါင်းထယ်ထိုးပြီး ဖျင်တောင်နေမှ လျပ်တပြက် (တပြိုင်နက်) ဝင်သိမ်းသွားတာ။ ခေတ်သစ် သတင်းမှာ KNLA၊ KNDO ပူးပေါင်းတပ်တွေလို့ ဆိုဘေမက် NUG ရဲ့ တပ်တွေ၊ Commando တွေပါ ဝင်ဆော်တာတော့ အော်တိုသိ။

၅ ချည့်သာလောလို့ မမေးလေနက်၊ ၄ ဂွင်မှာ ရှယ်ပလန်နဲ့ ဝုန်းနေလို့ ထားဝယ်မြို့ပေါ်မှာတောင် နွားရိုင်းသွင်းချိန် ကျော်ရင် အပြင်မထွက်ကြတော့ဘူးတဲ့။ ကြင်စိုးရဲ့ ဇောက်တပ်က မထင်ရင် မထင်သလို ပစ်လို့တဲ့။ ၁ ဂွင်မှာ ငြိမ်းသလားတော့ မမေးနဲ့ ညဖက် ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ဘုရားဖူးရင်း လက်နက်ကြီးသံ တစ်ချက် ပုတီးတစ်လုံး ချရင်တောင် ကိုးနဝင်း မိုးမလင်းခင် ပြတ်တယ် ဆိုပဲ။

၆ မှာတော့ ဇောက်တပ်က လည်တယ်။ ကြောက်ကန်ကန်ပြီး ရွာတွေကို ၂၄ နာရီ ပါတ်လုံး လျှောက်ထုနေတယ်။ မော်တာနဲ့တောင် မဟုတ်တော့ဘူး။ ဟောင်ဝစ်ဇာ နဲ့။ သူတို့မှာ အပေါများဆုံးက ကျည်၊ အရှားပါးဆုံးက သတ္တိ။ ညအမှောင်မှာ သရဲကြောက်လို့ သေးပန်းရင်း လမ်းလျှောက်နေတဲ့ ကလေးငယ်လိုပါပဲ။

သေဘောဘိုးစခန်းကလည်း ရသာရလိုက်တာ နေရာယူထားတဲ့ကောင်တွေ ဖျင်မချရဲဘူးတဲ့။ မကြာခင် ပြေးရမှာ သိတာကိုး။ ၃ ထပ်ကွေ့လည်း ခုချိန်ထိ မဖြတ်ရဲဘူးတဲ့။ မြဝတီ ဝေါလေလမ်းက သူတို့ ငယ်ကြောက်လို ဖြစ်သွားပြီ။

မကြာခင် MOD ရဲ့ တောင်ပိုင်း စစ်ဒေသမှာ Raise of Cobra တို့၊ Crouching Tiger တို့၊ House of Dragon တို့ ဇာတ်ကားတွေ ရိုက်ဦးမှာမို့ စောင့်ကြည့်ကြပေဦး။

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ကရင်မြေကို လာပါ့ .. တကယ်ဆော်တယ်နော့ ကဏ္ဍ)